ဇီဝိတရုပ်

ဝီကီပီးဒီးယား မှ

ဇီဝိတရုပ် ဆိုသည်မှာ အသက် ဖြစ်သည်။ အသက်ဆိုသည်မှာ ကြာအိုင်၌ ရှိသော ရေသည် ကြာပင်၊ ကြာရိုးတို့ကို မသေမခြောက်စေရန် စောင့်ရှောက်ပေသကဲ့သို့ ကမ္မဇရုပ်တရားတို့ကို အစဉ်သဖြင့် စိမ်းစိမ်းရှင်ရှင် ရွှင်ရွှင်လန်းလန်း ရှိနေကြစေရန် စောင့်ချုပ်အုပ်ထိန်းသော ရုပ်ရှင်ရုပ်နှစ် ဖြစ်သည်။

လောကတွင် သတ္တဝါ သေသည်၊ ရှင်သည်ဟူသော အချက်ကြီးသည် ဤဇီဝိတရုပ်၏ အချက် ဖြစ်သည်။ ဇီဝိတရုပ် အပြီးချုပ်သည်ကို သတ္တဝါသေသည်ဟု ဆို၏။ ဇီဝိတရုပ် အစဉ်ရှိနေသည်ကို သတ္တဝါအရှင်ဟု ဆို၏။ ဤရုပ်သည် တစ်ကိုယ်လုံး၌ တည်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၂၂။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)