ဆွေးနွေးချက်:နတ်ကိုးကွယ်ယုံကြည်မှု

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

( မၐ်လာပါ ဤနတ်ဘာသာဆောင်းပါးကိုရေးတင်ပါမည်)Moyezan (ဆွေးနွေး) ၀၉:၅၁၊ ၂၁ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မိတ်ဆွေ .... အဘယ်ကြောင့် နတ်ဘာသာဟု ခေါင်းစဉ် တပ်ရပါသနည်း။ နတ်ကိုးကွယ်မှုဟု တပ်သင့်တယ် ထင်ပါသည်။ Mayor mt (ဆွေးနွေး) ၁၀:၄၂၊ ၂၁ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

(မၐ်လာပါ ..နတ်ဘာသာဟု ခေါင်းစဥ်သည် ဘာသာတရား တစ်ပါးတွင်ပါဝင်နေခြင်းကြောင့်ဖြစ်သည်) လူသားတို့ ကိုးကွယ်ယုံကြည် ကြသော ဘာသာ တွင် နတ်ဘာသာ ပါဝင်သည်ဟု ယူဆသည်)ကျေးဇူးတင်ပါသည်။)Moyezan (ဆွေးနွေး) ၁၄:၂၀၊ ၂၁ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

နတ်(များ)ကို ကိုးကွယ်သည့် ဘာသာကို အကြမ်းသဘောအားဖြင့် 'နတ်ဘာသာ' ဟု ရေးသားနိုင်သော်လည်း ဝေါဟာရအသုံးအနှုန်းတွင် 'နတ်ဘာသာ' ဟုရေးထုံးမရှိဟုထင်ပါသည်။ သဘာဝမကျသော တွဲဖက်စကားလုံးဟု ထင်ပါသည်။ ဥပမာ။ ။ တွဲလုံး(collocation) သဘောအရ 'ဆွတ်ပျံ့ကြည်နူး' ဟူ၍ အသုံးရှိပြီး 'ဆွတ်ပျံ့ပျော်ရွှင်' 'ဆွတ်ပျံ့ရွှင်ပျ' ဟုရေးပါက သဒ္ဒါမမှားသော်လည်း တွဲဖက်မဟုတ်သည့် အတွက် သဘာဝမကျသော စကားစုဖြစ်ပါသည်။ English မှာလည်း ဆံပင်ဝါရင် 'blond hair' ဟုသာသုံး၍ yellow hair ဟုသုံးပါက (ပုံမှန်အားဖြင့်)သဘာဝမကျပါ။ နတ်ကိုးကွယ်မှု (သို့) နတ်ကိုးကွယ်ခြင်း၊ နတ်ကိုးကွယ်ခြင်း အယူဝါဒ (သို့) နတ်ကိုးကွယ်သည့် အယူဝါဒ စသည့် စကားစုများကိုတော့ ပုံမှန်အားဖြင့် စာအုပ်စာပေတွေမှာ တွေ့ဖူးပါတယ်။ 'ဘာသာ' နဲ့ 'အယူဝါဒ' ကို ရံခါ (စကားအဆက်စပ်သဘောအရ) စကားလုံးဖလှယ်၍ သုံးတတ်ကြသည်။ မြန်မာ-မြန်မာအဘိဓာန်တစ်ခုမှာ ဘာသာ= စကား၊ ဓလေ့ထုံးစံ၊ အယူဝါဒ၊ ပညာရပ် လို့ဖွင့်ပါတယ်။ ခရစ်ယာန် အယူဝါဒ၊ ဗုဒ္ဓ အယူဝါဒ၊ (အချို့ အခြေနေများတွင် သုံးနိုင်၍ သုံးလည်းသုံးကြသည်) ။ ရံခါတွင်တော့ စကားလုံးဖလှယ်၍ မသုံးနိုင်ပါ။ မက်စ် အယူဝါဒ ကိုတော့ မက်စ်ဘာသာ လို့ မရေးနိုင်ပါ။ ထင်တာကို အကြံပြုခြင်းသာဖြစ်သည်။Aungookingofcelestials (ဆွေးနွေး) ၁၅:၁၄၊ ၂၁ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]