ဇော်ဝင်းလေး

ဝီကီပီးဒီးယား မှ
(ဇော်ဝင်းလေး၊ ကို မှ ပြန်ညွှန်းထားသည်)
ဇော်ဝင်းလေး
အမည်ဇော်ဝင်းလေး
နိုင်ငံမြန်မာနိုင်ငံ
မွေးဖွား(1963-10-22)၂၂ အောက်တိုဘာ၊ ၁၉၆၃[၁]
မြန်မာသက္ကရာဇ် ၁၃၂၅၊ တန်ဆောင်မုန်းလဆန်း ၆ ရက်
ပခုက္ကူမြို့မကွေးတိုင်း
ကွယ်လွန်၃ အောက်တိုဘာ၊ ၂၀၁၄(2014-10-03) (အသက် ၅၀)[၁]
မန္တလေးမြို့
TitleGrandmaster (၂၀၀၀)
Peak rating၂၆၃၃ (ဇန်နဝါရီ ၂၀၀၀)[၂]

ဇော်ဝင်းလေးသည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော စစ်တုရင် Grandmaster ဖြစ်သည်။ မြန်မာပြည် တံခွန်စိုက်ချန်ပီယံဆုကို ၁၉၉၀၊ ၁၉၉၅၊ ၁၉၉၆ နှင့် ၂၀၀၇ ခုနှစ်တို့တွင် လေးကြိမ် ရရှိခဲ့သည်။ ကမ္ဘာ့စစ်တုရင်ချန်ပီယံ ကားပေါ့ ကိုသရေရအောင် ကစားနိုင်ခဲ့သူ ဖြစ်သည်။

၁၉၆၃ ခုနှစ် အောက်တိုဘာ လ(၂၂)ရက် တွင် ပခုက္ကူမြို့၌အဖ ဦးသိန်းတန်အမိဒေါ်ခင်ဦးတို့မှ မွေးဖွားခဲ့သည်။ အသက် (၁၀) နှစ်အရွယ်မှ စတင်၍ စစ်တုရင်ကစားခဲ့သည့် ဇော်ဝင်းလေးသည် ၁၉၈၈ ခုနှစ် တွင် လက်ရွေးစင်စစ်တုရင်ကစား သမားအဖြစ် စတင်ခဲ့ပြီးနောက် မြန်မာပြည် ချန်ပီယံလေးကြိမ် ရရှိခဲ့သည်။ နိုင်ငံတကာ ပြိုင်ပွဲ ၁၃ ခုခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာ ဆုတံဆိပ် စုစုပေါင်းဆယ်ခုခန့် ရရှိခဲ့ သူဖြစ်သည်။

၁၉၈၄ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ B.A. (English) ဘွဲ့ရရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်မှ ချီးမြှင့်သည့် အမြင့်ဆုံး ဂရင်းမာစတာဘွဲ့ကို ရရှိခဲ့သည်။ ၎င်း၏ နိုင်ငံတကာ ပြိုင်ပွဲ များအနက် ၂၀၀၀ ပြည့်နှစ်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပခဲ့သည့် JAPFA Classic International Chess Tournament 2000 ပြိုင်ပွဲ၌ ရုရှားနိုင်ငံမှ ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း အနာတိုလီ ကားပေါ့နှင့် သရေကျခဲ့သည့် ပွဲစဉ်မှာ ထင်ရှားခဲ့သည်။

Anatoly Karpov နှင့် ကိုဇော်ဝင်းလေးတို့ သရေကျခဲ့သည်ပွဲ၏ ရွှေ့ကွက်မှတ်တမ်း

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်နှင်းနှင့် သမီး ၂ ဦးကျန်ရစ်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှ စပြီး GM ဇော်ဝင်းလေး အမှတ်တရ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ ကို မန္တလေးမြို့တွင် နှစ်စဉ် ကျင်းပခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Zaw Win Lay။ 2020-04-04 တွင် ပြန်စစ်ပြီး။
  2. Zaw Win Lay။ Chess DB။ 10 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-04-04 တွင် ပြန်စစ်ပြီး။