ဆွေးနွေးချက်:ဖုပန်ဒါ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဆောင်းပါးအမည်ကို အပြင်မှာ လူအများခေါ်နေတဲ့အတိုင်း "ဖုပန်ဒါ" လို့ပဲ ရေးတာပိုကောင်းမယ်ထင်တယ်။ ပြီးကျတော့ "ဖုပန္ဒ" ဆိုတာက စာလုံးအဆင့်ကြီးနဲ့ဆိုတော့ တစ်မျိုးကြီးပဲ။ စာလုံးဆင့်က မထည့်တာ ပိုကောင်းမယ် ထင်မိတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၂:၀၃၊ ၆ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

​ထောက်ခံပါတယ်။"ဖုပန္ဒ"ဆိုတာက ရုတ်တရက်ကြည့်လိုက်ရင် တစ်မျိုးကြီးဖြစ်သွားမယ်ထင်တယ်။Kantabon ၁၂:၀၇၊၆ ဇူလိုင် ၂၀၂၁ (UTC)
မြန်မာ(ဗမာ)စာမှန်ရင် လုံးဆင့်/ပါဋ္ဌ်ဆင့် များကို ရှောင်ရေးရပါတယ်။ အဲဒီ အဆင့်တွေက ပါဠိသက်/ပါဠိမွေးစား (သက္ကတ, ပြာကတ ...) တွေကိုပဲ ရေးသားကြပြီး အချို့အတည်တကျဖြစ်သွားတဲ့ မဂ္ဂဇင်း၊ သေတ္တာ၊ အင်္ဂလိပ်/လန်၊ ဆန်ဖရန်စစ္စကို၊ အလက်ဇန္ဒြား ... စတဲ့ အလွန်တွင်ကျယ်တာတွေလောက်မှာပဲ သုံးကြပါတယ်။ အင်္ဂလိပ်ဝီကီကို တည်းဖြတ်ဖူးရင် အဲဒီဘက်မှာ သူတို့ language စည်းကမ်းကို လိုက်နာရပါတယ်။ ဒီမှာလည်းအတူတူပါပဲ။ ကိုယ်တိုင်ထွင်တဲ့အရာတွေ သုံးခွင့်မရှိပါ။ အသံဖလှယ်ရင်လည်း (ပါဠိ/သက္ကတ ဆိုတစ်မျိုး၊ အင်္ဂလိပ် ဂျာမန်ဆိုတစ်မျိုး) မှန်ကန် (သို့) နီးစပ်အောင် ဖလှယ်ကြပါတယ်။ ဒါ့ကြောင့် သတ်ပုံတွေကို အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်း ရေးကြပါလို့ပဲ တောင်းဆိုပါတယ်။ "ဖုပန်ဒါ" ကို ထောက်ခံပါတယ်။Aungookingofcelestials (ဆွေးနွေး) ၁၇:၂၆၊ ၆ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]