ဆွေးနွေးချက်:အိမ်မဲမြို့

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အိမ်မဲတူးမြောင်း[ပြင်ဆင်ရန်]

၁.။အိမ်မဲမြို့သည်ဧရာဝတီတိုင်းအတွင်းတွင်တည်ရှိသောမြို့တမြို့ဖြစ်ပါသည်.ထိုမြို့သည်အိမ်မဲချောင်းကမ်းပါးတွင်တည်ရှိပါသည်.အိမ်မဲချောင်းမှာကျုံပျော်မြို့အထက်နားတွင်မြစ်ဖျားခံပီးကျုံပျော်နှင့်ကျောင်းကုန်းမြို့များကိုဖြတ်သန်း၍ အိမ်မဲမြို့သို့စီးဆင်းလာပါသည်,အိမ်မဲမြို့မှတဆင့်ကျေးရွာကြီးပေါင်းမြောက်များစွာကိုဖြတ်ကျော်၍ မြောင်းမြချောင်းအတွင်းသို့စီးဝင်သွားပါသည်. ၂.။၁၉၂၄ခုနှစ်မတိုင်မီက အိမ်မဲမြို့တွင်တူးမြောင်းမရှိခဲ့ပါ အိမ်မဲ့မြို့မှရန်ကုန်မြို့သို့ခုတ်မောင်းသွားလာကျရသောသင်္ဘောများသည်အိမ်မဲမြို့မြောက်ဘက်ဖျားရှိညောင်ဝိုင်းဆိုသောရွာကလေးအနီးမှ စီးဆင်းနေသောရေကျော်ချောင်းကလေးကိုဖြတ်၍သွားလာခုတ်မောင်ကြရပါသည်။ထိုရေကျော်ချောင်းကလေးမှာ အိမ်မဲချောင်းမှစီးဆင်းလာပြီး ထိန်ငူချောင်းကိုဖြတ်၍တင်သက်(ခ)ကျင်သက်ချောင်းသို့စီးဝင်ပါသည်။သင်္ဘောတစင်းသည်ရေကျော်ချောင်းကလေးကိုဖြတ်၍ ကျင်သက်ချောင်းသို့ရောက်ရှိစေရန်သာမာန်အား ဖြင့်(၅)နာရီခန့်အနည်းဆုံးခုတ်မောင်းရပါသည်။အိမ်မဲမှရန်ကုန်သို့ထွက်သောသင်္ဘောများသည်အိမ်မဲချောင်းမှရေကျော်ချောင်ကိုဖြတ်ကျော်ခုတ်မောင်းပြီးကျင်သက်ချောင်းအတွင်းသို့ဝင်ရပါသည်။ကျင်သက်ချောင်းမှတဆင့် တစ်တီတူးချောင်းဝကိုဖြတ်၍ ရွှေလောင်းချောင်းအတွင်းသို့ဝင်ရပါသည်။ ၃.။အိမ်မဲချောင်းနှင့်ကျင်သက်ချောင်းကို ဆက်သွယ်ထားသောရေကျော်ချောင်းမှာ သေးငယ်ကျဉ်းမြောင်းလှသော ချောင်းကလေးတခုဖြစ်သည့်အပြင် အကွေ့အကောက်လည်းအလွန်များပြားလှပါသည်။ရေကျော်ချောင်းအတွင်း သွားလာခုတ်မောင်းရသော သင်္ဘောများသည် ဒီရေတတ်ကိုစောင့်၍ ခုတ်မောင်းကြရပါသည်။တခါတရံတွင် ရေကျော်ချောင်းကလေးအတွင်း သင်္ဘောခုတ်မောင်းနေစဉ် ရေကျခြင်း(ဒီရေကျခြင်း)ကြောင့်သင်္ဘော သောင်တင်နေရပါတော့သည်။ထိုသင်္ဘော်သည် နောက်တကြိမ်ဒီရေပြန်တတ်သည်အထိ စောင့်ဆိုင်းနေရခြင်းကြောင့် အချိန်နာရီပေါင်း (၁၀)နာရီမှ(၁၂)နာရီထိ စောင့်ဆိုင်းနေရတတ်ပါသည်။သို့ဖြစ်၍ အိမ်မဲမှရန်ကုန်သို့ ခုတ်မောင်းနေသော သင်္ဘောတစင်းသည် ရေကျော်ချောင်းကို ဖြတ်ကျော်နေစဉ် ဒီရေကျသွားသည့်အချိန်နှင့်ကြုံခဲ့ပါလျင် ဆက်လက်ခုတ်မောင်းနိုင်ခြင်းမရှိတော့ပဲချောင်းတနေရာရာတွင် လုံးဝရပ်တန့်နေရပါတော့သည်။ထိုအခါတွင် သင်္ဘောဖြင့်လိုက်ပါသွားသော..ခရီးသည်များသည်..အိမ်မဲမြို့သို့..ကုန်းကြောင်းခရီးဖြင့်ခြေလျင်ပြန်လာကျပီးထမင်းစားသောက်ခြင်း နားနေအိပ်စက်ခြင်းများ ပြုလုပ်ကျသည်ဟုကြားသိခဲ့ရပါသည်။ ၄.။ထိုအချိန်က အိမ်မဲနှင့်ရန်ကုန် ခုတ်မောင်းနေသောသင်္ဘောများမှာ "ဘောဂဗလ"အမည်ရှိ တထပ်ကုန်တင်သင်္ဘော ၊"ဆင်မလာ"အမည်ရှိတထပ်ခွဲ လူစီးကုန်တင်သင်္ဘော "အောင်ဗလ"အမည်ရှိတထပ်ကုန်တင်သင်္ဘောတို့ခုတ်မောင်းနေကျသည်ဟုသိရှိရပါသည်။ဘောဂဗလသင်္ဘောမှာ ဧရာဝတီ ကုမ္ပဏီ ပိုင်ဖြစ်ပြီး "ဆင်မလာနှင့်အောင်ဗလသင်္ဘောများမှာ"ကုလားသူဌေးပိုင်များဖြစ်သည်ဟုသိရှိရပါသည်။၎င်းတို့သည်ရေနွေးငွေ့နှင့်မောင်းနှင်ရသောသင်္ဘောများဖြစ်၍ အသွားနူံးမှာလည်းများစွာမှနှေးကွေးလှပါသည်။ထိုသင်္ဘောများသည် အိမ်မဲမှရန်ကုန်သို့ရောက်ရှိရန်အတွက် သာမာန်အားဖြင့်လမ်း ၌ (၂)ညခန့်အိပ်ရသည်ဟုသိရှိရပါသည်။ ဤကဲ့သို့ရန်ကုန်နှင့်အိမ်မဲ‌ရေကြောင်းသွားလာရေးအခက်အခဲကို ကျော်လွန်နိုင်စေရန်အတွက် နည်းလမ်းများကိုရှာဖွေကျရာတွင် ပထမ၌ ရေကျော်ချောင်းကလေးကို နက်ရှိုင်းသွားအောင် တူဖော်၍ တူးမြောင်းအသစ်တခု ဖောက်လုပ်ရန်ရည်ရွယ်ခဲ့သည်ဟုသိရပါသည်။ သို့ရာတွင် မည်သည့်နေရာမှစ၍ မည်သည့်နေရာသို့ တူးမြောင်းဖောက်လုပ်သင့်သည်ကိုလေ့လာစူးစမ်းကြသောအခါတွင် အိမ်မဲချောင်းနှင့်တင်သက်(ခ)ကျင်သက်ချောင်းကိုဆက်သွယ်သွားစေမည့် တူးမြောင်းဖောက်လုပ်ခြင်းကရေကျော်ချောင်းကလေးကိုထပ်မံတူးဖော်၍ တူးမြောင်းဖောက်လုပ်ခြင်းထက်ပိုမိုအကျိုးဖြစ်ထွန်းမူရှိနိုင်သည်ကိုလေ့လာတွေ့ရှိရပါသည်။ အကြောင်းမှာ....အိမ်မဲချောင်းနှင့်ကျင်သက်ချောင်းနှစ်ခုအကွာအဝေးသည်အနီးဆုံးနေရာတွင် (၃)မိုင်ခန့်သာကွာဝေးသည်ကို တိုင်းထွာသိရိှရသောကြောင့်ဖြစ်ပါသည်။သို့ဖြစ်၍ နယ်မြေလူထု၏သဘောတူညိချက်ကို ရယူပြီးနှောက် ကျင်သက်ချောင်းနှင့်အိမ်မဲချောင်းကိုတူးမြောင်းဆက်သွယ်ဖောက်လုပ်ရန်အတွက် အစိုးရက ၁၉၂၂-၂၃ ခုနှစ်တို့တွင် လေ့လာစမ်းသပ်ခြင်း/မြေတိုင်းတာခြင်းများကို စတင်ဆောင်ရွက်ကြောင်း သိရှိရပါသည်။ ၅။.အိမ်မဲချောင်းနှင့် ကျင်သက်ချောင်း တူးမြောင်းဖောက်လုပ်ရေးအတွက် ဆည်မြောင်းဌာနမှ တိုင်းတာလေ့လာမူများပြုလုပ်ရာတွင် ယခုအချိန်အခါ၌ တူးမြောင်းထိပ်တွင်တည်ရှိနေသော ကန်ကြီးထောင့်ကျေးရွာကို အခြေခံစခန်းအဖြစ် ပြုလုပ်၍ လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်ဟူ သိရှိရပါသည်။အိမ်မဲတူးမြောင်းကို ဖောက်လုပ်ရန်အတွက် တိုင်းတာလေ့လာမူများ ပြုလုပ်ခဲ့သောသူမှာ ဆည်မြောင်းဌာနမှ ဆည်မြောင်းဝန်ထောက်(ဦးဖေ)ဆိုသူဖြစ်ကြောင်းသိရှိရပါသည်။ အိမ်မဲ -ကျင်သက်တူးမြောင်းကို ၁၉၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်၍တူးဖော်ဖောက်လုပ်ခဲ့ပါသည်။ထိုတူးမြောင်းကိုတူးဖော်ခဲ့သော သောင်တူးသင်္ဘောကြီး"၏ အမည်မှာ (OSWALD)အော့စ့်ဝါ့(ထ္)ခေါ်သည်ဟုသိရပါသည်။တူးမြောင်းသည်(၃)မိုင်ခန့်ရှည်လျားပြီးကန်ကြီးထောင့်ရွာနှင့်.တာကုန်းကျေးရွာများကိုဖြတ်၍ဖောက်လုပ်ခဲ့ပါသည်။၁၉၂၅ခုနှစ်နှစ်ဦးပိုင်းလောက်တွင်တူးမြေင်းဖောက်လုပ်ခြင်းလုပ်ငန်းများ...လုံးဝပြီးစီးခဲ့သည်ဟုသိရှိရပါသည်။တူးမြောင်းစတင်တူးဖော်စဉ်က အကျယ်ပေ(၁၀၀)နှင့်အနက်(၁၀)ပေခန့်တူးဖော်ခဲ့ကြောင်းသိရှိရပါသည်။ယခုအခါတွင် တူမြောင်း၏အကျယ်မှာ ပေ(၃၀၀)ခန့်ရှိပြီး ပျမ်းမျှ ရေပြင်အကျယ်မှာ(၂၅၀)ပေခန့်ရှိပြီး ရေအနက်မှာ ပျမ်းမျှ (၁၆)ပေခန့်ရှိပါသည်။ ထိုတူးမြောင်းဖောက်လုပ်ခြင်းအတွက် စုစုပေါင်းကုန်ကျစရိတ်ငွေမှာ(၃၈၀၉၆၆)ကုန်ကျခဲ့ကြောင်းသိရှိရပါသည်။ ၆။.တူးမြောင်းဖောက်လုပ်ပြီးသောအခါတွင် အိမ်မဲနှင့်ကန်ကြီးထောင့်ကျေးရွာမှာ တူးမြောင်းကြီးတခု ခြားသွားသောကြောင့် ကူးတို့ဆိပ်တခုဖြစ်ပေါ်လာရပါသည်။အစိုးရက တူးမြောင်းတဘက်နှင့်တဘက် ကူးရန်အတွက် ကူးတို့ဆိပ်တခုဖွင့်လှစ်ပြီး ကူးတို့ သမ္ဗာန်များ ထားပေးပါသည်။မည်သူမဆိုတူးမြောင်း ကိုဖြတ်ကျော်ပြီး အိမ်မဲမှကန်ကြီးထောင့်သို့ လည်းကောင်း,ကန်ကြီးထောင့်မှအိမ်မဲသို့လည်းကောင်း အစိုးရကူတို့ဖြင့် ကူးသူများသည် (ကူးတို့ခ)ပိုက်စံ(၁)ပြားပေးရသည်ဟုသိရှိရပါသည်။အိမ်မဲကျင်သက်တူးမြောင်းကို မဖောက်လုပ်ခင်က အိမ်မဲမြို ဒီစတြိတ်ကောင်ဆယ်အဖွဲမှ ဖောက်လုပ်ထားသော အိမ်မဲ-ကန်ကြီးထောင့်-တန်းတပင်တာလမ်းမကြီးရှိပါသည်။ထိုတာလမ်းမကြီးရှိသည့်အတွက် အိမ်မဲ-ကန်ကြီးထောင့်-ထန်းတပင် ခရီးသွားလိုသူများသည် ခြေလျင်ဖြစ်စေ၊ စက်ဘီးနှင့်ဖြစ်စေ၊မော်တော်ကားနှင့်ဖြစ်စေ တောက်လျောက်သွားလာနိုင်ကျပါသည်။ယခုတူးမြောင်းဖောက်ပြီးသောအခါတွင်မူ တူးမြောင်းကိုဖြတ်၍ ခရီးသွာလာရာတွင် အခကြေးငွေအဖြစ်(ကူးတို့ခ)ပေးရခြင်းအတွက် ဆင်းရဲသား.တောင်သူလယ်သမား .လုပ်သားပြည်သူမျာ စိတ်မချမ်းမသာဖြစ်ကြရပါသည်။ဤကဲ့သို့(ကူးတို့ခ)ပေးရခြင်းအတွက် လုပ်သားပြည်သူများက မ‌ကျေမနပ်ဖြစ်ကျပြီးကန့်ကွက်အရေးဆိုကျပါသည်။ ထိုအခါတွင် အိမ်မဲပါလီမန်အမတ်သည် ပါလီမန်တွင် ဤကိစ္စကိုတင်ပြပေးသည်အတွက် အစိုးရမှ အိမ်မဲတူးမြောင်းကို ဖြတ်ကျော်ကူးသန်းနိုင်ရန် (အခမဲ့)ကူတို့ဆိပ်တခု ဖွင့်လှစ်ပေးခဲ့ပါသည်။ ရ။.ဤ အိမ်မဲ-ကျင်သက် တူးမြောင်းမဖောက်မှီက ခတ္ထိယရွာပါတ်ဝန်းးကျင်ရှိ လယ်များ.ချောင်းဖျားပါတ်ဝန်းကျင် ရှိလယ်များ ထန်းတပင်ပါတ်ဝန်းကျင်ရှိလယ်များ.,.သီးကွင်းသရက်ကုူန်းပါတ်ဝန်းကျင်လယ်များသည်စပါးအလွန်အထွက်ကောင်းသည်ဟုသိရပါသည်။ ၁၉၂၅/၂၆ ခုနှစ် တူးမြောင်းဖောက်လုပ်ပြီးစီးသောအခါတွင် မိုးဥတု ၌အိမ်မဲချောင်းအတွင်းသို့ ရွှေလောင်း/ကျင်သက်/တစ်တီတူး ချောင်းများအတွင်းမှ ရေများထိုးဝင်လာခြင်းကြောင့် ခတ္ထိယ/ချောင်းဖျား/ထန်းတပင်/သီးကွင်း /သရက်ကုန်းရွာကြီးများ၏ပါတ်ဝင်းကျင်ရှိလယ်များသည် ရေမြုတ်ကုန်သဖြင့် လယ်များပျက်စီးဆုံးရုံးမူဘေးဒဏ်ကိုအကြီးအကြယ်ခံရကြောင်းသိရှိရပါသည်။ မည်သို့ပင်ဆိုစေကာမူ အိမ်မဲ/ကျင်သက်တူးမြောင်းဖောက်လုပ်ပြီးစီးခြင်း၏ အကျိူးကျေးဇူးများကား အိမ်မဲ/ရန်ကုန်ရေကြောင်းလမ်းခရီးတွင်သွားလာခုတ်မောင်းနေကြသော လှေ./သမ္ဗာန် သင်္ဘောများသည် အချိန်ကုန်ခံ၍ ခရီး ရှည်လျားစွာခုတ်မောင်းနေရသည့်ဒုက္ခ ဒီ‌ရေအတက်ကိုစောင့်ဆိုင်း သွားလာရသောဒုက္ခနှင့် သင်္ဘောသောင်တင်ခံရသည့် ဘေးဒုက္ခများ ပျောက်ကွယ်ချုပ်ငြိမ်းသွားပါတော့သည်၊ရန်ကုန်နှင့်အိမ်မဲမြို့ကိုလည်းသင်္ဘောဖြင့် (၁)ညအိပ်ချိန်နှင့်သွားလာနိုင်ခဲ့ပါသည်၊ထို့ပြင်အနီး ပါတ်ဝန်းကျင်ရှိ တစ်တီတူး /သုံးခွ/ ရွှေလောင်း/ကျွန်းကုန်း/ဝါးခယ်မ စသည့်မြိို့ရွာများသို့လည်း အချိန်အနည်းငယ်တွင်း ခရီးပေါက်ရောက်အောင် ရေလမ်းခရီးဖြင့် သွားလာနိုင်ခဲ့ခြင်းပင်လျင် အိမ်မဲ.ကျင်သက်တူးမြောင်း၏အကျိူးကျေးဇူးးတရပ်ပင်ဖြစ်သည်ဟု ပြောဆိုနိုင်ပါတော့သည်။ (အိမ်မဲ ဒေါင်းပြာ) ၁၉၈၁နှစ် အိမ်မဲမြို့နယ် စာတတ်မြောက်မူ အောင်ပွဲ အထိမ်းအမှတ် မဂ္ဂဇင်းပါ ကွယ်လွန်သူ ဗိုလ်မူးကြီးအုန်းကြည် (ပြည်သူလွှတ်တော်ကို,်စားလှယ်)၏‌ဆောင်းပါးအား အိမ်မဲမြို့နယ်၏ ဖြစ်စဉ်မှတ်တမ်း တခုအဖြစ် အမှတ်တရဖော်ပြအပ်ပါသည်။

ခင်တဲ့... HG 2400:AC40:605:BD67:EC5B:6900:CBBC:8425 ၂၃:၅၃၊ ၁ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]