မာတိကာသို့ ခုန်သွားရန်

ညီမင်းညို

ဝီကီပီးဒီးယား မှ
ညီမင်းညို
အမည်ရင်းသိန်းနိုင်
မွေးဖွားမန္တလေး
အလုပ်အကိုင်စာရေးဆရာ
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
မိဘဦးရန်နိုင် + ဒေါ်ခင်ထားရီ

‎စာရေးဆရာညီမင်းညို (၁၉၇၄ခုနှစ် ၊ ဧပြီ ၃၀) သည် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေး စာအုပ် များကိုရေးသားနေသော မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ဆရာညီမင်းညိုကို အဖ ဦးရန်နိုင်၊ အမိ ဒေါ်ခင်ထားရီ တို့မှ မန္တလေးမြို့၊ နန်းရှေ့ရပ်၌ မွေးဖွားခဲ့သည်။ နာမည်အရင်းမှာ သိန်းနိုင်ဖြစ်သည်။ ဆရာညီမင်းညိုသည် ၁၉၉၈ ခုနှစ် ဇွန်လ၊ မဟေသီမဂ္ဂဇင်းပါ ဝတ္ထုစာမှုဖြင့်စာပေနယ်သို့ စတင်ရောက်ရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ပျဉ်းမနား ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။[][]


‎ ‎ဆရာသည် ၂၀၁၈ ခုနှစ် ဧပြီလထုတ် ‌ခေတ်‌‌ရနံ့မဂ္ဂဇင်း တွင်ပါရှိသော သမိုင်းရဲ့ တရားခံများ ကဗျာ ဖြင့် ၂၀၁၈ ခုနှစ် မေလ ၂၆ ရက် တွင် ရွှေအမြုတေစာပေဆု အားဆရာ ညီမင်းညို အား မြှင့်ခဲ့ပါသည်။[][]

‎၂၀၁၇ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ စာပေဟောပြောပွဲကနေ အပြန် စစ်ကိုင်းမြို့နယ် ကျောက်ဆည်ရွာထိပ်နားတွင် စာရေးဆရာညီမင်ညို  စီးနင်းလိုက်ပါလာသော ကားကိုလူနှစ်ယောက်က ခဲနဲ့ပစ်ပေါက်တာကြောင့် မှန်ကွဲပြီး ဆရာညီမင်းညိုရဲ့ မျက်လုံးအောက်ကို ထိမှန်ခဲ့ပြီးဒဏ်ရာ ရရှိခဲ့သည်။[]

စာရေးဆရာညီမင်းညိုရေးသား ထုတ်ဝေခဲ့သောစာအုပ်များ

[ပြင်ဆင်ရန်]
  • ဂမ္ဘီရ ဂမုန်းနက် ဝေသာလီ မိုးကြိုး‎(၂၀၀၆-၂၀၁၃ မဂ္ဂဇင်း ဝတ္ထုတိုများ စုစည်းမှု)
  • ဂြိုဟ်ဆိုး (ဝတ္ထုတို) -၂၀၀၈ခုနှစ်
  • အဂ္ဂဒက် -၂၀၁၀ ၊ဩဂုတ်လ
  • အနုပညာတန်းလျား - ၂၀၁၄ခုနှစ် ၊အောက်တိုဘာ
  • လက်နက်ကိုင်ပြီး အရသာခံတတ်တဲ့သူတွေ ကမ္ဘာပေါ်မှာ နည်းနိုင်သမျှ နည်းပါစေ - ၂၀၁၉
  • (အက်ဆေးစုစည်းမှု) ၊ ၂၀၁၇ ၊ နိုဝင်ဘာလ []
  • တိုင်းပြည်ရှင်ပြုချိန် - ၂၀၁၉ခုနှစ်၊ ဇူလိုင်
  • အနာဂတ်နိုင်တော်  လုံးချင်းဝတ္ထုသစ် -  ၂၀၂၀ ၊ ဇူလိုင်လ []
  • ဟေး စာချစ် ဟိုးမှာ နှင်းတွေ - ၂၀၂၂ခုနှစ် []

ကိုးကား

[ပြင်ဆင်ရန်]
  1. စာရေးဆရာညီမင်းညို၊ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်‌ အထိမ်းအမှတ်ဟောပြောပွဲ၊ ဩစတြေးလျနိုင်ငံ၊၂၀၁၅ခုနှစ် ။
  2. ညီမင်းညိုအရူးအက်ဆေး (အက်ဆေးစုစည်းမှု)စာအုပ်၊စက်တင်ဘာလ၊ ၂၀၁၄ခုနှစ် ။
  3. ခေတ်ရနံ့မဂ္ဂဇင်း ၊သမိုင်းရဲ့တရားခံများ ကဗျာ ၊စာမျက်နှာ ၈၇၊ ၂၀၁၈ ဧပြီလ ။
  4. တေရသမအကြိမ်မြောက် ရွှေအမြုတေစာပေဆုရွှေအမြူတေ စာပေဆုပေးပွဲအခမ်းအနားမှတ်တမ်း၊၂၀၁၈ခုနှစ်၊ မေ ၂၆
  5. "စာရေးဆရာ ညီမင်းညို ကားကို ခဲနဲ့ပစ်ပေါက်"၊ RFA၊ ၇ အောက်တိုဘာ ၂၀၁၇။
  6. ညီမင်းညိုအရူးအက်ဆေး (အက်ဆေးစုစည်းမှု)၊ တတိယအကြိမ်၊ ရှင်မတောင်စာပေ၊ ရန်ကုန်၊ ၂၀၁၇။
  7. ညီမင်းညိုအနာဂတ်နိုင်တော်  လုံးချင်းဝတ္ထုသစ်၊ စိတ်ကူးသစ်စာပေ၊ ဇူလိုင်၊ ၂၀၂၀။
  8. ညီမင်းညိုဟေး စာချစ် ဟိုးမှာ နှင်းတွေ၊ ဒုတိယအကြိမ်၊ ဇလပ်နီစာပေ၊ ရန်ကုန်၊ ၂၀၂၂။