မာတိကာသို့ ခုန်သွားရန်

ဆွေးနွေးချက်:ရီဆွန်းမန်း

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
အကြောင်းအရာအသစ် ထပ်ထည့်ရန်
ဝီကီပီးဒီးယား မှ
Latest comment: ပြီးခဲ့သည့် ၈ လ by Zawzawaungthwin in topic Name issue

Name issue

[ပြင်ဆင်ရန်]

@Ninjastrikers @Salai Rungtoi @Zawzawaungthwin ခများ၊ ဝင်ရောက်ဆွေးနွေးစေလိုပါတယ်။ ကျနော်ပြောလိုတာက "ရီဆွန်းမန်း" (Common name; widely used by various medias; and also in နဝမတန်း - သမိုင်း by ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန) ကိုယ်တိုင်က သူ့ကိုယ်တိုင်ရဲ့ နာမည်ကို 리(ရီ) နဲ့ပဲ သုံးခဲ့သလို SyngMan Rhee လို့ပဲ romanize ခဲ့ပါတယ်။ ပြီးတော့ အဲ့တုန်းကလည်း တောင်ကိုရီယားတွေက အစအသံ ဥပဒေသကို အသုံးမပြုကြသေးပါဘူးခမျာ (ပုံဟောင်း၊ ပိုစတာဟောင်းတွေက သက်သေပါ)။ ဂျောန်ဂျူ ရီနွယ်စတဲ့ ၁၅ ရာစုနှောင်းပိုင်းမတိုင်မီကတည်းက ဖြစ်တည်ခဲ့တဲ့ ကိုရီးယားရှေးဟောင်းမျိုးနွယ်တွေနဲ့ တခြားရှေးဟောင်းစကားလုံးတွေမှာ အစအသံ ဥပဒေသမရှိသေးတဲ့ အတွက် ကိုရီးယားတစ်ပြည်လုံးမှာ 리 (ရီ) လို့ပဲ တစ်ပြေးညီသုံးခဲ့ကြပါတယ်။ အခုမှာတော့ တောင်ကိုရီးယားမှာ "အီ(이)"အဖြစ် တရားဝင်သုံးနေပြီး မြောက်ပိုင်းကတော့ "ရီ(리)" လို့သာ သုံးဆဲပါပဲ။ ဒါကြောင့် အရင်ကတည်းက တည်ရှိခဲ့တဲ့ / မပြောင်းလဲခင်ကတည်းက တည်ရှိခဲ့တဲ့ အချိန်က နာမည်တွေကို ရီ နဲ့သုံးပြီးရေးသားဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပိုင်းတောင်ကိုရီးယားနာမည်တွေကိုတော့ လီ အဖြစ် (သို့) အီ အဖြစ် သုံးတန်သုံးဖို့ကြံရွယ်ထားခြင်းကို အဆင်ပြေမပြေဆွေးနွေးပေးစေလိုပါတယ်ခင်မျာ။ မြောက်ပိုင်းက နာမည်တွေကိုတော့ ယခုထိ သူတို့မှာ အစအသံ ဥပဒေသ မသုံးတာမို့ ရီ လို့ပဲ အစဉ်သုံးပါတယ်ဗျာ Kaday Han Thaw (ဆွေးနွေး) ၁၈:၂၅၊ ၉ စက်တင်ဘာ ၂၀၂၅ (UTC)အကြောင်းပြန်ရန်

ဝီကီပီးဒီးယား တွင် အစိုးရ၏ ပညာရေးအစီအစဉ်နှင့် မသက်ဆိုင်ပါ။ ဤသည်မှာ မြန်မာ အစိုးရ ဝီကီပီးဒီးယား မဟုတ်ပေ။ ဤတွင်၊ တဘက်ဘက်မပါသောမှုကို လူကြိုက်များမှုထက် တန်ဖိုးထားသည်။ ဝီကီပီးဒီးယား တွင် တဘက်ဘက်မပါသောမှုရေးကို လေးစားပါ။
ဝီကီပီးဒီးယားသည် ကြားနေစွယ်စုံကျမ်းဖြစ်ပြီး အမည်များ၏ ကြားနေမှုသည် ချွင်းချက်မရှိပါ။ လက်ရှိတွင်၊ ကိုရီးယားကျွန်းဆွယ်နိုင်ငံနှစ်ခုရှိ မျိုးရိုးအမည် 李 ကို ပုံစံနှစ်မျိုးဖြင့် အသံထွက်သည် (မြောက်ကိုရီးယားက /Ri/ နှင့် တောင်ကိုရီးယားက /Yi/)။ ထို့အပြင် ဤနိုင်ငံနှစ်ခုတွင်၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ မျိုးရိုးအမည် 李 ရှိသော မိသားစုများစွာ ရှိသည်၊ ဖြစ်သည့် en:Hwasan Lee clanen:Jeongseon Lee clanen:Taean Lee clan၊ Sangsan Lee၊ Taewon Lee.... ထို့ကြောင့်၊ ဤကျွန်းဆွယ်ရှိ 李 မိသားစုအားလုံးကို ရည်ညွှန်းရန် "Ri" သို့မဟုတ် "Yi" တို့ကို မသုံးနိုင်သော်လည်း လုံးဝကြားနေအမည်ကို အသုံးပြုရပါမည်။ အင်္ဂလိပ်ဝီကီပီးဒီးယားနှင့် အခြားဝီကီပီးဒီးယားအားလုံးတွင် /Li-Lee/ သည် 李 အမည်ကို ကြားနေနည်းဖြင့် ရည်ညွှန်းရန် အသုံးပြုပြီး ထို့ကြောင့် မြန်မာဝီကီပီးဒီးယားသည် ကြားနေမှုကို သေချာစေရန် တသမတ်တည်းဖြစ်သင့်သည်။ ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားသောကြောင့် တောင်ကိုးရီးယား ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကို အမည်ပေးရန်အတွက် မြောက်ကိုရီးယားအမည်များကို အသုံးပြုခြင်းသည် ကြားနေမဟုတ်သလို ၎င်းသည် အလွန်အသရေဖျက်မှုဖြစ်သည်။
အောက်ပါအတိုင်း ဘာသာဗေဒဆိုင်ရာ အသိပညာနှင့် ပတ်သက်၍ အထင်အမြင်လွဲမှားမှုအချို့ရှိနေသည်ဟု ထင်ပါသည်။
၁ ကိုးရီးယား "ㄹ" အသံသည် alveolar tap ဖြစ်ပြီး မြန်မာစကားတွင် ရှိခဲ့ဖူးသော ယနေ့ မြန်မာဘာသာစကားတွင် palatal approximant [j] အသံအဖြစ် ပြောင်းလဲသွားသော alveolar trill [ရ] နှင့် မတူသည့် သွားဘက်ဆိုင်ရာ အသံဖြစ်သည်။ ဤ alveolar tap သည် အချို့သောဒေသိယစကားများတွင် [သ] အသံနှင့် အနီးစပ်ဆုံးဖြစ်ပြီး ၎င်းကို /ɾ̪ ~ɾ̪̥͡θ ~ ɾ̪̥ʰ/" ဟု အသံထွက်သောအခါ။
၂ ထို့အပြင်၊ ယနေ့ မြန်မာဘာသာစကားတွင် palatal approximant [j] အသံအဖြစ် ပြောင်းလဲသွားသော [ရ] အသံကို တောင်ကိုးရီးယားအသံထွက် "Yi" ကို ကူးယူဖော်ပြရန် လိုက်လျောညီထွေဖြစ်စေသည်ဟု သင်ယူဆပါက၊ သင်ပိုမိုမှားယွင်းပါသည်။ အဘယ်ကြောင့်ဆိုသော် တောင်ကိုးရီးယားတွင် [이] ကို [ယီ /ji/] ဟု အသံထွက်ခြင်းမရှိသော်လည်း [အီ /i/] ဟု အသံထွက်သောကြောင့် တောင်ကိုးရီးယား "이" အသံနှင့် မြန်မာ "ရီ" အသံကြားတွင် ဆက်စပ်မှု မရှိပါ။
၃ Lee Seung-man မွေးဖွားပြီးကတည်းက ကိုရီးယားဘာသာစကား မပြောင်းလဲသေးဘဲ မြောက်နှင့်တောင်ကိုရီးယား၏ အသံထွက်သည် ထိုအချိန်မှစ၍ အတူတူပင်ဖြစ်ပြီး ဘာမှမပြောင်းလဲခဲ့ပေ။ ပြောင်းလဲသွားသော တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ စာသားမှတ်တမ်းစနစ်ဖြစ်ပြီး၊ အရင်းအမြစ်တစ်ခုစီသည် မတူညီသော စာသားမှတ်တမ်းကို ဖြစ်ပေါ်စေမည့် မတူညီသော စာသားမှတ်တမ်းစနစ်တစ်ခုကို အသုံးပြုပါသည်။ အခြားဘာသာစကားတစ်ခုမှ အမည်တစ်ခုကို ကူးယူသောအခါ၊ ၎င်းကို အသံထွက်အပြင် ထိုလူမျိုး၏ ယဉ်ကျေးမှုဆိုင်ရာ အလုံးစုံကို နှိုင်းယှဉ်ရန် လိုအပ်ပြီး ၎င်းကို အသုံးမပြုတော့သော စာသားမှတ်တမ်းစနစ်နှင့် နှိုင်းယှဉ်ရန် မဟုတ်ဘဲ၊
၄ ပထမအကြိမ်တွင် ကျွန်တော်ပြောခဲ့သည့်အတိုင်း၊ ကိုရီးယားကျွန်းဆွယ်ရှိ 李 မိသားစုသည် တစ်ခုတည်းဖြစ်သော်လည်း မိသားစု၏ မူလအစမှာ ကွဲပြားပြီး အသံထွက်လည်း ကွဲပြားသဖြင့် ကြားနေဖြင့် ထပ်တူပြုရမည်ဖြစ်သည်။
Novemlight (ဆွေးနွေး) ၂၁:၀၀၊ ၉ စက်တင်ဘာ ၂၀၂၅ (UTC)အကြောင်းပြန်ရန်
@Kaday Han Thaw ဝီကီစံနှုန်းများနှင့် မသွေဖယ်ဘဲ ဆက်လက်ဆောင်ရွက်နိုင်ပါသည်။ Zawzawaungthwin (ဆွေးနွေး) ၀၇:၂၃၊ ၁၀ စက်တင်ဘာ ၂၀၂၅ (UTC)အကြောင်းပြန်ရန်
မြန်မာမှုလုပ်ရတာက စံသတ်မှတ်ချက် အတည်တကျ မရှိသေး (ကျနော် လေ့လာမှု မလုံလောက်တာလေ ပါမယ်) ကြောင့် မှတ်ချက်ပေးဖို့ ခက်ပါတယ်။ ဥပမာ - တရာဝင်းအားဖြင့် MLTC က မြန်မာစာကို romanize လုပ်တဲ့ စံဖြစ်ပါတယ်။ ဒါပမယ့် အဲ့တရားဝင်က တွင်တွင်ကျယ်ကျယ် အသုံးမပြုပါဘူး။
ရီ/လီတို့ကလည်း ဒေသခံကိုယ်ရီးယားတွေ ပြောတာနဲ့ အနောက်တိုင်း ပြောဆိုတာ မတူပြန်ပါဘူး။ လက်ရှိ တောင်ကိုးရီးယားသမ္မတနာမည်က သာဓက တစ်ခုပါ။
ပါရီ (ပြင်သစ်အသံမှန်)လား ပဲရစ် (အနောက်တိုင်းနိုင်ငံအသံထွက်)လား စသဖြင့်။​
တရုတ်နိုင်ငံခြားဝန်ကြီးဆိုရင် Wang Yi - ကို မြန်မာစာမီဒီယာက ဝမ်ယီ လို့ ရေးသားကြပါတယ်။ သူ့အသံထွက်အမှန်က ဝမ်အီ ဖြစ်ပါတယ်။
ဆိုတော့ my personal policy is to go with popular sound that identifiable by readers Salai Rungtoi (ဆွေးနွေး) ၀၈:၃၇၊ ၁၀ စက်တင်ဘာ ၂၀၂၅ (UTC)အကြောင်းပြန်ရန်
Salai Rungtoi ပြောတဲ့အတိုင်းပါပဲ။ အသံထွက် အတိအကျ ဆိုတာထက် မြန်မာသံ၊ မြန်မာ့နားနဲ့ ရင်းနှီးကျွမ်းဝင်တဲ့၊ အသုံးများတဲ့ ဝေါဟာရကို ပင်မအမည်အနေနဲ့ သုံးသင့်ပါတယ်။ အသုံးနည်းတဲ့ မူကွဲစာလုံးပေါင်းကိုတော့ ပြန်ညွှန်းအနေနဲ့ ထားနိုင်ပါတယ်။ NinjaStrikers «» ၁၂:၃၀၊ ၁၀ စက်တင်ဘာ ၂၀၂၅ (UTC)အကြောင်းပြန်ရန်
ရီဆွန်းမန်းက အသုံးပိုများကြောင်းတွေ့ရပါတယ်ဗျ Kaday Han Thaw (ဆွေးနွေး) ၁၀:၄၆၊ ၁၂ စက်တင်ဘာ ၂၀၂၅ (UTC)အကြောင်းပြန်ရန်
@Kaday Han Thaw ရီဆွန်းမန်း က တော်တော်များများ သုံးကြတာတွေ့ရပါတယ်။မီဒီယာအချို့မှာလည်း တွေ့ရတယ်။ဒီတော့ ပင်မအမည်မှာ ထားလိုက်ပါခင်ဗျာ။ဒီလောက်ဆိုရင် ဆွေးနွေးချက်တွေက ပြည့်စုံလောက်ပါပြီ..ရှေ့ခရီးတွေကို ခုလိုပဲဆွေးနွေးကြပြီး ရှေ့ဆက်ကြပါစို့.... Zawzawaungthwin (ဆွေးနွေး) ၁၂:၀၄၊ ၁၂ စက်တင်ဘာ ၂၀၂၅ (UTC)အကြောင်းပြန်ရန်