ဇာဂရ၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆရာတော် ဦးဇာဂရသည် ပထမဆုံး တိပိဋကဓရ ဘွဲ့ရဆရာတော် ဖြစ်သည်။ မိတ္ထီလာမြို့နယ်ကဖြူကျေးရွာ ဇာတိဖြစ်သော ဆရာတော် ဦးဇာဂရသည် ရတနာပုံ ပထမမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက်၊ နေလတစ်ဆူလို ပိဋကတ် ပရိယတ္တိ လောက၌ ထင်ရှားခဲ့လေသည်။ ဆရာတော် ဦးဇာဂရသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော တိပိဋကဓရ ဘွဲ့တော်ရ ဆရာတော် ဖြစ်သည်။ ဆရာတော်၏ မင်းပေးဘွဲ့ တံဆိပ်တော် နှစ်ထပ်မှာ ဇာဂရဘိဓဇ သီရိပဝရာ လင်္ကာရ မဟာဓမ္မရာဇာ ဓိရာဇာဂုရုနှင့် ဇာဂရဘိဝံသ တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇာဂုရုတို့ ဖြစ်သည်။မန္တလေးမြို့၊ ဒက္ခဏာရာမတိုက် ဘုရားကြီးဆရာတော်ဟူ၍လည်း ကျော်စောခဲ့လေသည်။ ကဝိအကျော်အမော် ဆရာတော်သည် သံဝေဂဝတ္ထု ဒီပနီကျမ်းကို ပြုစုတော်မူခဲ့ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (ဖေဖော်ဝါရီ ၁၉၈၄) မြရည်နန္ဒာမိတ္ထီလာမဂ္ဂဇင်း, ၅၃။