ဇော်လွင်ဦး(ဟင်္သာတ)
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
| ဇော်လွင်ဦး (ဟင်္သာတ) | |
|---|---|
| မွေးဖွား | နိုဝင်ဘာ ၁၇၊ ၁၉၆၄ ဟင်္သာတမြို့၊ ဧရာဝတီတိုင်း |
| မိခင်ကျောင်း | ပုသိမ်ဒီဂရီကောလိပ် |
| ရရှိသည့်ဆုများ | စာပေဗိမာန်စာမူဆု |
ဇော်လွင်ဦး(ဟင်္သာတ)ကို အဘ ဦးဝင်းကြည်၊ အမိဒေါ်ရီရီတို့က ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဟင်္သာတမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် အကြီးဆုံးဖြစ်သည်။
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]၁၉၈၂ ခုနှစ်တွင် အခြေခံပညာအဆင့်မြင့်တန်းအောင်မြင်ခဲ့ပြီး ဟင်္သာတကောလိပ်၌ မြန်မာစာ အထူးပြုဖြင့် စတင်တက်ရောက်ခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပုသိမ်ဒီဂရီကောလိပ်မှ ဝိဇ္ဇာဘွဲ့(မြန်မာစာ)ရရှိခဲ့သည်။
၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် မဟာဝိဇ္ဇာအရည်အချင်းစစ်အပိုင်း(၁)၊ အပိုင်း(၂) နှင့် နောက်ဆုံးနှစ်သင်တန်းများတက်ရောက်ခဲ့သည်။
အလုပ်တာဝန်
[ပြင်ဆင်ရန်]၁၉၈၉ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ဟင်္သာတမြို့နယ်၊ တာငုတ်ကျေးရွာမူလတန်းကျောင်းတွင် မူလတန်းပြ၊ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်တာဝန်များထမ်းဆောင်ခဲ့သည်။
ရရှိခဲ့သောစာပေဆုများ
[ပြင်ဆင်ရန်]မြန်မာတစ်နိုင်ငံလုံးအဆင့်စာပေဆုကို ၁၉၈၈ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ကဗျာ ဒုတိယဆုဖြင့် စတင်ရရှိခဲ့သည်။
၁၉၉၃ ခုနှစ်၊ ဇွန်လထုတ် ရွှေသွေးဂျာနယ် အတွဲ ၂၅၊ အမှတ် ၂၃ တွင် နေရာမှန် အမည်ရှိစာမူကို ပထမဆုံးပုံနှိပ်ဖော်ပြခံခဲ့ရသည်။
စာပေဗိမာန်စာမူဆုပြိုင်ပွဲများတွင် ဆုပေါင်း ၁၂ ဆုရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲ တွင် တစ်နှစ်တည်း ဆုသုံးဆု ရရှိခဲ့ခြင်းမှာ စာပေဗိမာန်စာမူဆုသမိုင်းတွင် ပထမဆုံးဖြစ်သည်။
| ၂၀၁၁ | ခယောင်းမြေမှာပန်းဝေဖြာစေ | စာပဒေသာ | ပထမဆု |
| ၂၀၁၄ | ကွယ်ပျောက်လုဆဲ ယင်းတလဲ | သုတပဒေသာ(ဝိဇ္ဇာ) | ဒုတိယဆု |
| ၂၀၁၅ | အရာတော်ကမ်းကလွမ်းမပြေ | ဝတ္ထုရှည် | တတိယဆု |
| ကန္ဒရဝတီ ငွေတောင်ပြည်သို့ | စာပဒေသာ | ဒုတိယဆု | |
| မင်းလမ်းဓား | သုတပဒေသာ(ဝိဇ္ဇာ) | ဒုတိယဆု | |
| ၂၀၁၆ | တစ်ချိန်တစ်ခါဆီက စံပြကြက်ခြေနီ | စာပဒေသာ | တတိယဆု |
| ယင်းနက် | မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာ | ပထမဆု | |
| ၂၀၁၇ | ရပ်စောက်သမိုင်း ရပ်စောက်မှတ်တမ်း | သုတပဒေသာ(ဝိဇ္ဇာ) | ဒုတိယဆု |
| ၂၀၁၈ | ထနော့ | မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာ | ဒုတိယဆု |
| ပိုးဇာပုံနှိပ်လုပ်ငန်းအသက်မွေးဝမ်းကျောင်း အတတ်ပညာ | သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံ) | ပထမဆု | |
| ၂၀၂၀ | သားရေခွာရုပ်လုံးသွင်းအတတ်ပညာမိတ်ဆက် | သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံ) | တတိယဆု |
| ၂၀၂၁ | မင်းပူးဆရာတော်ဦးဩဘာသ၏ ဝေဿန္တရာဇာတ်တော်ကြီးလာ အပင်များ | သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံ) | ပထမဆု |
၂၀၁၃ ခုနှစ် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် မဗေဒါနှင့်မိတ်ဆွေများစာမူဖြင့် ကျမ်းစာပေဒုတိယဆု
၂၀၁၈ ခုနှစ်တွင် ယင်းကျား စာအုပ်ဖြင့် ဆရာဝန်တင်ရွှေ စာပေဆု
၂၀၂၂ ခုနှစ်အဋ္ဌမအကြိမ်တန်းခိုးဆရာထွန်းစာပေဆုပြိုင်ပွဲတွင် ရခိုင်ပြည်တလွှားခရီးသွားဒိုင်ယာရီ စာမူဖြင့် ဆောင်းပါးဆု
၂၀၂၃ ခုနှစ်န၀မအကြိမ်တန်းခိုးဆရာထွန်းစာပေဆုပြိုင်ပွဲတွင် ရခိုင်ရိုးရာပုံပြင်များမှ ကလေးသူငယ် အကျိုးပြု အနှစ်သာရများ စာမူဖြင့် ဆောင်းပါးဆု
၂၀၂၃ ခုနှစ်အတွက် ငွေတာရီမဂ္ဂဇင်း တစ်နှစ်တာအကောင်းဆုံးဝတ္ထုရှည်ဆု
၂၀၂၅ ခုနှစ် ပထမအကြိမ် တောင်ကလေးအဲးခိုးစာမူဆုပြိုင်ပွဲတွင် စာပဒေသာ ပထမဆုတို့ကို ရရှိခဲ့သည်။
တစ်နိုင်ငံလုံးအဆင့်စာပေပြိုင်ပွဲများတွင် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးဆုပေါင်း ၅၅ ဆုရရှိထားသည်။
ဇော်လွင်ဦး(ဟင်္သာတ)၊ ကိုတူး(သာယာမြိုင်)၊ နီတာ့ကို ကလောင်အမည်များဖြင့် စာနယ်ဇင်းများတွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသားလျက်ရှိပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အသင်းဝင်ဖြစ်သည်။
ရေးသားထုတ်ဝေပြီးစာအုပ်များ
[ပြင်ဆင်ရန်]စာအုပ်ပေါင်း ၁၅ အုပ် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။
- ခယောင်းမြေမှာပန်းဝေဖြာစေ (၂၀၁၄)
- မဗေဒါနှင့်မိတ်ဆွေများ (၂၀၁၄)
- ကွယ်ပျောက်လုဆဲ ယင်းတလဲ (၂၀၁၇)
- ယင်းကျား (၂၀၁၇)
- အရာတော်ကမ်းကလွမ်းမပြေ ( ၂၀၁၈)
- ကန္ဒရဝတီ ငွေတောင်ပြည်သို့ (၂၀၁၈)
- မင်းလမ်းဓား (၂၀၁၈)
- ယင်းနက် (၂၀၁၈)
- စွဲထင်ရစ်ကျန် ရင်ထဲကပုဂံ (၂၀၁၉)
- ရပ်စောက်သမိုင်း ရပ်စောက်မှတ်တမ်း (၂၀၁၉)
- တစ်ချိန်တစ်ခါဆီက စံပြကြက်ခြေနီ (၂၀၂၀)
- ပိုးဇာပုံနှိပ်လုပ်ငန်းအသက်မွေးဝမ်းကျောင်းလုပ်ငန်းအတတ်ပညာ (၂၀၂၀)
- ထနော့ (၂၀၂၁)
- သားရေခွာရုပ်လုံးသွင်းအတတ်ပညာမိတ်ဆက် (၂၀၂၂)
- မင်းပူးဆရာတော်ဦးဩဘာသ၏ ဝေဿန္တရာဇာတ်တော်ကြီးလာ အပင်များ (၂၀၂၃)
မိသားစု
[ပြင်ဆင်ရန်]၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ဒေါ်စမ်းစမ်းအေး(B.Ag) နှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး ထွန်းကားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]၁။ ၁၄.၁၂.၂၀၁၂ မြန်မာ့အလင်းသတင်းစာ။ ၂။ ၁၃.၁၂.၂၀၁၅ မြန်မာ့အလင်းသတင်းစာ။ ၃။ ၁၂.၁၁.၂၀၁၆ မြန်မာ့အလင်းသတင်းစာ။ ၄။ ၂၀.၁၁.၂၀၁၇ မြန်မာ့အလင်းသတင်းစာ။ ၅။ ၂၄.၁၁.၂၀၁၈ မြန်မာ့အလင်းသတင်းစာ။ ၆။ ၂၈.၁၁.၂၀၁၉ မြန်မာ့အလင်းသတင်းစာ။ ၇။ ၅.၁၂.၂၀၂၁ မြန်မာ့အလင်းသတင်းစာ။ ၈။ ၂၃.၁၁.၂၀၂၂ မြန်မာ့အလင်းသတင်းစာ။