မေတ္တာရှင် (ရွှေပြည်သာ)

ဝီကီပီးဒီးယား မှ
မေတ္တာရှင် (ရွှေပြည်သာ)
ဖိုင်:Mts.jpg
မွေးဖွားစိုးမြင့်၊ ဦး
(1965-02-16) ဖေဖော်ဝါရီ ၁၆၊ ၁၉၆၅ (အသက် ၅၉)
မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်
ကျော်ကြားမှုအရင်းခံဓမ္မစာပေ ရေးသားမှု
အိမ်ထောင်ဖက်(များ)ဆက်မီလွင်၊ ဒေါ်

(၁၆-၂-၆၅)အင်္ဂါနေ့၊ မန္တလေးတိုင်းအမရပူရမြို့၊ နန်းတော်ရာ စံပြ ကွက်၌ ခမည်းတော် ဦးထီ+မယ်တော် ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။

၁၃၃၈ - ခုနှစ်တွင် မူလဆီးဘန်နီကျောင်းတိုက်၊ ပညာ့ဗိမာန် သာသနာပြုကျောင်းဆရာတော် ဦးပညာသာမိကို ဥပဇ္ဈာယ်ပြု၍ မယ်တော် ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေဘဝသို့ ရောက်ရှိသည်။

၁၃၄၆ - ခုနှစ်၊ ကဆုန်လဆန်း(၁၅)ရက်နေ့တွင် မန္တလေးမြို့၊ တောင်ပြင်မိုးတားတိုက် ခဏ္ဍသိမ်တော်မြတ်၌ မိုးတားတိုက်ဆရာတော် ဦးမေဃိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ရဟန်း ဒါယကာ၊ ဒါယိကာမများမှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သီတာအေး(၉၀၂)ရပ်ကွက်မှ ဦးဝင်းမြင့်၊ ဒေါ်ထွေး၊ ဦးဝင်းမြ၊ ဒေါ်ခင်မူတို့ဖြစ်ကြသည်။

၁၃၄၃ - ခုနှစ်မှစ၍ မန္တလေးမြို့ မူလဆီးဘန်နီကျောင်းတိုက်၊ ပညာ့ဗိမာန်သာသနာပြုကျောင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သာသနာ့မူလိကာရာမကျောင်းသစ်ကျောင်း၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တို့၌ ငယ်၊ လတ်၊ ကြီး စာမေးပွဲများအောင်မြင်၍ ဓမ္မာစရိယတန်းရောက်သည်အထိ ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ ဆရာနည်း ရအောင် အချိန်ယူ၍အားထုတ်ခဲ့သော ဝိပဿနာနည်းများမှာ မိုးကုတ်ဝိပဿနာ၊ ကသစ်ဝိုင်ဝိပဿနာ၊ ပခုက္ကူ ဝိပဿနာသင်တန်းတရားတို့ဖြစ်သည်။ ကျမ်းစာအုပ်ကိုဆရာအနေထား၍ လေ့လာအားထုတ်ခဲ့သောနည်းများမှာ မဟာစည်ဝိပဿနာ၊ စွန်းလွန်းဝိပဿနာ၊ သဲအင်းဂူဝိပဿနာ၊ သစ္စဒီပကဝိပဿနာ၊ ညောင်လွန့်တောရ(ဘုံကျဉ်း)ဝိပဿနာ၊ အမြိုက်ဝိပဿနာ၊ လယ်တီဝိပဿနာ တို့ဖြစ်သည်။

၁၉၉၉ - ခုနှစ်တွင် မျက်ရည်မကျခင် သိစေချင်စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။

ရွှေပြည်သာမြို့-မန္တလေးကျောင်းတိုက်၊ မှော်ဘီမြို့-သုဒ္ဓဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်၊ မြိတ်မြို့-သစ်ညီနောင် ဓမ္မရိပ်သာကျောင်းတိုက်၊ ကော့သောင်မြို့-ဝေနေယျသုဓမ္မရိပ်သာကျောင်းတိုက်တို့တွင် လှည့်လည်၍ ဝိပဿနာတရားများကို ဟောကြားပြသခဲ့သည်။

လူဝတ်လဲခြင်း[ပြင်ဆင်ရန်]

၂၀၁၄ တွင် ဆရာတော်သည် ကျန်းမာရေးမကောင်းခြင်း၊ ဝိနည်းအပြစ်လွတ်ရန်နှင့် ကြီးမားသော ရည်ရွယ်ချက်ရှိခြင်းကြောင့် လူဝတ်လဲခဲ့သည်။ လူအမည်မှာ ဦးစိုးမြင့် ဖြစ်သည်။ လူဝတ်လဲပြီးနောက် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပြီးဖြစ်သည်။

ဆရာတော်လူဝတ်လဲရသည်မှာ ရဟန်းကိစ္စအား လူများက ဝင်ရှုပ်သောကြောင့် လဲရခြင်းဖြစ်သည်ဟု ဆရာတော်နှင့်ဆက်နွယ်ကာ အလှူအတန်းများ၊ ဖောင်ဒေးရှင်းများလုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များက ထုတ်ဖော်ပြောကြားများရှိခဲ့သည်။ ဆရာတော် လူဝတ်လဲသည်မှာ ကျန်းမာရေးအပြင် တခြားအချက်များရှိသည်ဟု မှန်းဆချက်များ၊ ကောလာဟလများ များစွာထွက်ပေါ်ခဲ့သည်။ ဆရာတော် လူဝတ်လဲပြီးနောက် ပြည်တွင်းပြည်ပတွင် ဖွဲ့စည်းထားသည့် မေတ္တာရှင်ဖောင်ဒေးရှင်းများ၏ ဦးဆောင်သူအသီးသီးတို့က မေတ္တာရှင်ဖောင်ဒေးရှင်းဟူသည့် နာမည်အစား အခြားနာမည်များသို့ ပြောင်းလဲဖွဲ့စည်းခဲ့သကဲ့သို့ မေတ္တာရှင်ဖောင်ဒေးရှင်းနှင့် မသက်ဆိုင်တော့ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန် ခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]