ဇမ်ဘီယာနိုင်ငံ၏ သမ္မတ
| ဇမ်ဘီယာနိုင်ငံ ၏ သမ္မတ | |
|---|---|
သမ္မတ အလံ | |
| လက်ရှိအခြေအနေ | နိုင်ငံအကြီးအကဲ အစိုးရအဖွဲ့အကြီးအကဲ |
| စံအိမ် | State House |
| သက်တမ်း | ၅ နှစ်, တစ်ကြိမ်သာ ထပ်မံသက်တမ်းတိုး၍ ရနိုင်သည် |
| ဖွဲ့စည်းပုံ အခြေခံဥပဒေ | ဇမ်ဘီယာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၉၁) |
| စတင်ထမ်းဆောင်သူ | ကင်းနက် ကွန်ဒါ |
| ဖွဲ့စည်းခြင်း | ၂၄ အောက်တိုဘာ ၁၉၆၄ |
| လက်ထောက် | ဒုတိယသမ္မတ |
| ဝက်ဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုက်တ် |
ဇမ်ဘီယာနိုင်ငံ၏ သမ္မတသည် ဇမ်ဘီယာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရ၏ အကြီးအကဲဖြစ်ပြီး နိုင်ငံအတွင်း အမြင့်ဆုံးအုပ်ချုပ်မှုအာဏာပိုင်ဖြစ်သည်။သမ္မတသည် ငါးနှစ်သက်တမ်းအတွက် လူထုဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခံရပြီး၊နိုင်ငံ အုပ်ချုပ်မှု၊အစိုးရ မူဝါဒများ အကောင်အထည်ဖော်မှုတို့ကို ကြီးကြပ်ကွပ်ကဲသည်။သမ္မတသည် နိုင်ငံတကာရေးရာများတွင်လည်း ဇမ်ဘီယာနိုင်ငံကို ကိုယ်စားပြုသူဖြစ်သည်။
ဇမ်ဘီယာနိုင်ငံ၏ သမ္မတအိမ်တော် နှင့် ရုံးခန်းကို ဇမ်ဘီယာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လက်ရှိသမ္မတမှာ ဟာကိုင်ဒ် ဟီချီလ်မား (Hakainde Hichilema) ဖြစ်သည်။သူသည် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၄ ရက် သမ္မတ ရွေးကောက်ပွဲအပြီးတွင် ရာထူးတာဝန်ယူခဲ့သူဖြစ်သည်။
ဇမ်ဘီယာနိုင်ငံ၏ သမ္မတ အခန်းကဏ္ဍထဲတွင် အစိုးရအဖွဲ့ကို ခန့်အပ်ခြင်း၊ ဇမ်ဘီယာကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ထမ်းဆောင်ခြင်းနှင့် ဥပဒေများ စိုးမိုးရေးတို့ကို ဆောင်ရွက်ပေးခြင်းတို့ ပါဝင်သည်။
နိုင်ငံ၏ပထမဦးဆုံးသမ္မတမှာ ကင်းနက် ကွန်ဒါ ဖြစ်သည်။သူသည် သမ္မတရာထူးမှ နုတ်ထွက်ပြီးနောက် ၁၉၉၁ ခုနှစ်၊နိုဝင်ဘာ ၁ရက်မှ လက်ရှိအချိန်အထိ သမ္မတ(၇)ဆက်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည်။
ဇမ်ဘီယာနိုင်ငံ လွပ်လပ်ရေးရပြီးနောက် ၁၉၉၁ ခုနှစ် အစောပိုင်းကာလအထိ နိုင်ငံတွင် ဝန်ကြီးချုပ်ရာထူးကို ထားရှိခဲ့သည်။သို့သော် အတိုက်အခံပါတီများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ကင်းနက် ကွန်ဒါ ၏ သမ္မတသက်တမ်း နောက်ဆုံးလများအတွင်း ဝန်ကြီးချုပ်ရာထူးကို ဖျက်သိမ်းခဲ့သည်။ထို့ကြောင့် ၁၉၉၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ သမ္မတသည် အစိုးရ၏ အကြီးအကဲလည်း ဖြစ်သွားခဲ့သည်။
သမ္မတသက်တမ်း
[ပြင်ဆင်ရန်]သမ္မတ၏ သက်တမ်းသည် ငါးနှစ်သက်တမ်းရှိကာ၊ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ခန့်အပ်သည်။ဇမ်ဘီယာသည် ယခင်က သမ္မတ၏သက်တမ်းကို ကန့်သတ်ခြင်းမရှိခဲ့ပေ။၁၉၉၁ ခုနှစ်မှစ၍ ဇမ်ဘီယာဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတ၏ သက်တမ်းအား ဆက်တိုက်နှစ်ဆက်အထိသာ တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့ သည်။၂၀၀၁ ခုနှစ်တွင် သက်တမ်းကန့်သတ်ချက်များကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ကန့်သတ်ချက်များအတိုင်းသာ တည်ရှိခဲ့သည်။.[၁]
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]မြောက်ပိုင်း ရိုဒီးရှား
[ပြင်ဆင်ရန်]မြောက်ပိုင်း ရိုဒီးရှား၏ ဗြိတိသျှကိုလိုနီနယ်ကို တောင်ပိုင်း ရိုဒီရှားနှင့် ဗြိတိသျှတောင်အာဖရိကတို့၏ အုပ်ချုပ်မှုအောက်တို့မှ ခွဲထုတ်လိုက်သောအခါ မြောက်ပိုင်း ရိုဒီးရှားဘုရင်ခံသည် ယနေ့ ဇမ်ဘီယာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲဖြစ်ခဲ့သည်။
လွတ်လပ်ရေးမရမီ ၁၉၆၄ ခုနှစ် တွင် ကျင်းပသည့် မြောက်ပိုင်း ရိုဒီးရှား အထွေထွေရွေးကောက်ပွဲ မှတဆင့် မြောက်ပိုင်း ရိုဒီးရှားဝန်ကြီးချုပ်ရုံး နှင့် ဝန်ကြီးချုပ် ပေါ်ပေါက်လာခဲ့သည်။ကင်းနက် ကွန်ဒါသည် ဝန်ကြီးချုပ် ဖြစ်သည်။
၁၉၆၄ ခုနှစ်၊ မေလ ၁၉ ရက် တွင် ဗြိတိန်နိုင်ငံ၏ ဓနသဟာယဆိုင်ရာဆက်ဆံရေးဝန်ကြီး Duncan Sandys သည် မြောက်ပိုင်း ရိုဒီးရှားအနေဖြင့် သမ္မတတစ်ဦး၏အောက်တွင် သီးခြားလွတ်လပ်လာမည်ဟု ကြေညာခဲ့သည်။ပထမဆုံးသမ္မတရွေးကောက်ပွဲကို ဥပဒေပြုကောင်စီက ရွေးချယ်တင်မြှောက်ထားသည့် အဖွဲ့ဝင်များမှတဆင့် လျှို့ဝှက်မဲဖြင့် ကျင်းပခဲ့သည်။ [၂]
ဇမ်ဘီယာနိုင်ငံ
[ပြင်ဆင်ရန်]လွတ်လပ်ရေးရပြီး ဇမ်ဘီယာနိုင်ငံအဖြစ် အမည်ပြောင်းပြီးနောက် ဝန်ကြီးချုပ် ကင်းနက် ကွန်ဒါ သည် ပထမဆုံးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။၎င်း၏ ဝန်ကြီးချုပ်ရာထူးကိုလည်း ဖျက်သိမ်းခဲ့ပြီး သမ္မတရာထူးကို နိုင်ငံ၏အမှုဆောင်အဖြစ် သတ်မှတ်ခဲ့သည်။[၃]ဇမ်ဘီယာနိုင်ငံ၏ နိုင်ငံရေးအား ပါတီစုံဒီမိုကရေစီစနစ် ဖြင့် အုပ်ချုပ်ကြရန် ဆောင်ရွက်ခဲ့ကြသော်လည်း၊သမ္မတ ကင်းနက် ကွန်ဒါ ၏ nited National Independence Party (UNIP)သည်သာ နှစ်ပေါင်း ၂၇ နှစ်တိုင် ကြီးစိုးခဲ့သည်။သမ္မတ ကွန်ဒါ သည် ဇမ်ဘီယာနိုင်ငံကို ၁၉၇၃ ခုနှစ်တွင် တစ်ပါတီစနစ်အုပ်ချုပ်သည့်နိုင်ငံအဖြစ် ကြေညာခဲ့သည်။[၄][၅]
ဇမ်ဘီယာနိုင်ငံသည် ထိုကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝန်ကြီးချုပ်ရုံးကို အစိုးရ အကြီးအကဲအဖြစ် ထားရှိခဲ့သည်။[၆] ၁၉၇၃ ခုနှစ် ဇမ်ဘီယာ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည် UNIP ၏ ပြိုင်ဘက်မရှိသည့် ကင်းနက် ကွန်ဒါ ကို မဲပေးရွေးချယ်ကြရသည်။[၇]
ကွန်ဒါ သည် ၁၉၉၁ ခုနှစ်အထိ ရွေးကောက်ပွဲတစ်ခုစီတွင် တညီတညွတ်တည်း ပြန်လည်အရွေးခံခဲ့သည်။၁၉၈၀ပြည့်နှစ်များအတွင်းတွင် နိုင်ငံအတွင်း ပါတီစုံပိတ်ပင်ထားမှုအား ပြန်လည်ရုပ်သိမ်းရန် ဖိအားများ တိုးလာခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ လှုပ်ရှားမှုအနေဖြင့် MMDပါတီ နှင့် ညှိနှိုင်းပြီးနောက် သမ္မတ ကွန်ဒါ သည် UNIP မှလွဲ၍ အခြားနိုင်ငံရေး ပါတီများအား ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ရေးထိုးခဲ့သည်။ ဝန်ကြီးချုပ်ရာထူးကို ထပ်မံဖျက်သိမ်းပြီး အာဏာများကို သမ္မတထံ ပြန်လည်ပေးအပ်ခဲ့သည်။.[၈] ၁၉၉၁ ခုနှစ် ဇမ်ဘီယာအထွေထွေရွေးကောက်ပွဲတွင် MMDပါတီ မှ ဖရက်ဒရစ် ချီလူဘာ သည် ကာလရှည်ကြာသမ္မတ ကွန်ဒါအား အနိုင်ရရှိခဲ့သည်။[၅]ထိုစဉ် သမ္မတ ကွန်ဒါ သည် သမ္မတရာထူးကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးရန် သဘောတူညီခဲ့ပြီး အာဏာလွှဲပြောင်းပေးခဲ့သည်။ထိုသို့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမှုကြောင့်၊ သူသည် အနောက်အာဖရိကရှိ ဘီနင်နိုင်ငံ၏ အာဏာရှင် Mathieu Kérékou (မာသျူ ကေရေးကု) ၏ နောက်တွင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးသည့် ဒုတိယအာဖရိကခေါင်းဆောင်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။[၉]
၁၉၉၆ ခုနှစ်တွင် နိုင်ငံ၏ဒုတိယမြောက်သမ္မတ ဖရက်ဒရစ် ချီလူဘာ သည် သမ္မတဟောင်း၏ UNIPပါတီ အဖွဲ့ဝင်များ၏ အာဏာသိမ်းရန် ကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ UNIP အဖွဲ့ဝင်များကို ဖမ်းဆီးရန် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။သို့သော်လည်း ဇမ်ဘီယာတရားရုံးချုပ်သည် ထို ရေးပေါ်ကြေညာချက်သည် အကျုံးမဝင်ကြောင်း ကြေညာခဲ့ပြီး အရေးပေါ်အခြေအနေအား ရုပ်သိမ်းကာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သည်။[၁၀]
သမ္မတ ဖရက်ဒရစ် ချီလူဘာသည် ဇမ်ဘီယာ သို့မဟုတ် မြောက်ပိုင်း ရိုဒီးရှား တွင်မွေးဖွားသည့် မိဘများ၏သားသမီးများသာ သမ္မတအဖြစ် အရွေးခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ခဲ့သည်။.[၁၁]သူသည် ယခင်သမ္မတဟောင်း ကင်းနက် ကွန်ဒါ အနေဖြင့် သမ္မတအဖြစ် ထပ်မံရပ်တည်ခြင်းမပြုရန် ဤပြင်ဆင်ချက်ဖြင့် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ [၁၂]
ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်တမ်းနှစ်ရပ်ကန့်သတ်ချက်ကြောင့် လဲဗီ မွာနဝာဆာသည် MMDပါတီ ၏ ကိုယ်စားလှယ်လောင်းအဖြစ်မှနေ၍ သမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရသည်။[၁၃] ဆက်၍ လဲဗီ မွာနဝာဆာ သည် ၂၀၀၁ ခုနှစ် ဇမ်ဘီယာ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အတိုက်အခံ ပါတီများသည် ရွေးကောက်ပွဲ လိမ်လည်မှု စွပ်စွဲချက်များဖြင့် ၎င်း၏ အောင်ပွဲကို ဖျက်ဆီးခဲ့ကြသည်။[၁၄] ဥပဒေရေးရာအငြင်းပွားမှုများအပြီးတွင် တရားရုံးချုပ်သည် ရလဒ်ကို လှန်ပစ်ရန် လုံလောက်သော အမှားအယွင်းများ မရှိခဲ့ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။.[၁၅] လဲဗီ မွာနဝာဆာ သည် ၂၀၀၆ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။[၁၆] ၂၀၀၈ ခုနှစ်တွင် သမ္မတတာဝန်ထမ်းဆောင်နေရင်း ကွယ်လွန်သွားခဲ့သည်။ရူပီးယာ ဘန်ဒါ သည် အစားထိုးဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။[၁၇] ၂၀၁၁ ခုနှစ် ဇမ်ဘီယာ အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတ ရူပီးယာသည် မျိုးချစ်တပ်ဦး (PF) မိုက်ကယ်စာတာကို ရှုံးနိမ့်ခဲ့သည်။[၁၈]
သမ္မတ မိုက်ကယ် စာတာ သည် ၂၀၁၄ ခုနှစ်တွင် ရာထူးဖြင့် ကွယ်လွန်သွားခဲ့သည်။ထို့ကြောင့် ၎င်း၏ ဒုတိယသမ္မတ ဂိုင် စကော့တ် သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။အသားအရောင်ခွဲခြားမှုအဆုံးသတ်ပြီး၊ ၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကမှ F. W. de Klerk ရာထူးမှနုတ်ထွက်ပြီးနောက် ဂိုင် စကော့တ် သည် အာဖရိကနိုင်ငံတစ်ခု၏ ပထမဆုံးလူဖြူခေါင်းဆောင်ဖြစ်လာခဲ့သည်။.[၁၈][၁၉] သို့သော် ၎င်း၏ မိဘများသည် ဇမ်ဘီယာတွင် မွေးဖွားခြင်း မဟုတ်ဆိုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တားမြစ်ချက်အရ ရက် ၉၀ သာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့ပြီး ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးသွားခဲ့သည်။[၁၈][၂၀]
၂၀၂၁ ခုနှစ် ဇမ်ဘီယာ အထွေထွေ ရွေးကောက်ပွဲတွင် ညီညွတ်သော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဟာကိုင်ဒ် ဟီချီလ်မား အနိုင်ရရှိခဲ့သည်။[၂၁]
တာဝန်ထမ်းဆောင်သူများစာရင်း
[ပြင်ဆင်ရန်]| စဉ်. | ပုံ | အမည် (မွေးဖွား–ကွယ်လွန်) |
ရွေးကောက်ပွဲ | တာဝန်သက်တမ်း | နိုင်ငံရေးပါတီ | ||
|---|---|---|---|---|---|---|---|
| စတင်ရက် | ကုန်ဆုံးရက် | ကြာမြင့်ချိန် | |||||
| 1 | ကင်းနက် ကွန်ဒါ (၁၉၂၄-၂၀၂၁) |
၁၉၆၈ ၁၉၇၃ ၁၉၇၈ ၁၉၈၃ ၁၉၈၈ |
၂၄ အောက်တိုဘာ ၁၉၆၄ | ၂ နိုဝင်ဘာ ၁၉၉၁ | ၂၇ နှစ်၊ ၉ ရက် | UNIP | |
| 2 | ဖရက်ဒရစ် ချီလူဘာ (၁၉၄၃–၂၀၁၁) |
၁၉၉၁ ၁၉၉၆ |
၂ နိုဝင်ဘာ ၁၉၉၁ | ၂ ဇန်နဝါရီ ၂၀၀၂ | ၁၀ နှစ်၊ ၆၁ ရက် | MMD | |
| 3 | လဲဗီ မွာနဝာဆာ (၁၉၄၈–၂၀၀၈) |
၂၀၀၁ ၂၀၀၆ |
၂ ဇန်နဝါရီ ၂၀၀၂ | ၁၉ ဩဂုတ် ၂၀၀၈ | ၆ နှစ်၊ ၂၃၀ ရက် | MMD | |
| — | ရူပီးယာ ဘန်ဒါ (၁၉၃၇–၂၀၂၂) |
— | ၁၉ ဩဂုတ် ၂၀၀၈ | ၂ နိုဝင်ဘာ ၂၀၀၈ | ၇၅ ရက် | MMD | |
| 4 | ၂၀၀၈ | ၂ နိုဝင်ဘာ ၂၀၀၈ | ၂၃ စက်တင်ဘာ ၂၀၁၁ | ၂ နှစ်၊ ၃၂၅ ရက် | |||
| 5 | မိုက်ကယ် စာတာ (၁၉၃၇–၂၀၁၄) |
၂၀၁၁ | ၂၃ စက်တင်ဘာ ၂၀၁၁ | ၂၈ အောက်တိုဘာ ၂၀၁၄ | ၃ နှစ်၊ ၃၅ ရက် | PF | |
| — | ဂိုင် စကော့တ် (၁၉၄၄) |
— | ၂၈ အောက်တိုဘာ ၂၀၁၄ | ၂၅ ဇန်နဝါရီ ၂၀၁၅ | ၈၉ ရက် | PF | |
| 6 | အက်ဒ်ဂါ လန်ဂူ (၁၉၅၆–၂၀၂၅) |
၂၀၁၅ ၂၀၁၆ |
၂၅ ဇန်နဝါရီ ၂၀၁၅ | ၂၄ ဩဂုတ် ၂၀၂၁ | ၆ နှစ်၊ ၂၁၁ ရက် | PF | |
| 7 | ဟာကိုင်ဒ် ဟီချီလ်မား (၁၉၆၂) |
၂၀၂၁ | ၂၄ ဩဂုတ် ၂၀၂၁ | လက်ရှိ | ၄ နှစ်၊ ၂၆၆ ရက် | UPND | |
References
[ပြင်ဆင်ရန်]- ↑ Circumvention of Term Limits Weakens Governance in Africa။
- ↑ Free Rhodesia Set။ The Philadelphia Inquirer (1964-05-20)။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Brown၊ Spencer (1967)။ The Journal of Developing Areas။ 2။ Western Illinois University။ p. 483။ ASIN B000LL6FJ8။
- ↑ The_State_of_Political_Parties_in_Zambia_2003။ NDI။ 2021-07-27 တွင် ပြန်စစ်ပြီး။
- 1 2 After 27 years, Zambia elects new President။ The News Journal (1991-11-02)။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ 10 Ministers join Zambia's "Politburo"။ The Guardian (1973-08-27)။ 2021-07-26 တွင် ပြန်စစ်ပြီး။
- ↑ Nohlen၊ Dieter (1999)။ Elections in Africa: A data handbook။ p. 953။ ISBN 0-19-829645-2။
- ↑ Zambia Constitution 1991။ World Bank။ 24 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-06-27 တွင် ပြန်စစ်ပြီး။
- ↑ Matiashe၊ Farai Shawn (2021-06-17)။ Obituary: Zambia's Kenneth Kaunda helped liberate Southern African countries။ The Africa Report.com။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ ZAMBIA (1996-11-18)။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Zambia puts troops on alert following opposition's protest plans။ The Odessa American (1996-11-29)။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Chawe၊ Michael (2021-06-17)။ Zambia's former president Kenneth Kaunda dies aged 97။ 27 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Zambia vote expected to yield coalition government။ The Baltimore Sun (2001-12-27)။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Focus on pressure on Mwanawasa to resign (2003-02-05)။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Wiafe-Amoako၊ Francis (2019)။ Africa 2019-2020။ Rowman and Littlefield။ p. 338။ ISBN 9781475852462။
- ↑ Poll victory for Zambia president။ BBC News (2006-10-02)။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Zambia: Luwingu backs Rupiah's candidature in 2011။ Lusaka Times (23 November 2010)။ 2010-12-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- 1 2 3 Guy Scott's rise to Zambia's presidency။ BBC News (2014-10-29)။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Mfula၊ Chris (2014-10-29)။ Zambia's Scott becomes Africa's first white leader in 20 years။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Asala၊ Kizzi (2020-10-30)။ Zambian President's Bid to Amend Constitution Fails။ 2021-07-27 တွင် ပြန်စစ်ပြီး။
- ↑ Zambia election: Hakainde Hichilema beats President Edgar Lungu။ BBC News (16 August 2021)။ 12 September 2025 တွင် ပြန်စစ်ပြီး။