ဇလပ်ပန်း
Tabernaemontana divaricata | |
---|---|
![]() | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Gentianales |
မျိုးရင်း: | Apocynaceae |
မျိုးဇာတ်သေး: | Tabernaemontaninae |
မျိုးစု: | Tabernaemontana |
မျိုးစိတ်: | T. divaricata
|
ဒွိနာမ | |
Tabernaemontana divaricata R.Br. ex Roem. & Schult.
| |
Synonyms[၂] | |
စာရင်း
|
မြန်မာနိုင်ငံတွင် ဇလပ်ပန်းဟုခေါ်သော အနံ့မွှေးသည့် အဖြူရောင်ပန်းပွင့်ဖြစ်သော သိပ္ပံအမည် Tabernaemontana divaricata ဟုခေါ်သည့် ပန်းပင်ကို pinwheel flower [၃] ဟုလည်းကောင်း၊ Crepe Jasmine ဟုလည်းကောင်း၊ Double Crepe Jasmine ဟုလည်းကောင်း၊ Indian Carnation Flower ဟုလည်းကောင်း၊ Double White Gardenia ဟုလည်းကောင်း၊ Creme & Green Double Butterfly Jasmine ဟုလည်းကောင်း၊ စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ဝေါ်လေ့ရှိသည်။ Apocynaceae (dogbane family) မျိုးရင်းဝင် ဖြစ်သည်။

ဇလပ်ပန်းပင်၏အကိုင်း အခက်များသည် မြေပြင်နှင့်အပြိုင် ဖြာထွက်နေခြင်းကြောင့် ချုံပုတ်သဏ္ဌာန်ဖြစ်နေပြီး အမြင့် ၆ ပေအထိ မြင့်ပါသည်။ အရွက်များမှာ အစိမ်းရောင်ဖြစ်ပြီး ၆ လက်မနှင့် ၆ လက်မထက် ပိုပြီး ရှည်လျားတတ်ပါသည်။ အရွက်၏အကျယ်မှာ ၂ လက်မခန့်ရှိပါသည်။ ဇလပ်ပန်းပွင့်များက အဖြူရောင် ရှိပြီး ဆောင်းရာသီတွင် အများဆုံးပွင့်သော်လည်း တစ်နှစ်ပတ်လုံး အနည်းငယ်စီ ပွင့်နေသော ပန်းများ ဖြစ်ပါသည်။ ပွင့်ဖတ် ၅ ခုရှိပြီး နှစ်ထပ် ဖြစ်နေပါသည်။ ဇလပ်ပန်းပင်၏မူလဇာတိနေရာမှာ အိန္ဒိယနိုင်ငံ၏ ပူနွေးသော ဒေသများဖြစ်ပြီး ကမ္ဘာပေါ်ရှိ နှင်းမကျသော တိုင်းပြည်များတွင်လည်း ပျံ့နှံ့စွာ စိုက်ပျိုးထားကြပါသည်။
ဇလပ်ပန်းပင်သည် နေရောင်ကောင်းစွာ ရရှိခြင်းကို နှစ်သက်ပါသည်။ ခြောက်သွေ့သော ရာသီများတွင် ရေမှန်မှန် လောင်းပေးရန် လိုအပ်ပြီး ရေစီးရေလာကောင်းမွန်သော မြေဆီလွှာကို နှစ်သက်ပါသည်။ အစေ့မှသော်လည်းကောင်း၊ ကိုင်းဖြတ်ကူးခြင်းဖြင့်သော်လည်းကောင်း မျိုးပွားယူနိုင်ပါသည်။
ဇလပ်ပန်းပင်ကို မိမိနေအိမ်ခြံဝင်းအတွင်းမှာ စိုက်ပျိုးထားလျှင် မွှေးပျံ့သော သင်းရနံ့ကို ခံစားနိုင်ပြီး ဖြူဖွေးလှပသော ဇလပ်ပန်းပွင့်များကြောင့် စိတ်နှလုံးကြည်နူးစေနိုင်ပါသည်။ နေအိမ်ဘုရားစင်ပေါ်တွင် ဗုဒ္ဓ ရုပ်ပွားတော် ခြေရင်း၌ ပန်းမွေ့ရာ ပြုလုပ်ကာ ကုသိုလ်ယူ ကြည်နူးစေနိုင်ပါသည်။
ပန်းပြခန်း
[ပြင်ဆင်ရန်]-
ဇလပ်ပန်းနှစ်ပွင့်
-
Tabernaemontana divaricata 'Flore Pleno'
-
Crepe jasmine bunch
-
Tabernaemontana divaricata 'Pinwheel'
-
မပွင့်သေးသောTabernaemontana divarcata
-
Caterpillar of Oleander hawk-moth feeding on pinwheel flower plant
-
Flower buds of crepe jasmine at night
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Lakhey, P. (2020). "crape jasmine". IUCN Red List of Threatened Species 2020. IUCN. doi: .
- ↑ Tabernaemontana divaricata (L.) R.Br. ex Roem. & Schult.။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 7 September 2020 တွင် ပြန်စစ်ပြီး။
- ↑ Tabernaemontana divaricata။ သဘာဝရင်းမြစ်များထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအဖွဲ့၏ အပင်များဆိုင်ရာ အချက်အလက် ဒေတာဘေ့စ်။ အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန(USDA)။ 7 December 2015 တွင် ပြန်စစ်ပြီး။