ဇော်မင်းထွန်း
ဇော်မင်းထွန်း | |
|---|---|
၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရှိရသော ဗိုလ်မှူးချုပ် ဇော်မင်းထွန်း | |
| မြန်မာနိုင်ငံပြန်ကြားရေးဌာန ဒုတိယဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၇ ဖေဖော်ဝါရီ ၂၀၂၁ | |
| သမ္မတ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (တာဝန်ထမ်း) ဦးမြင့်ဆွေ |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်ကြီး ညိုစော ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် |
| လက်ထောက် | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
| ယခင်လူ | အောင်လှထွန်း |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းအဖွဲ့ခေါင်းဆောင် | |
| တာဝန်သက်တမ်း ၅ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇူလိုင် ၂၀၂၅[၃] | |
| ခေါင်းဆောင် | ဗိုဘ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ရာထူးတည်ထောင်ခြင်း |
| တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၅ ဖေဖော်ဝါရီ ၂၀၂၁ – ၂၀၂၁ | |
| ယခင်လူ | ဗိုလ်ချုပ် စိုးနိုင်ဦး |
| ဆက်ခံသူ | ရာထူးဖျက်သိမ်းခြင်း |
| မြန်မာတပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၀၂၁ ဖေဖော်ဝါရီ | |
| ယခင်လူ | ရာထူးတည်ထောင်ခြင်း |
| အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းအဖွဲ့ခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃ စက်တင်ဘာ ၂၀၂၅ | |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်ကြီး ညိုစော |
| ခေါင်းဆောင် | ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ရာထူးတည်ထောင်ခြင်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မကွေးတိုင်းဒေသကြီး၊ ရေနံချောင်း၊ မြန်မာနိုင်ငံ |
| နိုင်ငံသား | မြန်မာ |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | သင်းသင်းအောင် |
| သားသမီး | သားထက်ထွန်း |
| မိခင်ကျောင်း | စစ်တက္ကသိုလ် (၃၇ လက်ဝဲ) |
| အလုပ်အကိုင် | တပ်မတော်ဗိုလ်ချုပ်၊ အဆင့်မြင့်ပြောရေးဆိုခွင့်ရှိသူ၊ အစိုးရဝန်ကြီး |
| ဆုတံဆိပ်များ | ပြည်ထောင်စုစည်သူသင်္ဂဟ[၄] စည်သူ[၅] |
| ဝက်ဘ်ဆိုဒ် | မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၉၀–ယနေ့အထိ |
| ရာထူး | |
| တိုက်ပွဲ/စစ်ပွဲများ |
|
ဗိုလ်ချုပ် ဇော်မင်းထွန်း သည် မြန်မာ့တပ်မတော်၏ ဗိုလ်ချုပ်နှင့် အဆင့်မြင့်ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၆][၇] ဇော်မင်းထွန်းသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) ၏ သတင်းအဖွဲ့ခေါင်းဆောင်နှင့် မြန်မာ့တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ယူထားသည်။[၈][၉][၁၀][၁၁][၁၂] ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းအဖွဲ့ခေါင်းဆောင်အဖြစ်လည်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ ထမ်းဆောင်ခဲ့သည်။[၁၃][၁၄][၁၅]
ငယ်စဉ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဇော်မင်းထွန်းသည် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ တွင် မွေးဖွားခဲ့သည်။[၁၆][၁၇] ဇော်မင်းထွန်းသည် စစ်တက္ကသိုလ် (Defence Services Academy) အပတ်စဉ် ၃၇ မှ ဘွဲ့ရရှိခဲ့ပြီး ခေါင်းဆောင်မှု၊ မဟာဗျူဟာနှင့် ဆက်သွယ်ရေးဆိုင်ရာ လေ့ကျင့်မှုများကို ခံယူခဲ့သည်။ သတင်းရင်းမြစ်အရ၊ ထိုလေ့ကျင့်သင်ကြားမှုများသည် ၎င်း၏ စစ်ရေးနှင့် သတင်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဖြစ် သက်ရောက်ခဲ့သည်။[၁၈][၁၉] ထိုကဲ့သို့ ကျောင်းပြီးခဲ့သဖြင့် စစ်တပ်တွင် ရာထူးတက်မြန်ခဲ့သည်။[၂၀][၂၁] ဇော်မင်းထွန်းသည် ၂၀၂၁ စစ်တပ်မှ အာဏာသိမ်းမှု မဖြစ်ခင်က တရားဝင်ရွေးကောက်ခံ အစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူဟောင်း ဗိုလ်မှူး ဦးဇော်ဌေးနှင့် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သည်။[၂၂][၂၃] မကွေးမှ ဦးဇော်ဌေးနှင့် အညာသားဖြစ်ကြသော်လည်း ၎င်းတို့အမြင်ကွဲပြားသည်။[၂၄][၂၅][၂၆]

စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]

ဇော်မင်းထွန်းသည် စစ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် မြန်မာ့တပ်မတော် တွင် စစ်မှုထမ်းဘဝကို စတင်ခဲ့ပြီး သတင်းနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အဓိကတာဝန်များကို ထမ်းဆောင်လာခဲ့သည်။ ၂၀၁၈ ခုနှစ်မှစ၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင်လည်း ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆက်လက် ထမ်းဆောင်ခဲ့သည်။[၂၇][၂၈][၂၉][၃၀]
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ၎င်းအား ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအဖွဲ့ခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။ ထိုကာလအတွင်း မြန်မာ့တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ပြီး နိုင်ငံတွင်းနှင့် နိုင်ငံတကာသို့ တရားဝင် သတင်းထုတ်ပြန်မှုများကို ကြီးကြပ်ခဲ့သည်။[၃၁][၃၂] [၃၃][၃၄]

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) ၏ သတင်းအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီး ကောင်စီ၏ တရားဝင်ကြေညာချက်များ၊ သတင်းစာရှင်းလင်းပွဲများနှင့် မီဒီယာဆက်သွယ်ရေးလုပ်ငန်းများကို စီမံခန့်ခွဲလျက်ရှိသည်။[၃၅][၃၆][၃၇][၃၈][၃၉]
ဇော်မင်းထွန်းသည် ၁၀၂၇ စစ်ဆင်ရေး (Operation 1027) အပါအဝင် မြောက်ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများနှင့် ပဋိပက္ခများအကြောင်း သတင်းစာရှင်းလင်းပွဲများတွင် မကြာခဏ ထွက်ပေါ်ပြောကြားခဲ့သည်။ ထို့အပြင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ BIMSTEC အစည်းအဝေးများနှင့် နိုင်ငံတကာ၏ ရွေးကောက်ပွဲနှင့် အုပ်ချုပ်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအပေါ် တပ်မတော်၏ အမြင်များကို ကိုယ်စားပြု ပြောကြားခဲ့သည်။ ထို့အပြင်၊ သူ၏ ညီအစ်မတို့သားသမီး၊ ဒုတိယဗိုလ်ချုပ် သက်ပိုင်ထွန်း၏ သေဆုံးမှုကိုလည်း သတင်းစာရှင်းလင်းပွဲများတွင် ဖော်ပြခဲ့သည်။[၇][၉] ဇော်မင်းထွန်းသည် အာရက္ခတပ်တော် (AA) မှ တောင်းခံထားသော ထောင်ချိတ်လဲမှု အစီအစဉ်များကို ငြင်းဆန်ခဲ့ပြီး၊ နိုင်ငံတကာမှ ဆန့်ကျင်မှုများ ရှိခဲ့သည့် အစိုးရလှုပ်ရှားမှုများကို ကာကွယ်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် တွင် ဝင်းနိမ္မိတာရုံဆရာတော် အား စစ်တပ်မှ ပစ်သတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ မိုင်းဆွဲသည်ဟု သတင်းထုတ်ပြန်ခဲ့သော်ငြား ဆရာတော် နှင့် အတူလိုက်ပါခဲ့သည့် ကန်သုံးဆင့်ကျောင်း ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက စစ်ဗိုလ်စစ်သားများက လုပ်ဆောင်ခဲ့သည်ဟု မိန့်ကြားခဲ့သည်။[၄၀] [၄၁] ၂၀၂၄ ခုနှစ် ဇွန် ၂၁ ရက် တွင် ဇော်မင်းထွန်းသည် စစ်ကောင်စီတပ်သားများမှ ပြစ်မှုကျူးလွန်ခဲ့ကြောင်း အင်တာဗျူးတွင် လက်အုပ်ချီကာ တောင်းပန်ခဲ့ရပြီး လက်သည်ကို အရေးယူမည်ဟုဆိုခဲ့သည်။[၄၂][၄၃]
ဇော်မင်းထွန်းသည် နိုင်ငံတဝန်း အွန်လိုင်းလိမ်လည်မှုကွန်ယက်များ ဖျက်ဆီးရန် လုပ်ဆောင်ချက်များအပေါ် သတင်းစာရှင်းလင်းပွဲများကိုလည်း ဦးဆောင်ခဲ့သည်။ ၎င်းအတွင်း ကရင်ပြည်နယ်တွင် လုပ်ငန်းစဉ်များ၊ နိုင်ငံခြားသားသန်းချီများ ဖမ်းဆီးခြင်းနှင့် နိုင်ငံတကာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အချက်အလက်များကို တင်ပြခဲ့သည်။[၄၄]
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံ NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ၂၀၂၅–၂၆ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်ပြုမှုရရန် မဟုတ်ဘဲ ပြည်သူများအတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ ပါဝင်မှုမှာ ဆန္ဒအလျောက်ဖြစ်ကြောင်းကို ဇော်မင်းထွန်းမှပြောကြားခဲ့သည်။[၄၅][၄၆]
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ဇော်မင်းထွန်းသည် မြန်မာနိုင်ငံ၏ အထက်တန်းပြည်သူ့ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့နှင့် စည်သူဘွဲ့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ပွဲအခမ်းအနားတွင် လက်ခံရရှိခဲ့သည်။[၄၇]



ဂုဏ်ထူးဆောင်ဘွဲ့များ
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဇော်မင်းထွန်းသည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့နှင့် စည်သူဘွဲ့တို့ကို မြန်မာနိုင်ငံ၏ မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားတွင် လက်ခံရရှိခဲ့သည်။[၄၈]
ကိုယ်ပိုင်ဘဝ
[ပြင်ဆင်ရန်]ဇော်မင်းထွန်းသည် သင်းသင်းအောင်နှင့် လက်ထပ်ထားပြီး သားတစ်ဦး (သားထက်ထွန်း) ရှိသည်။ မိသားစုသည် အများပြည်သူရှေ့တွင် အလွန်မထင်ရှားစေရန် ထိန်းသိမ်းထားသော်လည်း အချို့အခါ စစ်ရေးနှင့် အစိုးရအခမ်းအနားများတွင် အတူတကွ တွေ့မြင်ရတတ်သည်။[၄၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ [https://bur.mizzima.com/2026/01/04/77731 နေတိုး၊ ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး (Published on January 6, 2026)
- ↑ [https://bur.mizzima.com/2026/01/04/77731 နေတိုး၊ ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး (Published on January 6, 2026)
- ↑ The Department of Homeland Security Is Undermining the US Government's Longstanding Policy on Myanmar (26 November 2025)။ 30 November 2025 တွင် ပြန်စစ်ပြီး။
- ↑ [https://bur.mizzima.com/2026/01/04/77731 နေတိုး၊ ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး (Published on January 6, 2026)
- ↑ [https://bur.mizzima.com/2026/01/04/77731 နေတိုး၊ ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး (Published on January 6, 2026)
- ↑ ဗွီအိုအေ (၃၀ ဒီဇင်ဘာ ၂၀၂၀)။ "ရခိုင်ရွေးကောက်ပွဲလုပ်နိုင်ဖို့ AA နဲ့ ညှိနှိုင်းခဲ့" တပ်မတော်ပြောခွင့်ရ။
- 1 2 Eleven Media Group (၈ မတ်လ ၂၀၂၀)။ ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ပိုမိုအရေးနိမ့်လာသည့်အတွက် တပ်မတော်က ဓာတုလက်နက်သုံးစွဲသည် ဆိုသော စွပ်စွဲချက်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြာ။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း။ 29 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- 1 2 moi.gov.mm။ Union Ministers and Deputy Ministers။
- ↑ Eleven Media Group (၁၇ အောက်တိုဘာ ၂၀၁၉)။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်နှင့် TNlA အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြာ။
- ↑ NP News (၂၇ ဇူလိုင် ၂၀၂၂)။ နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးသော EAO (၉)ဖွဲ့နှင့် ဒုတိယအကျော့ ထပ်မံဆွေးနွေးနိုင်ရေး ပြင်ဆင်နေဟုဆို။
- ↑ Eleven Media Group (၂၃ ဖေဖော်ဝါရီ ၂၀၁၉)။ ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားလာပါက တပ်မတော်သည် စတင်ရှင်းရသည့်အဖွဲ့ ဖြစ်ခြင်းကြောင့် ကိုယ်စရှင်းရမည့်ပြဿနာကို မည်သည့်အချိန်မှမဖန်တီးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား။
- ↑ Burma News International (၄ စက်တင်ဘာ ၂၀၂၀)။ တပ်မတော်သားများ မည်သူကိုမဆို လွတ်လပ်စွာမဲပေးခွင့်ရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော။
- ↑ ဧရာဝတီ (၂၃ မတ်လ ၂၀၂၁)။ အင်တာနက် ပုံမှန် ပြန်ပေးရန် အစီအစဉ် မရှိသေးဟု စစ်ကောင်စီ ပြော။
- ↑ Burma News International (၂၈ နိုဝင်ဘာ ၂၀၂၀)။ တပ်မတော်သည် အတိုက်အခံမဟုတ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဆို။
- ↑ NP News (၁၇ ဇွန် ၂၀၂၁)။ ယူနီဆက်ဖ်ကို ကျင့်ဝတ်သိက္ခာမဲ့သောအဖွဲ့အဖြစ် မမြင်လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြေ။
- ↑ ဗွီအိုအေ (၁၅ မေ ၂၀၂၁)။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆၃ ဦးသေဆုံးခဲ့ - စစ်ကောင်စီပြောခွင့်ရ။
- ↑ ဧရာဝတီ (၄ မေ ၂၀၁၉)။ ဖမ်းဆီးထားသည့် ၁၃၁ ဦးကို AA နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဟု တပ်မတော်ပြော။
- ↑ ဧရာဝတီ (၁၆ အောက်တိုဘာ ၂၀၂၀)။ “ကျနော်တို့ ရေငုပ်သင်္ဘောက ဘင်္ဂလားဒေ့ရှ်ထက် အပြတ်ကို သာပါတယ်”။
- ↑ ဧရာဝတီ (၂၆ ဇူလိုင် ၂၀၂၂)။ ပြည်သူနှင့် နိုင်ငံတော်ကြား တရားမျှတရေးအတွက် ကွပ်မျက်ခြင်းဖြစ်ဟု စစ်ကောင်စီပြော။
- ↑ Yangon Media Group (၂၈ ဩဂုတ် ၂၀၂၁)။ ခိုင်လုံတဲ့သက်သေကြောင့် ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ခဲ့တာဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြာ။
- ↑ Eleven Media Group (၁၀ မေ ၂၀၂၂)။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ရန် စာရင်းပေးထား။
- ↑ Eleven Media Group (၁ အောက်တိုဘာ ၂၀၁၉)။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဖုန်ညိုလိပ်ဘက်တွင် AA အဖွဲ့၏ ယာယီစခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြာ။
- ↑ Eleven Media Group (၁၇ ဇွန် ၂၀၂၁)။ အနုပညာရှင်များထံမှ ငွေယူ၍ ပြန်လွှတ်ပေးခြင်းမျိုး မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော။
- ↑ RFA (၂၇ မေ ၂၀၁၉)။ ရခိုင်ပြည်နယ်မှာ AA အဖွဲ့နယ်မြေသတ်မှတ်ဖို့ မဖြစ်နိုင်ကြောင်း တပ်မတော်ပြော။
- ↑ NP News (၆ ဖေဖော်ဝါရီ ၂၀၂၂)။ နစကလက်ထက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၄ဝဝဝ နီးပါးဝင်ရောက်ခဲ့ဟုဆို။
- ↑ NP News (၁၆ ဇွန် ၂၀၂၁)။ CRPH နှင့် NUG တို့ဘက်မှ အသက်အန္တရာယ်ပြုလာသဖြင့် ပြန်လည်ခုခံပါက ပြစ်မှုမမြောက်သည့်ဥပဒေ ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော။
- ↑ RFA (၁၁ ဧပြီ ၂၀၂၃)။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု ၅၃ ဦးသေဆုံးကြောင်း NUG ကနဦးထုတ်ပြန်။
- ↑ NP News (၂၆ မတ်လ ၂၀၂၂)။ တီကျစ်မိုင်းတွင်းထုတ်လုပ်မှုတွင် နိုင်ငံအတွက် ကျပ်သန်းပေါင်း ၁၅ဝဝဝ ကျော် နစ်နာမှုရှိခဲ့သောကြောင့် ဦးချစ်ခိုင်ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေရှင်း။
- ↑ NP News (၁ ဇွန် ၂၀၂၂)။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းသော “ဝ” အဖွဲ့အပါအဝင် တိုင်းနှင့်ပြည်နယ်များကိုလည်း ပြဋ္ဌာန်းခွင့်များပေးရန် မူဝါဒအားဖြင့် သဘောတူပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော။
- ↑ NP News (၂ စက်တင်ဘာ ၂၀၂၂)။ စင်္ကာပူထက် ဈေးနှုန်းများစွာ လျော့နည်းသော ရုရှားစက်သုံးဆီများ မကြာမီရောက်မည်ဖြစ်၍ ဆီဈေးနှုန်းများ စတင်ကျဆင်းလာနိုင်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း အသိပေး။
- ↑ Yangon Media Group။ ရခိုင်ပြည်သူလူထုဒုက္ခမရောက်စေလို၍ AA လက်နက်ကိုင်အဖွဲ့ကို သည်းခံနေရသော်လည်း ပြဿနာဖြစ်လာလျှင် တပ်မတော်ကိုအဆိုးမဆိုနှင့် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြာ။
- ↑ ဧရာဝတီ (၁၈ နိုဝင်ဘာ ၂၀၂၂)။ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော။
- ↑ RFA (၁၁ ဇူလိုင် ၂၀၁၉)။ စင်္ကာပူမှာ ဖမ်းဆီးခံရတဲ့ ရခိုင် ခြောက်ဦးကိစ္စ အစိုးရဖြေဖို့ ငြင်းဆို။
- ↑ NP News (၁၃ ဇန်နဝါရီ ၂၀၂၂)။ ဖိအားပေးတိုင်းသာပိပြားရမည်ဆိုပါက မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်တောင် လွတ်လပ်ရေးရမှာမဟုတ်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြော။
- ↑ Eleven Media Group (၂၇ ဧပြီ ၂၀၂၂)။ ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်အတွက် လိုအပ်သည့်အထောက်အပံ့ ပစ္စည်းအပြည့်အစုံနှင့် ဆောင်ရွက်သွားမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား။
- ↑ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း သတင်းမီဒီယာများ၏ မေးမြန်းမှုများအား လက်ခံဖြေကြား | Ministry Of Information။ 2026-01-03 တွင် ပြန်စစ်ပြီး။
- ↑ Eleven Media Group (၁ ဇူလိုင် ၂၀၂၂)။ လိုင်စင်မဲ့ မော်တော်ယာဉ်များအား လိုင်စင် ထုတ်ပေးရန် အစီအစဉ် မရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား။
- ↑ NP News (၁၁ ဧပြီ ၂၀၂၃)။ ကန့်ဘလူ၊ ပဇီကြီးရွာအတွင်း PDF အဖွဲ့တွေ အခမ်းအနားတစ်ခုပြုလုပ်နေစဉ် စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပြောဆိုချက်။
- ↑ Eleven Media Group (၁၀ ဇွန် ၂၀၂၄)။ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး လိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခဲ့ရမှုနှင့်ပတ်သက်၍ တွေ့ကြုံခဲ့ရမှုများကို ၎င်းဖြစ်စဉ်၌ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားမှုထွက်ပေါ်။
- ↑ ဗွီအိုအေ (၂၁ ဇွန် ၂၀၂၄)။ ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေ သဘောထားထုတ်ပြန်။
- ↑ ရန်ုကုန်ခေတ်သစ် မီဒီယာ (၂၁ ဇွန် ၂၀၂၃)။ ပျံလွန်တော်မူသွားသော ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါသော Surf ကားကို စစ်တပ်က လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြီ။
- ↑ Democratic Voice of Burma (၂၁ ဇွန် ၂၀၂၄)။ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်တာဖြစ်၊ မိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော။
- ↑ "Myanmar appeals for return of detained foreigners after scam center raids"၊ The Associated Press၊ ၁၄ ဒီဇင်ဘာ ၂၀၂၅။
- ↑ Myanmar arrests hundreds under new election law ahead of December vote (in en) (2025-12-19)။ 2026-01-03 တွင် ပြန်စစ်ပြီး။
- ↑ Myanmar elections unlikely to see credible outcome, EU human rights rep says (in en) (2025-10-16)။ 2026-01-03 တွင် ပြန်စစ်ပြီး။
- ↑ "နေတိုး၊ ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး"၊ Mizzima News၊ 4 January 2026။
- ↑ "နေတိုး၊ ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး"၊ Mizzima News၊ ၄ ဇန်နဝါရီ ၂၀၂၆။
- ↑ ဥပ္ပါတသန္တိစေတီတော်၌ ဗုဒ္ဓမြတ်စွယ်တော်ပူးလာ ရဟန်းရှင်လူပြည်သူများဖြင့်စည်ကားလျက်ရှိ (18 November 2011)။ 20 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။