ဆွတ်ရုဂိတောင်(တိုခုရှိမ)
ပုံပန်းသွင်ပြင်
| ဆွတ်ရုဂိတောင် | |
|---|---|
| 剣山 | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၁,၉၅၄.၇ m (၆,၄၁၃ ft)[၁] |
| ပေါ်လွင်မှု | ၁,၅၄၀ m (၅,၀၅၀ ft)[၁] |
| စာရင်းသွင်းခြင်း | Ultra, Ribu |
| ကိုဩဒိနိတ် | 33°51′13″N 134°05′39″E / 33.85361°N 134.09417°Eကိုဩဒိနိတ်: 33°51′13″N 134°05′39″E / 33.85361°N 134.09417°E |
| အမည်ပေးခြင်း | |
| ဘာသာစကား | Japanese |
| ပထဝီဝင် | |
| တည်နေရာ | On the border of Miyoshi, Mima and Naka, Tokushima, Japan |
| ပင်မတောင်တန်း | Shikoku Mountains |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | Upheaval Peneplain |
ဆွတ်ရုဂိတောင် (剣山, Tsurugi-san) သည် ဂျပန်နိုင်ငံ၊ တိုခုရှိမစီရင်စုတွင် တည်ရှိသည့် နခမြို့၊ မိမမြို့၊ မိယောရှိမြို့ စသည့်မြို့များ၏ နယ်နိမိတ်များပေါ်တွင် တည်ရှိနေသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် ဂျပန်နိုင့်၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်း၌ ပါဝင်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]ရှိခိုခုကျွန်းတွင် ဒုတိယအမြင့်ဆုံးတောင် ဖြစ်သည်။ ဟခုတောင်တန်း၏ အနောက်ဘက်ရှိတောင်များထဲတွင် ဒုတိယမြောက်အမြင့်ဆုံးတောင် ဖြစ်သည်။ ဆွတ်ရုဂိတောင်သည် ဘာသာရေးဆိုင်ရာအထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပြီး ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာပေါင်းစပ်ထားသည့် ရှုဂန်းဒိုးဘာသာ၏ ပင်မနေရာတစ်ခုလည်း ဖြစ်သည်။ တောင်ထိပ်တွင် သေးငယ်သည့် နတ်ကျောင်းတော်တစ်ခုရှိပြီး "ဆွတ်ရုဂိဂျင်းဂျ" ဟု အမည်ရသည်။
ရာသီဥတု
[ပြင်ဆင်ရန်]| Mount Tsurugi (1961−1990 normals, extremes 1961-2001) အတွက် ရာသီဥတု အချက်အလက်များ | |||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|
| လ | ဇန်နဝါရီ | ဖေဖော်ဝါရီ | မတ် | ဧပြီ | မေ | ဇွန် | ဇူလိုင် | ဩဂုတ် | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | နှစ် |
| စံချိန်တင် အမြင့်ဆုံး °C (°F) | 8.1 (46.6) |
10.7 (51.3) |
13.9 (57) |
19.9 (67.8) |
20.8 (69.4) |
22.8 (73) |
24.8 (76.6) |
24.2 (75.6) |
22.7 (72.9) |
19.1 (66.4) |
16.0 (60.8) |
12.6 (54.7) |
24.8 (76.6) |
| ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) | −4.1 (24.6) |
−3.1 (26.4) |
0.5 (32.9) |
7.1 (44.8) |
11.4 (52.5) |
14.4 (57.9) |
17.9 (64.2) |
18.2 (64.8) |
15.2 (59.4) |
9.8 (49.6) |
5.0 (41) |
−0.8 (30.6) |
7.7 (45.9) |
| နေ့စဉ် ပျမ်းမျှ °C (°F) | −7.3 (18.9) |
−6.6 (20.1) |
−3.3 (26.1) |
3.3 (37.9) |
7.7 (45.9) |
11.3 (52.3) |
15.1 (59.2) |
15.3 (59.5) |
12.1 (53.8) |
6.3 (43.3) |
1.3 (34.3) |
−4.3 (24.3) |
4.24 (39.63) |
| ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) | −10.3 (13.5) |
−9.9 (14.2) |
−6.9 (19.6) |
−0.3 (31.5) |
4.3 (39.7) |
8.6 (47.5) |
12.9 (55.2) |
13.2 (55.8) |
9.6 (49.3) |
3.3 (37.9) |
−1.9 (28.6) |
−7.3 (18.9) |
1.27 (34.31) |
| စံချိန်တင် အနိမ့်ဆုံး °C (°F) | −19.2 (−2.6) |
−23.5 (−10.3) |
−19.1 (−2.4) |
−13.2 (8.2) |
−7.0 (19.4) |
−0.7 (30.7) |
4.8 (40.6) |
5.8 (42.4) |
−1.2 (29.8) |
−7.6 (18.3) |
−13.5 (7.7) |
−18.1 (−0.6) |
−23.5 (−10.3) |
| ပျမ်းမျှ ရွာကျခြင်း mm (inches) | 126.4 (4.976) |
146.9 (5.783) |
207.6 (8.173) |
210.9 (8.303) |
277.7 (10.933) |
463.3 (18.24) |
435.0 (17.126) |
517.0 (20.354) |
533.1 (20.988) |
223.7 (8.807) |
138.8 (5.465) |
90.8 (3.575) |
၃၃၇၁.၂ (၁၃၂.၇၂၃) |
| ပျမ်းမျှ ဆီးနှင်းကျဆင်းမှု cm (inches) | 87 (34.3) |
89 (35) |
72 (28.3) |
17 (6.7) |
0 (0) |
0 (0) |
0 (0) |
0 (0) |
0 (0) |
1 (0.4) |
11 (4.3) |
48 (18.9) |
327 (128.7) |
| Average precipitation days (≥ 1.0 mm) | 16.9 | 15.1 | 16.6 | 13.1 | 12.7 | 15.6 | 16.3 | 15.5 | 15.6 | 11.8 | 10.1 | 13.1 | 172.4 |
| ပျမ်းမျှ ဆီးနှင်းကျရက်များ | 20.3 | 18.2 | 15.1 | 3.9 | 0.5 | 0.0 | 0.0 | 0.0 | 0.0 | 1.1 | 5.5 | 15.0 | 79.6 |
| Average relative humidity (%) | 81 | 81 | 80 | 76 | 75 | 85 | 90 | 91 | 89 | 80 | 76 | 78 | 81.8 |
| Mean monthly sunshine hours | 112.1 | 110.7 | 145.7 | 157.6 | 168.7 | 112.3 | 110.5 | 113.8 | 99.0 | 128.5 | 123.5 | 122.6 | ၁၅၀၅ |
| Percent possible sunshine | 36 | 36 | 40 | 40 | 39 | 26 | 25 | 28 | 27 | 37 | 40 | 40 | 34 |
| Source #1: NOAA[၂] | |||||||||||||
| Source #2: JMA (precipitation and extremes)[၃] | |||||||||||||
သွားရောက်ခြင်း
[ပြင်ဆင်ရန်]- အဓိကတောင်တက်လမ်းသည် နိုင်ငံအဆင့်လမ်းမကြီး ၄၃၈ နှင့် ၄၃၉ တို့ဆုံရာဖြစ်သည့် မိနိုခိုရှိတွင် တည်ရှိသည်။ ၎င်းတောင်တက်လမ်းပင်မနေရာတွင် ကားပါကင်များ၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ရှိသည်။ မိနိုခိုရှိမှ တက်ရောက်ကြသည့် တောင်တက်သမားများသည် စက်တပ်ကုလားထိုင်ဓာတ်လှေကားများဖြင့် အနည်းငယ်ပိုမြင့်သည့်နေရာအထိ တက်ရောက်ကာ တောင်တက်ကြသည်။
- ဆွတ်ရုဂိတောင်ထိပ်မှ အခြားသောတောင်များသို့လည်း တောက်တက်လမ်းများ ဆက်စပ်တည်ရှိနေသည်။ ဆွတ်ရုဂိတောင်သို့ အရှေ့ဘက် အိချိနိုမိုရိမှတဆင့်လည်း တက်ရောက်နိုင်သည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- တောင်ထိပ်ရှိ ဆွတ်ရုဂိနတ်ကျောင်းတော်
- ဆွတ်ရုဂိတောင်ထိပ်မှမြင်ရသည့် ဂျိရိုဂယုတောင်
- ဆွတ်ရုဂိတောင်လယ် တစ်နေရာ
- ဆွတ်ရုဂိတောင်လယ် တစ်နေရာ
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ဝီကီမီဒီယာ ကွန်မွန်းစ်တွင် ဆွတ်ရုဂိတောင်(တိုခုရှိမ)
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 "Japan Ultra-Prominences". Peaklist.org. Retrieved 2013-03-23.
- ↑ Tsurugisan Climate Normals 1961-1990။ National Oceanic and Atmospheric Administration။ 20 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 7, 2013 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}.။ JMA။ February 18, 2022 တွင် ပြန်စစ်ပြီး။