မာတိကာသို့ ခုန်သွားရန်

ဆွတ်ခုဘတောင်

ဝီကီပီးဒီးယား မှ
ဆွတ်ခုဘတောင်
筑波山
Seen from the WSW. Taken from Chikusei
အမြင့်ဆုံးအမှတ်
အမြင့်၈၇၇ m (၂,၈၇၇ ft)
စာရင်းသွင်းခြင်း100 famous mountains in Japan
ကိုဩဒိနိတ်36°13.31′N 140°06.24′E / 36.22183°N 140.10400°E / 36.22183; 140.10400ကိုဩဒိနိတ်: 36°13.31′N 140°06.24′E / 36.22183°N 140.10400°E / 36.22183; 140.10400
ပထဝီဝင်
ဆွတ်ခုဘတောင် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဆွတ်ခုဘတောင်
ဆွတ်ခုဘတောင်
Location of Mount Tsukuba in Japan.
တည်နေရာTsukuba, Ibaraki, Japan
ပင်မတောင်တန်းYamizo Mountains
ဘူမိဗေဒ
တောင်အမျိုးအစားgranite, gabbro
Topographic map

ဆွတ်ခုဘတောင် (筑波山, Tsukuba-san) သည် ဂျပန်နိုင်ငံ၊ အိဘရခိစီရင်စု၊ ဆွတ်ခုဘမြို့၏ မြောက်ဘက်ဆုံးတွင် တည်ရှိသည့် တောင် ဖြစ်သည်။ ၈၇၇ မီတာ (၂၈၇၇ ပေ) မြင့်သည်။ ဤတောင်သည် ဂျပန်နိုင်ငံရှိ အထင်ရှားဆုံးတောင်များထဲမှ တစ်ခုဖြစ်သည်။ အထူးသဖြင့် ၎င်း၏ တောင်ထိပ်နှစ်ခုဖြစ်သည့် နယောတိုင်းတောင်(女体山; စာဖြင့် "အမျိုးသမီးကိုယ်") နှင့် နန်းတိုင်းတောင် (男体山; စာဖြင့် "အမျိုးသားကိုယ်") တို့သည် အထူးထင်ရှားသည်။ နယောတိုင်းတောင်သည် ၈၇၇ မီတာ (၂၈၇၇ ပေ) နှင့် နန်းတိုင်းတောင်သည် ၈၇၁ မီတာ (၂၈၅၈ ပေ) မြင့်သည်။ တောင်ထိပ်မှနေ၍ ခန်းတိုးလွင်ပြင်၏ မြင်ကွင်းကျယ်ကို ကြည့်ရှုရန်အတွက် နှစ်စဉ်နှစ်တိုင်း လူအများသည် တောင်တက်ကြသည်။ ၎င်းတောင်တက်ခြင်း" ခရမ်းနုရောင်တောင်" ဟု ခေါ်ကြသည်။ ရာသီဥတုသာယာသည့်နေ့များတွင် တိုကျိုမြို့၏ နေဝင်ရှုခင်း၊ ခဆုမိဂအုရကန်နှင့် ဖူဂျီတောင်များကို တောင်ထိပ်မှ မြင်ရသည်။ ဂျပန်နိုင်ငံ၏ တောင်အများစုသည် မီးတောင်များ ဖြစ်ကြသော်လည်း ဆွတ်ခုဘတောင်သည် မီးတောင်တစ်ခု မဟုတ်ပေ။ လက်ရှိတွင် လူကြိုက်များသည် နှမ်းဖတ်ကျောက်များကို တောင်၏ မြောက်ဘက်ပိုင်းကျောက်တွင်းမှ တူးဖော်လျက်ရှိသည်။

ဝေါဟာရ

[ပြင်ဆင်ရန်]

၇၂၁ အေဒီတွင် နိုင်ငံ့ပထဝီသမိုင်းကြောင်းများနှင့် ပတ်သက်၍ ရေးသားမှတ်တမ်းတင်ထားသည့် ဟိတချိပြည်နယ်၏ ပထဝီဝင်ဆိုင်ရာသမိုင်းကြောင်းတွင် ဤတောင်အမည်နှင့် ပတ်သက်၍ ဖော်ပြထားသည်။ ဤတောင်၏ အမည်သည် ဆွတ်ခုဟနိုမိခိုတို (筑箪命) ဟု အမည်ရှိသည့် မျိုးရိုးဇာတိကြီးမြတ်သူတစ်ဦး အမည်ကို အစွဲပြုကာ ဖြစ်ပေါ်လာသည်။[] ဖော်ပြထားချက်အရ ထိုဒေသကို တစ်ချိန်က ခိုနော့ခုနိ (紀国) ဟု ခေါ်ခဲ့ကြသည်။ မိမခိနိုခမဲရမိခိုတို (美麻貴天皇) (ဘုရင်ဆုဂျင်း) လက်ထက်တွင် ဆွတ်ခုဟသည်သည် အုနဲမဲတိုက်ပွဲ (采女氏) တွင် ဘုရင်ခံအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရသည်။ သူသည် သမိုင်းတွင် နာမည်ကျန်ရစ်ခဲ့ချင်သည့် ဆန္ဒပြင်းထန်သည့်အတွက် ထိုဒေသကို "ဆွတ်ခုဟ" ဟူ၍ အမည်ပေးခဲ့ပြီး လက်ရှိအချိန်တွင် "ဆွတ်ခုဘ" ဟူသည့်အမည် တွင်လျက်ရှိသည်။[]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Takeda၊ Yukichi, ed. (1937)၊ Fudoki (Japaneseဘာသာစကားဖြင့်)၊ Tokyo: Iwanami Shoten (岩波書店?)၊ p. 49၊ ISBN 4-00-300031-5CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)