မာတိကာသို့ ခုန်သွားရန်

ဇဘီဟူလာ မူဂျာဟစ်

ဝီကီပီးဒီးယား မှ

ဇဘီဟူလာ မူဂျာဟစ် (Dari: ذبیح الله مجاهد‎‎ ) သည် အာဖဂန်နစ္စတန်အစ္စလာမ္မစ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်။ [၁][၂] မူဂျာဟစ်သည် တာလီဘန်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များအနက် တယောက်ဖြစ်ခဲ့ရာ အခြားသူတို့မှာ ဆူဟေးရှဟင်းနှင့် ယူစွတ်အာမဒီတို့ ဖြစ်၏။ မူဂျာဟစ်က အာဖဂန်နစ္စတန်ရှိ အရှေ့ပိုင်း, မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့မှ တာလီဘန်၏ လှုပ်ရှားမှုတို့ကို သတင်းထုတ်ပြန်သည်။ အာမဒီက အနောက်ပိုင်း၊ တောင်ပိုင်းတို့အတွက် တာဝန်ယူသည်။ [၃][၄]

မူဂျာဟစ်သည် ၂၀၂၁ ခု၊ ဩဂုတ်လ ၁၇ ရက်တွင် လူရှေ့ စရပ်သည်။ [၅] ယခင်က ဂျာနယ်လစ်များနှင့် ပုံမှန်ဆက်သွယ်သော်လည်း ဖုန်းဖြင့်၎င်း၊ စာပို့၍၎င်း၊ ဂျီဟတ်ဝက်ဘဆိုက်နှင့် တွစ်တာတို့တွင် တင်၍၎င်း လူလုံးပျောက်သောနည်းနှင့်သာ နေသည်။ ယခင် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မူဟာမက်ဟာနစ် အဖမ်းခံရသော ၂၀၀၇ ခု၊ ဇန်နဝါရီလတွင် စတင် ရာထူးရလာခြင်း ဖြစ်၏။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. "Taliban spokesman Zabihullah Mujahid vows they 'will not harm or threaten Afghanistan'". USA Today. August 17, 2021.
  2. "Taliban say they want peace, will respect women's rights under Islamic law". The Express Tribune. August 17, 2021.
  3. Norland, Rod (14 June 2011). "One Voice or Many for the Taliban, but Pegged to a Single Name". International New York Times.
  4. Taliban Propaganda: Winning the War of Words? Archived 4 March 2016 at the Wayback Machine. (PDF) (Report). Asia Report. International Crisis Group. 24 July 2008. p. 42.
  5. "Taliban spokesman says U.S. will not be harmed from Afghan soil". NBC News.
  6. "Taliban spokesman arrested". Al Jazeera. Al Jazeera Media Network. 20 January 2007.