ဆွေးနွေးချက်:လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

လားဟူနှစ်သစ်ကူးအကြောင်း

လားဟူလူမျိုးသည်ဘူးသီးမှပေါက်ဖွားလာခဲ့သည်ဟုပုံပြင်ဆိုစမှတ်ရှိခဲ့သဖြင့်ယနေ့လားဟူလူမျိုးတိုရဲ့သင်္ကေတမှာ ဘူးသီးဖြစ်ပါသည်။ လားဟူပြက္ခဒိန်တွင် နေ့ရက်ကို တိရိစ္ဆာန် ၁၂ မျိုး၏ အမည်များဖြစ်သော မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေး၊ ၀က်၊ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါးနှင့် မြွေကိုပတ်လည်ရေတွက်ပါသည်။ တရုတ်ရေတွက်နည်းနှင့်တူပါသည်။ ၁၂ ရက်ကိုတပြန်ဟုတွက်ပါသည်။တလ၏နေ့ရက်ရေတွက်ပုံမှာ တရုတ်နှင့်တူသော်လည်း နှစ်သစ်ကူးရက်မှာတော့ တရုတ်နှင့် လေးနှစ်တွင်တကြိမ်သာတူပါသည်။ ၁၉၇၂ ခုနှစ်တွင် ကျိုင်းတုံလားဟူယဉ်ကျေးမှုအဖွဲ့က ကမကထပြုပြီး ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်အရ မြန်မာလ တပို့တွဲ့လဆန်း တရက်နေ့သည်ရှေးလားဟူရက် လရေတွက်ချက်နှင့်အညီ လားဟူနှစ်သစ်ကူးနေ့ဖြစ်ကြောင်း မြန်မာပြည်တွင် သတ်မှတ်ကျင်းပလာကြပါသည်။ နှစ်သစ်ကူးရက်ကို ထင်းရူးအဖူးသစ်ထွက်ချိန်၊ မက်မွန် မက်မန်းပွင့်ချိန်သည် လားဟူနှစ်သစ်ကူးနေ့ဖြစ်သည်ဟု ရှေးလားဟူလူကြီးပြောပြခြင်းကြောင်း အစဉ်အဆက်မှတ်သားခဲ့ကြပါသည်။ အချို့လားဟူတို့ကတရုတ်နှစ်သစ်ကူးကိုလားဟူနှစ်သစ်ကူးအဖြစ်ကျင်းပကြသကဲ့သို့အချို့လားဟူများကခရစ်ပြက္ခဒိန် အတိုင်း ဇန္န၀ါရီလ ၁ ရက်နေ့မှာ ကျင်းပကြပါသည်။ လားဟူလူမျိုးသည်နှစ်သစ်ကူးပွဲရက်ကို အများစုက ၇ ရက် ၇ ညသတ်မှတ်ကြပြီး အချို့ကတလတင်းတင်း ကျင်းပကြပါသည်။ နှစ်သစ်ကူးအကြိုတရက် (နေ့ဟောင်း) မှာ အိမ်တွင်းအိမ်ပြင် ရပ်ရွာ ထောင့်စေ့မကျန် သန့်ရှင်းရေးလုပ်ကြပါသည်။ နီးစမ်ရာ ချောင်းနားသွားပြိး အိပ်ယာခင်း၊ စောင်များ ကိုလျော်ဖွတ်ကြသည်။ နှစ်သစ်ကူး ပထမနေ့မနက်စောစော ကြက်တွန်သံကြားတာနဲ့နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ အိမ်တိုင်း ကိုယ့်မှာရှိတဲ့တူမိးသေနတ် သို့မဟုတ်ေ ဗျာက်အုံးများကိုဖောက်ကြသည်။ အိမ်တိုင်းကကောင်းညင်းထောင်းပြီး ခေါပုတ်လုပ်စားကြပါသည်။ တအိမ် ၀က်ကောင်၊ ဒါမှမဟုတ် မတတ်နိုင်တဲ့အိမ်ထောင်စုတွေကစုပေါင်းပြီးတော့ဝက်ပေါ်ကြပါသည်။ လားဟူ၏ယဉ်ကျေးမှုအတိုင်း ၀က်လည်းချောင်းတွေကို ရွာသူကြိးကိုဆက်သကြရပါသည်။ လူငယ်တွေက နှစ်သစ်ကူးနေ့မှာ သူ့ထက်ငါဦးအောင်ရေသန့်ဦးကို ချောင်းထဲဆင်းခပ်ကြပါသည်။ ရလာတဲ့ရေသန့်ဦး ကိုမိမိတိုရဲ့ဆိုင်ရာ မိဘလူကြိးတွေကိုလက်ဆေးကန်တော့ကြပါသည်။ နောက်ပြီး ကျေးရွာလူကြီး အိမ်တွေကို ကောက်ညင်းနှင့်ပြုလုပ်ထားသော ခေါပုတ်၊ ၀က်သားတတွဲ အိမ်စေ့ချပေးပြိးလက်ဆေးကန်တော့ ကုသိုလ်ယူကြပါသည်။ နှစ်ဟောင်းက မကျေနပ်သောအချက်တွေရှိပါက အချင်းချင်းခွင့်လွှတ်ပြီး နှစ်သစ်မှာ မေတ္တာတရားနဲ့ အေးအေးချမ်းချမ်းနေသွားကြရန် ရည်ရွယ်ပြီးလက်ရေဆေးကြတာဖြစ်ပါသည်။ ကျန်တဲ့ရက်တွေမှာ တော့ ကျေးရွာသားတွေရဲ့ဆန္ဒအတိုင်း ပွဲကရက်၊ ဂျင်ပေါက်ရက်နှင့်အမျိုးသမီးနဲ့ဆိုင်တဲ့ပွဲတွေသတ်မှတ်ကြပါသည်။ ဘူးသစ်နှင့်ပြုလုပ်ထားတဲ့နှဲမှုတ်ပြိး အိုးစည် မောင်းသီးခတ်ကာ ပျော်ပျော်ပါးပါးတနေကုန်ကခုန်ကြပါသည်။ အုပ်စုဖွဲ့ ဂျင်ပေါက်ပွဲ၊ ပျိုရွယ်သူတွေကတော့ ပိတ်စဘောလုံးကိုစုံတွဲ ပစ်ကစားရင်းအဒီပွဲမှာချစ်သူရှာတတ်ကြပါသည်။

Hello, bro. I copied your article and pasted in လားဟူခေါ့ဂျားပွဲတော်. Please Use the myanmar Unicode and make the new articles. If you have any question, please learn some more about wiki on this page HELP. --Battoe ၀၆:၃၁၊ ၃၁ ဇူ​လိုင်​ ၂၀၁၁ (UTC)