ဇာတိပ္ဖိုလ်မောင်သိန်း

ဝီကီပီးဒီးယား မှ

ဇာတိပ္ဖိုလ် မောင်သိန်း ( ဦးသိန်း ) ကို အဖဦးသိန်းထွန်းလှိုင်နှင့် အမိဒေါ်စိန်တုတ်တို့မှ ၁၉၂၅ ခု၊ ဇူလိုင်လ ( ၁၂ ) ရက်နေ့တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့၌ ဖွားမြင်သည်။


၁၉၅၄ - ၅၅ ခုနှစ်မှစ၍ သမဝါယမ မဂ္ဂဇင်းတွင် ဝတ္ထုတိုများစ၍ ရေးသားသည်။ ၁၉၆၇ ခုနှစ်တွင် ရှေ့သို့စာစောင်၊ လမ်းစဉ်သတင်းဂျာနယ်တို့တွင် ဝတ္ထုတိုနှင့် ဆောင်းပါးများရေး၍ ၁၉၇၀ ပြည့်တွင် မန္တလေးဟံသာဝတီ သတင်းစာ၌ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၇၈ ခုနှစ်မှစ၍ ဗိုလ်တထောင် သတင်းစာတိုက်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး ဆောင်းပါးပုဒ်ရေ ( ၆၀၀ ) ခန့်ရေးသားခဲ့သည်။ မြဝတီ မဂ္ဂဇင်းနှင့် စာပေလုပ်သား မဂ္ဂဇင်းတို့တွင် ဝတ္ထုတိုများ ရေးသား၍ ၁၉၈၇ ခုနှစ်တွင် ဗိုလ်တထောင် သတင်းစာတိုက်မှ သက်ပြည့်အငြိမ်းစားယူခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ခေတ်မြန်မာ ဂျာနယ် အယ်ဒီတာ ချုပ်အဖြစ် ဆောင်ရွက်၍ သင်းပျံ့၊ နိုင်ငံသား တစ်ဦး၊ လေ့လာသူတစ်ဦး၊ အယ်ဒီတာ တစ်ဦး အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ယခင်က စာပေလုပ်သား အဖွဲ့တွင် ဗဟိုအမှုဆောင် ကော်မတီဝင် တစ်ဦး အဖြစ် တာဝန်ယူခဲ့သည်။ ဇာတိပ္ဖိုလ်မောင်သိန်းခေါ် ဦးသိန်းသည် ၁၉၉၈ ခု၊ ဒီဇင်ဘာလ ( ၃ ) ရက်၊ ကြာသပတေးနေ့၊ ညနေ ( ၃ ) နာရီ၊ မိနစ် ( ၂၀ ) တွင် ကွယ်လွန်သွားခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]