ဇွန်မိုးအောင် (ဘောလုံးသမား)

ဝီကီပီးဒီးယား မှ
ဇွန်မိုးအောင်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ဇွန်မိုးအောင်
မွေးသက္ကရာဇ် (1993-07-08) ၈ ဇူလိုင်၊ ၁၉၉၃ (အသက် ၃၀)
မွေးရပ်ဇာတိ ရန်ကုန်မြို့မြန်မာနိုင်ငံ
အရပ်အမြင့် ၁.၆၂ m (၅ ft ၄ in)
ကစားသည့်နေရာ ခံစစ်
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရန်ကုန်ယူနိုက်တက်
အင်္ကျီနံပါတ် ၁၁
လူငယ်ဘဝကလပ်များ
၂၀၀၉–၂၀၁၃ Yangon United Youth Team
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၄– ရန်ကုန်ယူနိုက်တက်
၂၀၁၅ (အငှား) ဇွဲကပင်ယူနိုက်တက်
၂၀၁၅–လက်ရှိ ရန်ကုန်ယူနိုက်တက် ၁၀ (၃)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၅– မြန်မာ ယူ-၂၂
၂၀၁၅– မြန်မာ ယူ-၂၃

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၁၉ ဖေဖော်ဝါရီ ၂၀၁၇အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ၉ ဇူလိုင် ၂၀၁၆ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ဇွန်မိုးအောင်(၈ ရက် ဇူလိုင်လ ၁၉၉၃ ခုနှစ်ဖွား)သည် မြန်မာနိုင်ငံသား ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး ဘယ်တောင်ပံနေရာမှ မြန်မာ ယူ-၂၃ အသင်းနှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတို့တွင် ကစားလျက်ရှိသည်။ သူသည် ရန်ကုန်မြို့ဇာတိဖြစ်သည်။

ဘောလုံးသမားဘဝအစ[ပြင်ဆင်ရန်]

ဇွန်မိုးအောင်အား ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ငယ်စဉ်ကတည်းကပင် အထက်တန်းကျောင်း အားကစားပြိုင်ပွဲများအတွက် ရွေးချယ်ခြင်းခံခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် လူငယ်အသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် မြန်မာအမျိုးသားဘောလုံးအသင်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်ချင်ခဲ့သူဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဇွဲကပင်ယူနိုက်တက် ဘောလုံးအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွေ့သွားခဲ့သည်။ သူ၏ အံဩဖွယ်ကောင်းသော ဘောလုံးစွမ်းရည်ကို ဇွဲကပင်ယူနိုက်တက် အသင်း၌ ပြသနိုင်ခဲ့ပြီး ထိုအသင်းတွင် ၃ နှစ်မျှ ကစားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းသို့ ပြန်လည်ပြောင်းရွေ့ခဲ့ပြီး ရာဇာဝင်းသိန်း အနားယူခဲ့သောကြောင့် ပဏာမလူစာရင်းတွင် အမြဲလိုလိုပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်တွင် ကစားခဲ့ပြီး ပထမဆုံးအကြိမ် ချန်ပီယံဆုကို ယူနိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]