မာတိကာသို့ ခုန်သွားရန်

ဇော်ဇော်စိုး

ဝီကီပီးဒီးယား မှ
သံအမတ်ကြီး

ဇော်ဇော်စိုး
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၅ မတ် ၂၀၂၅
ခန့်အပ်သူမင်းအောင်လှိုင်
ယခင်လူ ချစ်ဆွေ

ဦးဇော်ဇော်စိုး သည် မြန်မာသံအမတ်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ []အလုပ်သမားဝန်ကြီးဖြစ်သွားသူ သံအမတ်ကြီး ဦးချစ်ဆွေ၏ နေရာကို ဆက်ခံခြင်းလည်းဖြစ်သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ဦးဇော်ဇော်စိုးသည် ၂၀၂၀ ပြည့်နှစ် မတိုင်မီကာလများတွင် ဟောင်ကောင်၌ မြန်မာသံရုံး ကောင်စစ်ဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။၂၀၂၂ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ၊ အာဆီယံ ကာကွယ်ရေး အကြီးတန်းအရာရှိကြီးများ အစည်းအဝေးသို့ စစ်ကောင်စီကိုယ်စား တက်ရောက်ခဲ့သည်။ ယင်းနောက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံရုံးတာဝန်ခံ အဖြစ် ခန့်အပ်ခြင်းခံရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]