ဆွေးနွေးချက်:ရှစ်လေးလုံးအရေးအခင်း

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အရေးအခင်းလား အရေးတော်ပုံလား[ပြင်ဆင်ရန်]

အငြင်းအခုံဖြစ်ကြရတဲ့ အသုံးအနှုံးပါ။ အရေးအခင်း ဆိုတဲ့အသုံးဟာ နှိမ့်ချတာလို့ ရေးတာတွေ ဖတ်ဖူးပါတယ်။ တစ်ဖက်ကို ယိမ်းတယ်ပေါ့။ အရေးတော်ပုံ လို့ သုံးရမယ်ဆိုတာမျိုးတွေ။ Neutral ဖြစ်မယ့် အသုံးအနှုံးတစ်ခုခု ဆွေးနွေးပေးကြပါ။ မျိုးကြည်သာ (ဆွေးနွေး) ၁၃:၄၁၊ ၃၀ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

စကားလုံးဝေါဟာရချည်းသီးသန့်ကို ခံစားမိသလောက် "အရေးအခင်း" မှာ ဘက်ကင်းတယ်လို့ထင်ပါတယ်၊ အရေး - အမှုကိစ္စ, အခင်း - အမှုကိစ္စ (business, affair, matter) , အရေးအခင်း - လူအများအပြား တစ်ဖက်နှင့်တစ်ဖက်ဖြစ်တဲ့ ဆူပူမှု၊ ပဋိပက္ခ ၊ အရေးတော်ပုံဆိုတာလည်း တစ်နိုင်ငံလုံး/တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အရေးအခင်း တဲ့၊ ပတ်လည်ရိုက်နေတဲ့ အနက်ပါ။ အချို့ကတော့ သူ့အမြင်နဲ့သူ မကြိုက်/မသုံးချင်တဲ့ ဝေါဟာရတွေရှိမှာပါ။ Googling လုပ်ရာမှာ အရေးတော်ပုံ ကို ပိုမိုသုံးစွဲတာရှိသလို အရေးအခင်း စကားလုံးက်ုလည်း interchangeably အများအပြား သုံးစွဲကြတာလည်းတွေ့ရ။ ကျွန်တော့်အမြင်အရ ဘယ်စကားလုံးသုံးသည်ဖြစ်စေ ဒီအနက်ပဲ ခံစားမိလို့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။ အရေးအခင်းက general ပိုကျပြီး အရေးတော်ပုံမှာ နောက် ဒါနဲ့မတူတဲ့ အနက်တစ်ခုရှိပါသေးတယ်။ Aungookingofcelestials (ဆွေးနွေး) ၀၉:၂၁၊ ၃၁ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]