ဆွေးနွေးချက်:တင်ထွေးမူ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

၁။ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်းအ မှတ်စစ်တိုင်းအမှတ် ၅ ကိုဦးစီး၍တော်လှန် တိုက်ပွဲဝင်ခဲ့သည့်သခင်ဗသိန်းတင်၏သမီး ရင်းဖြစ်ခြင်း ၂။မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ် သို့ရောက်ရှိစေရန်၁၉၈၅ခုနှစ်ကတည်းကအဆိုပြုတင်ပြသူမှာဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌသခင်ဗသိန်းတင်ဖြစ်ခြင်း(ခိုင်လုံသောအထောက်အထားများရှိ) ၃။ရှစ်လေးလုံးအရေးတော်ပုံတွင်ဒီမိုကရေစီရရှိရေးအတွက်တနသာင်္ရီတိုင်းဒေသကိုဦး ဆောင်ခဲ့သဖြင့်စစ်အာဏာရှင်တို့မှဖမ်းဆီး နှိပ်စက်ခဲ့ခြင်း၊ရှိပစ္စည်းများကိုမတရားချိတ်ပိတ်သိမ်းဆည်းသည့်အပြင်ရိုးသားစွာပြုသည့် သက်မွေးဝမ်းကျောင်းရှေ့နေလိုင်စင်ကိုပိတ် သိမ်းခံရခြင်း။ ၄။စစ်ခုံရုံးမှမည်သည့်ရာဇဝတ်မှုကိုကျူးလွန် ခဲ့ခြင်းမရှိပဲ ကွန်မြနစ်မျိုးဆက်အမြစ်ဖြုတ် ရန်ထောင်အနှစ် ၂၀ ချမှတ်ခဲ့ခြင်း။ ၅။၁၉၉၀တွင်နိုင်ငံတော်အကြံပေးဒေါ်အောင်ဆန်းစုကြည်၏ထားဝယ်ခရီးစဉ်ကိုဦးစီးပံ့ပိုး ခဲ့ခြင်း။ ၅။စစ်အာဏာရှင်တို့၏ဖမ်းဆီးနှိပ်စက်ထောင်ချခြင်းခံရမှုကြောင့်ထောင်မှလွတ်ရာတွင် သွေးတိုး၊ဆီးချို၊နှလုံးရောဂါတို့ရရှိခဲ့ပြီး၂၀၀၆ခုနှစ်မှ၂၀၁၅ တိုင်အောင်လေဖြတ် ဒုက္ခိတဘဝဖြင့်ကွယ်လွန်သည်အထိနေခဲ့ ရခြင်း။ ၆။ဆွေစဉ်မျိုးဆက်တစ်ခုလုံးတိုင်းပြည်လွတ် လပ်ရေးရရှိစေရန်ကြိုးပမ်းခြင်းနှင့်၊မတရားပြုခြင်းခံရသည့်လူထု၏ရှေ့မှမားမားရပ် ခဲ့သူများသာဖြစ်ခြင်း။ ၇။ဆွေစဉ်မျိုးဆက်တစ်ခုလုံးနိုင်ငံရေးအမြတ် ထုတ်ခြင်းလုံးဝမပြုခဲ့ခြင်း။ ၈။အထက်ပါ ၇ ချက်နှင့်ပါတ်သက်သောခိုင်လုံသောအထောက်အထားများရြှိခင်း။ ထိုသို့သောသူ၏ကိုယ်ရေးအချက်များမှတ်သားကျန်ရစ်စေရန်ရည်ရွယ်ရေးသားခြင်းဖြစ်ပါသဖြင့်ထိုစာမျက်နှာကိုပယ်ဖျက်မည်ဆိုကမတရားသဖြင့်ပြုလုပ်သည်ဟုယူဆပါမည်။ စစ်အစိုးရ၏မတရားဖောက်ပြန်မှုကိုအားပေးသဖြင့်ပယ်ဖျက်သည်ဟုမှတ်ယူပါမည်။ -- — Thethtar Batheintin (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ ၀၉:၄၈၊ ၃၁ ဩဂုတ် ၂၀၂၀‎

အမှတ်စဉ် ၁၊ ၂၊ ၅၊ ၆၊ ၇ က ဖော်ပြချက်တွေအတွက် မြန်မာဝီကီပီးဒီးယားရဲ့ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်နဲ့ သက်ဆိုင်ခြင်း မရှိပါ။ အမှတ်စဉ် ၃၊ ၄ အတွက် စိစစ်အတည်ပြုနိုင်တဲ့ ခိုင်လုံသော ကိုးကားချက်များ လိုအပ်ပါသည်။ မည်သည့် ဆောင်းပါးဖြစ်စေ ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု လမ်းညွှန်ချက်များနှင့် ကိုက်ညီခြင်းမရှိပါက ပယ်ဖျက်ခြင်း ခံရမည်သာ ဖြစ်ပါသည်။ NinjaStrikers «» ၀၅:၂၁၊ ၃၁ ဩဂုတ် ၂၀၂၀ (UTC)