ဇိကုပ်လို့ နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ
ပုံပန်းသွင်ပြင်
ဇိကုပ်လို့ နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]နတ်ပြည်သို့ မလိုက်လိုသူအား ဇိကို ကုပ်၍ နတ်ပြည်သို့ ဆွဲတင်ပေးသော်လည်း မြင့်သည်ထင်၍ ခုန်ချသည် ဆိုသကဲ့သို့ ကောင်းရာကောင်းကြောင်း အတင်းအကျပ် ဆွဲဆောင်၍ မြှင့်တင်ပေးသော်လည်း မြင့်ရာ၌ မနေနိုင်ဘဲ ပြန်ဆင်းသည်။ [၁]
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "ဇိကုပ်လို့ နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချချင်သလား သမီးရဲ့။" [၁၂၉၁] ကဝိမှန်၊ ၄၊ ၁။ ၅၇။
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဇိကုပ် ကို ရှာဖွေကြည့်ရှုပါ။
ဆိုလိုရင်းတူညီသည့် အခြားစကားပုံ
[ပြင်ဆင်ရန်]- လူမိုက် နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ နှင့်အတူတူဖြစ်သည်။