ဇွဲသန်လျှင်နိဗ္ဗာန်မြန်း

ဝီကီပီးဒီးယား မှ

ဇွဲသန်လျှင်နိဗ္ဗာန်မြန်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

စံကျောင်းဆရာတော်တို့က ရုပ်သေးမခံအပ်ဟု ဟောသည်ကို ပြန်လည်ချေပကာ ရေးဖွဲ့ထားသည်။

ဇွဲသန်လျှင်နိဗ္ဗာန်မြန်း[ပြင်ဆင်ရန်]

ဒုစရိုက်ကယ်နှင့်၊ သုစရိုက်နှစ်ထွေရှုပ်လို့မို့၊ လောကုတ်ကိုမမှီ၍၊ လောကီမှာ ရွှင်ပျော်ပါးကြတယ်၊ များနိုင်သမျှသတ္တဝါ။

ဤသဗ္ဗကာရံမှာ၊ ဝါဏိဇ္ဇံမရှုပ်ထွေးရအောင်၊ ရုပ်သေးမခံကောင်းသည်ဟု၊ စံကျောင်းတော်ဆရာများက၊ တရားသွန်သင်လို့ ဟောခဲ့တယ်၊ သဘောဉာဏ် အယူလွဲကာဖြင့်၊ ငရဲရွာအပါယ်သို့ထိသတဲ့၊ ကျမ်းဘိဓမ္မာ။

ပဉ္စသီကာရာနှင့်၊ ဝါစကာ အမှန်လိုက်လို့မို့၊ ပွဲတော်ျလာပျိုအိုတို့၊ ငါတို့ကိုယ်ဟာ ထိုအရုပ်ကဲ့သို့၊ အပုပ်နော် ငါ့ကိုယ်ထဲမှာလ၊ ဆင်းရဲခေါ် ဒုက္ခတုံးပါကလား၊ အသုံးနော် ဘာမကျချေဘု၊ အနိစ္စကာယံနှင့်၊ အနတ္တံ မြတ်ကမ္မဋ္ဌာန်းကိုလ၊ ဇွဲသန်လျှင်နိဗ္ဗာန်သို့ မြန်းရပါလိမ့်၊ လက်တန်းဉာဏ် ဆရာလှရယ်က၊ ဋ္ဌကထာညဝါကျသူမို့၊ ယမိုက်ဆောင် ဆိုက်အောင်ပြခဲ့မယ်၊ ပွဲမျှပဋ္ဌာန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။