ဉာဏသညိက၊ သေရေယျဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ဉာဏသညိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ထိုအချိန်အခါတွင် အရှင်ဉာဏသညိကထေရ် သည် ဟိမဝန္တာတောင်ကြား၌ နေထိုင်၏။ အရှင်ဉာဏသညိကထေရ် သည် တင့်တယ်သော သဲကို မြင်ရကာ မြတ်စွာဘုရားအား အစဉ်အောက်မေ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး ဘုရားဟူသည့် အမှတ်သညာကို ရခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခုနစ်ဆယ်ထက်တွင် “ပုလိပုပ္ဖိယ” အမည်ဖြင့် စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဉာဏသညိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သေရေယျဝဂ်၊ ဉာဏသညိကတ္ထေရအပဒါန်