ညောင်ကျိုးရွာ၊ ညောင်ကျိုး

ဝီကီပီးဒီးယား မှ

ညောင်ကျိုးရွာ၊ ညောင်ကျိုး

ညောင်ကျိုးဒေသသည် ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၏ အရှေ့ဖက် ၁၄ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။

အင်္ဂပူမြို့နယ်ရှိ ဒေသကြီး လေးခုအနက် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်အကျဆုံးသော ဒေသတစ်ခုဖြစ်ပါသည်။

ဧရာဝတီမြစ်သည် ညောင်ကျိုးရွာ၏အထက်ဖက် နှစ်မိုင်လောက်အကွာတွင် ငဝန်မြစ်အား ခွာဖြာစီးဆင်းပြီး ပင်လယ်ထဲသို့စီးဝင်ကာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအား စတင်၍တည်ဆောက်ပါသည်။ ထို့ကြောင့် “ဧရာဝတီမြစ်ဝကျွန်းပေါ်အစ ညောင်ကျိုးက”ဟု ဆိုစမှတ်ရှိခဲ့သည်။

ရွာအများစုမှာ ဧရာဝတီမြစ် အနောက်ဖက်ကမ်းတွင်တည်ရှိပြီး တစ်ချို့ရွာများမှာ ဧရာဝတီမြစ်အတွင်းရှိ နူန်းတင်မြေနုကျွန်းများပေါ်တွင်တည်ရှိသည်။

ညောင်ကျိုးဒေသ၏ ထင်ရှားသောရွာများမှာ

(၁)       ညောင်ကျိုး

(၂)        ညောင်ပင်သာ

(၃)       ညောင်တုံးလဲ

(၄)       ညောင်ပင်ရွာ

(၅)       စစ်ကျွန်း

(၆)       လူတော်စု

(၇)       ပျိုးကုန်း

(၈)       အိုးကွဲ

(၉)       ပတုပ်

(၁၀)     ခွေးတောက်ချောင်း

(၁၁)     နံကပ်ကြီး

(၁၂)      ဓမ္မင်းကျွန်း

(၁၃)     သဓမ္မကျွန်း

(၁၄)     အင်းကောက်

(၁၅)     ချင်းကုန်း

(၁၆)     ဘုရားကျွန်း

(၁၇)     လကျာ်းကုန်း

(၁၈)     အမြိုင်း

(၁၉)     ဂျမ်းပြင်

(၂၀)      ဂျို့ကုန်း

(၂၁)     ပန်းထိုး

(၂၂)      ဓနော်

(၂၃)      ရှမ်းရွာ


ထင်ရှားသောနေရာများ

သာသနိက အဆောက်အအုံများအနက် ပုသိမ်ဘုရင် သမုဒ္ဒဃောသ၏မိဘုရား ဥမ္မာဒန္တီ တည်ထားခဲ့သော ကျိုက်သာသပြောင်စေတီသည် ညောင်ကျိုး နိ‌‌‌‌ဂြောဓရုံကျောင်းတိုက် သံသရာအေးစေတီဝင်းအတွင်းတွင် တည်ရှိသည်။


စီးပွားရေး

အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးကိုသာ အဓိကထား၍ လုပ်ကိုင်ကြပါသည်။ ‌ရေကာတာအတွင်း၌ စပါးစိုက်ပျိုး၍ ဆောင်းရာသီရေကျချိန်တွင် ဧရာဝတီမြစ်အတွင်းရှိ နူန်းတင်မြေနုကျွန်းများပေါ်တွင် ဆေးရွက်ကြီး၊ ပြောင်း၊ ဖရဲ၊ ငရုတ်နှင့် ပဲအမျိုးမျိုး စိုက်ပျိုးကြပါသည်။ ညောင်ကျိုးဒေသရှိ စစ်ကျွန်းရွာတွင် ဧရာဝတီမြစ်အတွင်းရှိ သဲများ ကျောက်များအား စုပ်ယူကာ မြစ်သဲကျောက် ရောင်းဝယ်ရေး၊ ကျောက်စည်းမျဉ်း (ကျောက်တိုင်၊ ကျောက်ဖိနပ်၊ ကျောက်ပြင်၊ ကျောက်ငရုတ်ဆုံ၊ ကျောက်စည်ပိုင်း) လုပ်ငန်း လုပ်ကိုင်ကြပါသည်။


လမ်းပန်းဆက်သွယ်ရေး

ဧရာဝတီနှင့်ငဝန်မြစ်ကြောင်းအားဖြင့် အရှေ့ဖက်ခြမ်းရှိ ရွာများနှင့် ဟင်္သာတမြို့သို့ မြစ်ရိုးတစ်လျှောက် စုန်ဆန်သွားလာနိုင်သည်။ အနောက်ဖက်ရှိ အင်္ဂပူမြို့သို့ ကားလမ်းပေါက်သော်လည်း မိုးရာသီ၌ လမ်းချော်ခြင်း၊ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့်အထဲ ကားလမ်းများပါသွားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ အထူးပင်ခက်ခဲလှပါသည်။


လမ်းပန်းကိစ္စ ခက်ခဲလှလည်း

အလှညောင်ကျိုး သူ့တန်ဖိုးကို

ရှေ့တိုးကြည့်မှ သိနိူင်မည်......

                                   ဆရာနု

(အထက-ညောင်ကျိုး အငြိမ်းစားဆရာကြီး)

ညောင်ကျိုး
ညောင်ကျိုး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ညောင်ကျိုး
ညောင်ကျိုး
ညောင်ကျိုး တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 17°51′18″N 95°25′35″E / 17.85512°N 95.42629°E / 17.85512; 95.42629
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်မြန်အောင်ခရိုင်
မြို့နယ်အင်္ဂပူမြို့နယ်
ကျေးရွာအုပ်စုညောင်ကျိုး[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011