ဆွေးနွေးချက်:ရန်ကုန်နည်းပညာတက္ကသိုလ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

တက္ကသိုလ်အင်ဖိုဘောက်ကို ပြင်လျက်ရှိသည်။ လိုချင်သည်မှာ ကျောင်းသားဦးရေ နှင့် ကျောင်းသူ ဦးရေကို အရောင်နှင့်ချယ်၍ နည်းသည် များသည်ကို ပါတီထိုင်ခုံပုံစံမျိုးလုပ်ချင်သည်။ ဆရာ၊ ဆရာမလည်း ထိုနည်းတူ၊ နည်းသည်များသည်ကို တိုက်ရိုက်ပြခြင်းအားဖြင့် အမျိုးသမီးများ နည်းပါက၊ ပညာရေးတွင် အမျိုးသမီးကျောင်းတက်သူဦးရေ ပြည်သူများ ထင်းထင်းရှင်းရှင်း သိစေရန်ဖြစ်သည်။ တွက်ချက်ရာတွင်လည်း မြန်မာအက္ခရာနံပါတ်များရိုက်ပါက အဲရာတက်သည်။ ဖြစ်ရခြင်းမှာ မူရင်း တွက်ချက်ပေးသည့် ပရိုဂရမ်သည် အီးမှ ကူးယူလာသောကြောင့်ဖြစ်သည်။ မြန်မာစာနားလည်အောင်လုပ်ပေးရမည်ဟု ထင်သည်၊ ကျွန်တော် မလုပ်တတ်၊ လေ့လာပါဦးမည်။ တတ်သူများ ဝင်မွှေပေးပါရန်။ တက္ကသိုလ်အချက်အလက်များ ရေးလိုလျင် အင်ဖိုဘောက်ကူးရာတွင် အချက်အလက်ရှိသည် ဖြစ်စေ ၊ မရှိသည်ဖြစ်စေ၊ မူရင်းမှ အားလုံးကို ကူးယူပါ၊ မလိုအပ်ဟု ချန်လျပ်ခဲ့ပါလျင် ၊ နောင်လူသည် ရေးမရဟုထင်ကာ အချက်အလက်ရှိနေသောလည်း ရေးချင်သူမှ ဖြည့်သွားမည်ဟု မထင်၊ အဘယ့်ကြောင့်ဆိုသော် အင်ဖိုဘောက် မူရင်းကိုကြည့်သူနည်းပါးပြီး၊ လွယ်လင့်တကူ တက္ကသိုလ်တစ်ခုမှ ကူးယူကြသူက ပိုများနိုင်မည်။ ကွက်လပ်ဖြစ်နေပါက အင်ဖိုမေးရှင်းသိသူများ ဖြည့်စည်းပေးနိုင်မည်ဖြစ်သည်။ လက်ရှိတွင် အင်ဖိုဘောက်အားကောင်းမွန်စွာလုပ်ပြီးမှ၊ တက္ကသိုလ်များ လိုက်ပြင်ပေးလျင်ကောင်းမည်၊ မဟုတ်လျင် လိုက်ပြင်ရတာ အလုပ်တစ်လုပ်။ထိုက်မင်း (talk) ၁၆:၂၄၊ ၁၁ ဇူ​လိုင်​ ၂၀၁၂ (UTC)