ဆဲဖုရိတောင်
| ဆဲဖုရိတောင် | |
|---|---|
| 脊振山 | |
အနောက်ဘက်မှ ဆဲဖုရိတောင်ကို မြင်ရပုံ | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၁,၀၅၄.၆ m (၃,၄၆၀ ft) |
| စာရင်းသွင်းခြင်း | List of mountains and hills of Japan by height |
| ကိုဩဒိနိတ် | 33°26′11″N 130°22′7″E / 33.43639°N 130.36861°E |
| အမည်ပေးခြင်း | |
| ဘာသာစကား | Japanese |
| အသံထွက် | ja |
| ပထဝီဝင် | |
| ပင်မတောင်တန်း | Sefuri Mountains |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | massif |
ဆဲဖုရိတောင် (脊振山, Sefuri-san) သည် ဂျပန်နိုင်ငံ၊ ဆဂစီရင်စုရှိ ခန်းဇခိမြို့နှင့် ဖုခုအိုခစီရင်စုရှိ ဖုခုအိုခမြို့တို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် ဆဲဖုရိတောင်တန်းများတွင် ပါဝင်သည့် တောင်တစ်ခု ဖြစ်သည်။ တောင်၏ အမြင့်မှာ ၁၀၅၄.၆ မီတာ (၃၄၆၀ ပေ) ရှိသည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]ဤတောင်သည် ဖုခုအိုခစီရင်စုနှင့် ဆဂစီရင်စုအကြားရှိ ဆဲဖုရိတောင်တန်းများတွင် အမြင့်ဆုံးတောင်လည်း ဖြစ်သည်။ မဲဂျိခေတ်ပြုပြင်ပြောင်းလဲမှုကာလမတိုင်မီအထိ ဤတောင်သည် ဟိခိုတောင်နှင့်အတူ ရှုဂန်းဂိုးဘာသာ၏ ဒေသတွင်း အချက်အချာကျသည့် နေရာဖြစ်ခဲ့သည်။ ဗုဒ္ဓဘာသာရဟန်း အဲအိဆိုင်း (Eisai) ကမာကူရခေတ်တွင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက်တွင် လက်ဖက်ကို ပထမဆုံးဤတောင်တွင် စိုက်ပျိုးခဲ့သည်။
အဆောက်အဦများ
[ပြင်ဆင်ရန်]တောင်ထိပ်တွင် စစ်တပ်စခန်းတစ်ခု ရှိသည်။ ၎င်းစခန်းတွင် ဂျပန်လေကြောင်းကာကွယ်ရေးတပ၏ ရေဒါစခန်း ရှိသည်။ ၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ဆောင်ရွက်နေသည့် ဆက်သွယ်ရေးဌာနကို ပိတ်သိမ်းခဲ့သည်။
တောင်တက်လမ်း
[ပြင်ဆင်ရန်]လူကြိုက်အများဆုံးတောင်တက်လမ်းမှာ ရှိအိဘဘတ်စကားမှတ်တိုင်မှ စတင်ရသည့် လမ်းကြောင်း ဖြစ်သည်။ ဤလမ်းသည် တောင်ထိပ်သို့ ရောက်ရှိရန် ၂ နာရီခွဲ မှ ၃ နာရီအထိ ကြာမြင့်သည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- တောင်ထိပ်တစ်နေရာ
- ဆဲဖုရိတောင်တန်းကို SSW မှ မြင်ရပုံ
ကိုးကား
[ပြင်ဆင်ရန်]- Official Home Page of the Geographical Survey Institute in Japan 15 February 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Fukuoka no Yamayama