ဆွေးနွေးချက်:ဂေါတမဗုဒ္ဓ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

သိဒ္ဓတ္ထ ဂေါတမ (သက္ကတ ဘာသာဖြင့်सिद्धार्थ गौतम ဘီစီအီး ၅၆၃/၄၈ဝ မှ ၄၈၃/၄ဝဝ အထိ) သို့မဟုတ် သကျမုနိ ဗုဒ္ဓ (ဗြဟ္မီ အက္ခရာဖြင့်𑀩𑀼𑀥 ဗု-ဓ 𑀲𑀓𑁆𑀬𑀫𑀼𑀦𑀻 စ-ကျ-မူ-နိ) ဗုဓ စကျမူနိ - သကျတို့၏ ဆရာ ဖြစ်သော ဗုဒ္ဓ သို့မဟုတ် ဂေါတမ ဗုဒ္ဓ သို့မဟုတ် ဗုဒ္ဓ သည် သာမဏတစ်ဦး ဖြစ်ခဲ့ဖူးသည်။ အတွေးအခေါ် ဆရာတစ်ဦး ဖြစ်သည်။ ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၎င်း ညွှန်ကြားခဲ့သည့် လမ်းညွှန်ချက် တို့အပေါ်တွင် အခြေခံ၍ ဗုဒ္ဓဘာသာ ပေါ်ပေါက်လာခဲ့သည်။ ရှေးခေတ် အိန္ဒိယတိုက်၏ အရှေ့မြောက်ပိုင်းဒေသတွင် ဘီစီအီး ခြောက်ရာစုနှင့် လေးရာစုကြား၌ ရှင်သန် နေထိုင်ခဲ့ဖူးသူ တစ်ယောက် ဖြစ်သည်ဟု လက်ခံယုံကြည်ထားကြသည်။

ထိုစဉ်အခါက တောထွက် သာမဏ လှုပ်ရှားမှုတွင် တွေ့မြင်နေကျ ဖြစ်သော အတ္တကိလမထ အကျင့် (ခန္ဓာကိုယ်ကို ညှင်းပမ်းနှိပ်စက်သော အကျင့်အကြံများ) နှင့် ကာမသုခလ္လိကာ အကျင့် (ခန္ဓာကိုယ်၏ အလိုကို လိုက်လျောသည့် အကျင့်အကြံများ) ဟူသည့် ထုံးစံ အယူအဆများကြားတွင် ဂေါတမ ဗုဒ္ဓက မဇ္ဈိမပဋိပဋာ အလယ်အလတ်လမ်းကို ပို့ချပေးခဲ့သည်။ နောင်တွင် သူ၏ ပို့ချချက်များမှာ အရှေ့မြောက်ပိုင်း ဒေသ တဝိုက်တွင်သာမကပဲ အရှေ့ပိုင်းဒေသရှိ မဂဓတိုင်း၊ ကောသလတိုင်းတို့ ထိတိုင် ပျံ့နှံ့ရောက်ရှိခဲ့သည်။

ဗုဒ္ဓဘာသာ နယ်ပယ်တွင် ဂေါတမ ဗုဒ္ဓ ဟူသည့် ပုံရိပ်မှာ အဓိက ကျသော သင်္ကေတ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တိုင်း ယုံကြည် လက်ခံထားကြသည်မှာ ဤပုဂ္ဂိုလ်သည် ဗုဒ္ဓအဖြစ်သို့ (အိပ်နေရာမှ နိုးထလာခဲ့ပြီးသူ) ရောက်ရှိခဲ့သူ ဖြစ်ပြီး သူ သိရှိ နားလည်ထားသော ဉာဏ်ပညာဖြင့် လူအပါအဝင် သတ္တဝါ အလုံးစုံတို့ကို ဒုက္ခမှ ကင်းဝေးအောင် ကူညီလမ်းပြပေးသည်ဟု လက်ခံထားကြသည်။ သူ၏ ဘဝဇာတ်ကြောင်း၊ ပို့ချချက်များ အပါအဝင် ဝိနည်း ဟု ခေါ်သည့် အသင်းအဖွဲ့ အတွင်း စည်းမျဉ်းများမှာ ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး (ပရိနိဗ္ဗာန် - ကွယ်လွန်ခြင်း၊ သေဆုံးခြင်း) နောက်ပိုင်းမှ နောက်လိုက် နောက်ပါ သာမဏများမှ မှတ်မိသရွေ့ ပြန်လည် စုစည်း ဖော်ထုတ်ခဲ့သည်တို့ ဖြစ်သည်ဟု လက်ခံထားကြသည်။ ထို သတင်းအချက်အလက် အစုအဝေး တစ်စုလုံးကို ပိဋကတ် သုံးပုံ ဟု ခေါ်၍ ၎င်း ပိဋကတ် သုံးပုံကို နှုတ်တိုက် ကျက်မှတ် ရွတ်ဆိုခြင်း နည်းဖြင့် ခေတ် အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသည်။ ဗုဒ္ဓ ပရိနိဗ္ဗာန်စံသည့်နောက် နှစ်ပေါင်း လေးရာခန့် ကြာမှသာ စာ အဖြစ် ရေးသား ပြုစုနိုင်ခဲ့သည်။ — U Htet Wai Yan Soe (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 16:15, 11 September 2019

တမ်းပလိတ်[ပြင်ဆင်ရန်]

ဒီလို တမ်းပလိတ်နှစ်ခု ဘေးချင်းထပ်တာကို အထက်အောက်ထားလို့မရဘူးလား။ tech ပိုင်းဆိုတော့ သိပ်နားမလည်လို့။ ;) Aungookingofcelestials (ဆွေးနွေး) ၁၃:၂၉၊ ၂၄ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဗုဒ္ဓဘာသာ တမ်းပလိတ်က sidebar ကို သုံးထားတာမဟုတ်လို့ ဘေးမကပ်တာပါ။ ပြင်လိုက်ပါမယ်။ NinjaStrikers «» ၀၆:၁၇၊ ၂၅ ဇူလိုင် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ကြင်ယာတော်ရွေးခန်း[ပြင်ဆင်ရန်]

အမိတ္တာနဲ့ယသော်ဓရာ ကြင်ယာတော်ကနှစ်ယောက်လားဗျ 2400:AC40:BAC:B0FA:0:0:0:1 ၀၂:၅၉၊ ၂၁ ဖေဖော်ဝါရီ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]