ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်ကြီး
ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်ကြီး | |
---|---|
စေတီအဝင်မုခ်ဝ | |
အမြင့်ဆုံးအမှတ် | |
အမြင့် | ၃,၀၀၀[၁] ft (၉၁၀ m) |
ကိုဩဒိနိတ် | 16°42′49″N 97°26′30″E / 16.71361°N 97.44167°Eကိုဩဒိနိတ်: 16°42′49″N 97°26′30″E / 16.71361°N 97.44167°E |
ပထဝီဝင် | |
တည်နေရာ | မွန်ပြည်နယ်, မြန်မာနိုင်ငံ |
တောင်တက်ခြင်း | |
ပထမဆုံး တက်ရောက်ခြင်း | မသိရ |
အလွယ်ဆုံး တောင်တက်လမ်း | ကားလမ်း |
ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်ကြီး (မွန်: ဓာတ်သော်ဂမၠိုၚ် ဇိုၚ်ကျာ်) သည် မွန်ပြည်နယ်၊ ဇင်းကျိုက်တောင်ပေါ်ရှိ ဗုဒ္ဓဆံတော်ကိန်းဝပ်တည်ရှိရာ စေတီတော်တစ်ဆူ ဖြစ်သည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ဇင်းကျိုက်တောင်သည် တနင်္သာရီကမ်းရိုးတန်း၏ မြောက်ဘက်ပိုင်းတွင် ပါရှိပြီး မွန်ပြည်နယ်တွင် တည်ရှိသည်။ ကျိုက်ထီးဆောင်းဆရာတော်က တောင်တက်လမ်းကို ဖောက်လုပ်၍ ပြီးစီးခဲ့ပြီးဖြစ်သဖြင့် တောင်တက်ကားဖြင့် တက်ရောက်နိုင်သည်။ စေတီတော်တည်ရှိရာတောင်သည် ရခိုင်ရိုးမ၏ အရှေ့ဘက်ပိုင်းတွင် တည်ရှိသည်။ စေတီတော်သည် ရန်ကုန်မြို့မှ ၂၆၆ ကီလိုမီတာ (၁၆၅ မိုင်) အကွာ၊ မော်လမြိုင်မြို့မှ မြောက်ဘက် ၄၅ ကီလိုမီတာတွင် တည်ရှိသည်။ တောင်ထိပ်သည် ပေပေါင်း ၃၀၀၀ ကျော် ရှိသည်။ တောင်ခြေ၏ အနီးတွင် ကားလမ်းမကြီးနှင့် ရန်ကုန်-ထားဝယ်ရထားလမ်းများ ဖြတ်သန်းလျက်တည်ရှိသည်။ ထို့ပြင် တောင်ခြေ၏ အနီးတွင် ဇင်းကျိုက်ရွာ ရှိကာ ဇင်းကျိုက်ရေတံခွန် လည်း တည်ရှိသည်။ ရေတံခွန်သို့ ပြည်တွင်းမှ ခရီးသွားများသည် မိုးရာသီနှင့် ဝါဆိုလပြည့်နေ့များတွင် လာရောက်လေ့ ရှိကြသည်။ နွေရာသီတွင် ရေတံခွန်တွင် ရေများခန်းခြောက်လျက်ရှိသည်။
သမိုင်း
[ပြင်ဆင်ရန်]တိဿနှင့် သီဟ
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ မရောက်မီအချိန်တွင် ဂစ္ဆာဂီရိ (ယခု ဇင်းကျိုက်တောင်) တွင် တိုင်းပြည်တစ်ခု ရှိခဲ့သည်။ ထိုဒေသ၏ ဘုရင်ဖြစ်သူမှာ Tissa Dama Gyaik ဖြစ်ပြီး မိဘုရားမှာ Thi Yi Kappar Dawi ဖြစ်သည်။ သူတို့နှစ်ဦးသည် တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချုပ်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းပြည်သည် တည်ငြိမ်အေးချမ်းကာ ချမ်းသာကြွယ်ဝ၍ တိုးတက်ဖွံ့ဖြိုးခဲ့သည်။ သူတို့ဇနှီးမောင်နှံတွင် သားနှစ်ဦး ရှိသည်။ ပညာရှိသုခမိန်တို့က သားနှစ်ဦးအား အနာဂတ်ဟောကိန်းများ ထုတ်ခဲ့ကြသည်။ သားအကြီးသည် ဖခင်ဖြစ်သူနှင့် ပုံပန်းသဏ္ဌာန် ဆင်တူသည်။ ပုဏ္ဏားတစ်ဦးသည် Tissa Dama Yaza မင်းအား မင်းသားသည် “ကြီးကျယ်သည့် ကျွမ်းကျင်မှုများ၊ လိမ္မာယဉ်ကျေးမှု၊ နူးညံ့သိမ်မွေ့မှု၊ ကောင်းမွန်သည့် စရိုက်လက္ခဏာရှိမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု” စသည်တို့ဖြင့် ထင်ရှားမည့်သူဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။ ထိုစကားကိုကြားပြီးနောက် မင်းကြီးသည် မင်းသားအား တိဿကုမာရ ဟူသည့်အမည်ကို မှည့်ခဲ့သည်။ အငယ်ဆုံးသား ဖွားမြင်လာသည့်အခါ ကလေးသည် ချစ်စရာကောင်းသော ကလေးငယ်တစ်ဦး ဖြစ်ခဲ့သည်။ ကလေးငယ်၏ ခြေဖဝါးနှစ်ဖက်စလုံးတွင် ခြင်္သေ့နှင့်ပုံစံတူသည် အမှတ်အသားများ ပါလာခဲ့သည်။ ထို့ကြောင့် မင်းကြီးသည် ထိုသားကို သီဟကုမာရဟု အမည်မှည့်ခဲ့သည်။
ထိုမင်းသားညီအစ်ကိုနှစ်ဦးသည် တစ်ဦးပေါ်တစ်ဦး အလွန်ချစ်ခင်ကြင်နာကြသည်။ သူတို့နှစ်ဦးသည် ကောင်းမွန်သည့် ဇိမ်ခံပစ္စည်းများဖြင့် ပျော်မွေ့စွာပင် ကြီးပြင်းခဲ့ကြသည်။ ဘုရင်နှင့် မိဖုရားတို့သည် ကလေးငယ်များအား ခြင်များ၊ အင်းဆက်များနှင့် ယင်များမှ ကာကွယ်ပေးရန် စောင့်ရှောက်ခဲ့ကြသည်။ သားတော်နှစ်ပါးသည် အသက် ၂၃ နှင့် ၂၁ နှစ်သို့ ရောက်ရှိလာခဲ့ကြသည်။ သားတော်ကြီးသည် ၂၃ နှစ်ဖြစ်ပြီး သားတော်ငယ်သည် ၂၁ နှစ် ဖြစ်သည်။ သားတော်ကြီး တိဿကုမာရသည် ဖြောင့်မတ်ခိုင်ခံသည့်ကိုယ်ကျင့်တရားရှိသူဖြစ်ပြီး တရားအားထုတ်ခြင်းကို အထူးလေ့လာလိုက်စားခဲ့သည်။ သူသည် မည်သူတစ်ဦးတစ်ယောက်မျှ အိုခြင်း၊ နာခြင်း၊ သေခြင်း စသည့် ဘေးဆိုးများမှ မလွတ်ကင်းနိုင်သည်ကို နားလည်ခဲ့သည်။ သူသည် တောထဲသို့သွားရောက်ကာ ရသေ့ဝတ်ခဲ့သည်။ သူသည် ညီတော်ဖြစ်သူနှင့် တွေ့ဆုံ၍ ထီးနန်းပလ္လင်ကို စွန့်ခွာမည်ဖြစ်ပြီး သူ၏ အကြံအစည်များကိုလည်း ဆွေးနွေးခဲ့သည်။ သူသည် ညီငယ်အား ဘုရင့်နေရာရာထူးကို ညီဖြစ်သူအား ဆက်ခံပြီး မိဘနှစ်ပါးကို စောင့်ရှောက်ရန် ပြောကြားခဲ့သည်။ ညီငယ်ဖြစ်သူသည်လည်း အစ်ကိုဖြစ်သူကဲ့သို့ပင် တောထဲသို့ လိုက်သွားကာ ရသေ့အဖြစ် အသက်ဆက်ရှင်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့နှစ်ဦးသည် တောထဲတွင် သွားရောက်ကာနေရန်အတွက် သင့်တော်သည့်အချိန်ကို စောင့်ခဲ့ကြသည်။
ဘုရင်တိဿဓမ္မရာနှင့် မိဖုရား Thiyi Kappar Dawi အသက်အရွယ်ကြီးရင့်လာသည့်အခါ သူတို့နှစ်ဦးသည် သားကြီးအား နန်းပလ္လင်ကို ပေးကာ သားငယ်အား အိမ်ရှေ့စံမင်းသား ရာထူးပေး၍ အနားယူ တရားအားထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည့် တရားသူကြီးများ စသည်များ၊ သားများအား ရာထူးများပေးရန်အတွက် တရားဥပဒေနှင့်အညီ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် မင်းသားများသည် ထိုရာထူးများကို ငြင်းဆန်ခဲ့ကြသည်။ ထို့နောက်သူတို့နှစ်ဦးသည် ရသေ့များအဖြစ် တောထဲတွင် နေထိုင်ကာ တရားအားထုတ်မည်ဖြစ်သည်ကို ခွင့်ပြုပေးရန် မိဘတိုထံ ခွင့်တောင်းခဲ့ကြသည်။ သူတို့သည် မိဘနှစ်ပါးထံ အကြိမ်များစွာ တောင်းဆိုခဲ့ကြသည်။ ဘုရင်နှင့် မိဖုရားတို့လည်း သားဖြစ်သူနှစ်ဦးသည် ငယ်စဉ်ကတည်းက နန်းတော်တွင် ကြီးပြင်းလာခဲ့သူများ ဖြစ်ခဲ့ကြပြီး တောတောင်ထဲတွင် နေထိုင်ရန် မသင့်တော်ဟု ထင်ခဲ့ကြသည်။ ထိုအခါတွင် သားဖြစ်သူနှစ်ဦးလည်း စိတ်ဓာတ်ကျ၍ အစားပင် မစားတော့ပေ။ ထို့ကြောင့် အလွန်ပိန်လာခဲ့သည်။ နောက်ဆုံးတွင် ဘုရင်နှင့် မိဖုရားသ်ည သားတော်နှစ်ဦးအား သနားတော်မူလာကာ သားတော်တို့အား တောထဲသို့ သွားရောက်ရန် ခွင့်ပြသဘောတူခဲ့သည်။
မင်းသားနှစ်ပါးလည်း မိဘတို့အား ကျေးဇူးတင်ခဲ့ကြပြီး အစားများလည်း ပြန်လည်စားခဲ့သည်။ တစ်ပတ်ကြာပြီးနောက် မင်းသားနှစ်ပါးအား တောထဲသို့ သွားရောက်ခြင်းကို ခမ်းနားစွာဖြင့် ဘုရင်၊ မိဖုရားနှင့် တိုင်းသူပြည်သားများသည် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ သူတို့နှစ်ဦးအတွက် သန့်ရှင်းသည့်ရေနှင့် လတ်ဆတ်သည့် သစ်သီးသစ်ဥများ ရနိုင်သည့်နေရာတွင် ကျောင်းတစ်ခုကို ဆောက်လုပ်ခဲ့သည်။ ထိုကျောင်းတော်ကို ဇင်းကျိုက်တောင်ခြေတွင် တည်ဆောက်ခဲ့သည်။ ညီအစ်ကိုနှစ်ဦးတို့သည် ထိုကျောင်းတော်တွင် နေထိုင်ခဲ့ကြပြီး တိဿရသေ့နှင့် သီဟရသေ့ ဟု တွင်ခဲ့သည်။ တိဿနှင့် သီဟတို့သည် တစ်ဦးနှင့်တစ်ဦး စကားပြောခြင့် တရားအားထုတ်မည့်အချိန်များ ကုန်ဆုံးစေသဖြင့်အတူတကွ နေထိုင်ခြင်းကို သဘောမကျ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် တိဿရသေ့သည် ဇင်းကျိုက်တောင်တွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး သီဟမှာမူ ဇွဲကပင်တောင်တွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဇင်းကျိုက်တောင်မှတစ်ဆင့် ဇွဲကပင်တောင်ကို မြင်နိုင်သည်။
အမြွှာညီနောင်
[ပြင်ဆင်ရန်]ဒေသဒဏ္ဍာရီများအရ အမွှာညီနောင်နှစ်ဦး ရှိကြသည်။ Himalayas တောင်မှ ဝိဇ္ဇာနှင့်နှင့် နဂါးမင်းသမီးတို့၏ ကလေးငယ်များဖြစ်သည်။ ကလေးငယ်နှစ်ဦးအား ဇင်းကျိုက်တောင်ခြေတွင် ဥများအဖြစ် မွေးဖွားခဲ့ကာ စွန့်ပစ်ခဲ့သည်။ ထိုတောင်ခြေနေရာသည် ကမ်းခြေနှင့် သိပ်မဝေးပေ။ တိဿသည် စင်္ကြန်လျှောက်စဉ် ဥများကို တွေ့ရှိခဲပြီး ဇင်းကျိုက်တောင်ရှိ ကျောင်းသို့ ယူဆောင်ခဲ့သည်။ ထိုညတွင်ပင် တိဿသည် အစ်ကိုဖြစ်သူ သီဟရှိရာ ဇွဲကပင်တောင်မှအလင်းတန်းတစ်ခုကို တွေ့မြင်ခဲ့သည်။ သီဟသည် တိဿနှင့် တွေ့ဆုံခဲ့ပြီး တိဿသည် ဥတစ်လုံးကို အစ်ကိုဖြစ်သူအား ပေးခဲ့သည်။ သီဟလည်း ဥတစ်လုံးကို ဇွဲကပင်တောင်သို့ ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် တစ်လုံးမှာမူ တိဿနှင့်ကျန်ရှိနေခဲ့သည်။ ဇင်းကျိုက်တောင်ထိပ်ရှိ တိဿ၏ ဥသည် ပထမဆုံး ပေါက်ဖွားခဲ့ပြီး ထို့နောက်တွင်မှ သီဟ၏ ဥသည်လည်း ဇွဲကပင်တောင်တွင် ပေါက်ဖွားခဲ့သည်။ တိဿသည် သူ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာသည့် ကလေးငယ်ကို နေထွက်ချိန်တွင် မွေးဖွားလာသည့်အတွက် သူရိယကုမရ ဟု အမည်ပေးခဲ့သည်။ အငယ်ဖြစ်သူမှာမူ အသက် ၁၀ နှစ်အရွယ်တွင် ကျောက်ကြီးရောဂါဖြင့် သေဆုံးခဲ့ရသည်။ သီဟသည် သူရိယကုမာရအား တိဿနှင့်အတူ စောင့်ရှောက်ရန်အတွက် ဇင်းကျိုက်တောင်သို့ ရောက်ရှိလာခဲ့သည်။ ရသေ့များသည်လည်းလူသိများထင်ရှားလာခဲ့ကြပြီး ထိုတောင်တည်ရှိရာနေရာပတ်လည်သည်လည်း လူနေထူထပ်လာခဲ့သည်။ ထို့ကြောင့် တိဿရေသ့သည် ဇင်းကျိုက်တောင်မှ ကျိုက်ထီးရိုးတောင်သို့ ပြောင်းရွှေ့ခဲ့သည်။ သူရိယကုမရလည်း တိဿ၏ သင်ကြားပြသပေးမှုဖြင့် တရားအားထုတ်မှုများကို လေ့လာခဲ့သည်။ နောက်ဆုံးတွင် သူရိယကုမရာသည် သထုံပြည်၏ ပထမဆုံးသော ဘုရင်ဖြစ်လာခဲ့သည်။
ဗုဒ္ဓဆံတော်
[ပြင်ဆင်ရန်]Chakesadhatuvamsa သည် မြန်မာဘာသာဖြင့် ဗုဒ္ဓ၏ ဆံတော်ခြောက်ဆူဟု သမိုင်းများတွင် မှတ်တမ်းတင်ထားကြသည်။ သမိုင်းများအရ ဗုဒ္ဓသည် ရာဇဂြိုဟ်ပြည်၊ Venuvana တွင် ဆံတော်ခြောက်ဆူကို တပည့်သာဝကများအား ပေးသနားတော်မူခဲ့သည်။ ထိုဆံတော်ခြောက်ဆူကိုလည်း ဗုဒ္ဓမြတ်စွာဘုရား မရောက်ရှိခဲ့ဖူးသည့် အိမ်နီးချင်းတိုင်းပြည်များသို့ ပေးခဲ့သည်။ ဒဏ္ဍာရီများတွင်မူ ဗုဒ္ဓသည် မွန်ပြည်နယ်သို့ ရောက်ရှိ၍ တရားဟောကြားခဲ့ပြီး ဆံတော်ခြောက်ဆူကို ကျိုက်ထီးရိုး၊ ဇင်းကျိုက် (တိဿရသေ့)၊ ဇွဲကပင်တောင် (သီဟရသေ့)၊ ကေလာသတောင်၊ Kuthaerayone, မဲလံ စသည့် တောင်များတွင် နေကြသည့် ရသေ့များကို ပေးသနားတော်မူခဲ့သည်။ ကျိုက်ထီးဆောင်းတောင်ရှိ ဘီလူးညီအစ်ကိုသည်လည်း ဆံတော်တစ်ဆူ ရရှိခဲ့သည်။ ရသေ့များနှင့် ဘီလူးများ အားလုံးတို့သည် ဆံတော်များကို ဆံတော်များကို ကျောက်တုံးကြီးများတွင် ဌာပနာခဲ့သည်။ တိဿသည်သူရရှိသည့် ဆံတော်ကို ဇင်းကျိုက်တောင်ထိပ်သို့ ယူဆောင်ခဲ့ပြီး စေတီတည်ခဲ့သည်။
ပြန်လည်ပြုပြင်မွမ်းမံခြင်း
[ပြင်ဆင်ရန်]ကျိုက်ထီးဆောင်းဆရာတော်သည် သူ၏ ဘဝသက်တမ်းတွင် ဗုဒ္ဓဆံတော်ကိန်းဝပ်နေသည့် စေတီပုထိုး ကိုးဆူကို ပြုပြင်ခဲ့သည်။ ထိုကိုးဆူထဲတွင် ဇင်းကျိုက်စေတီတော်လည်း ပါဝင်ခဲ့သည်။[၂] ဆရာတော်သည် စေတီတော်ပတ်လည်တွင် ဝင်းတစ်ခုကို ဆောက်လုပ်ခဲ့ပြီး တောင်ထိပ်သို့ တက်ရောက်ရာလမ်းကိုလည်း ခင်းခဲ့သည်။ စေတီတော်တည်ရှိရာ တောင်ထိပ်တွင် ဘုန်းတော်ကြီးကျောင်းတစ်ခုနှင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Myanmar Times: Once Off-Limits, Mon State Reveals Its Beauty။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-09-21 တွင် ပြန်စစ်ပြီး။
- ↑ Bio – Kyaithisaung Sayadaw။ 2 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-08-31 တွင် ပြန်စစ်ပြီး။