ဆေးဝါးစက်ရုံ (အင်းစိန်)
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဆေးဝါးစက်ရုံ (အင်းစိန်) သည် မြန်မာနိုင်ငံရှိ ပထမဆုံးဆေးဝါးစက်ရုံ ဖြစ်ပြီး ဘီပီအိုင်ဟု လူသိများသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် တည်ရှိသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လီဗာပူးအခြေစိုက် အီဗန်ဆေးဝါးထောက်ပံ့ရေးကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခြင်း ဖြစ်သည်။ ၁၉၅၃ အောက်တိုဘာ ၂၀ ရက်မှ ၁၉၆၀ အောက်တိုဘာ ၂၀ ရက်အထိ ၇ နှစ်စာချုပ် လုပ်ခဲ့သည်။ ၁၉၅၄ ခု၊ ဧပြီလ ၂၃ ရက်တွင် ဝန်ကြီးချုပ် ဦးနုက စက်ရုံကို အုတ်မြစ်ချပေးသည်။ ၁၉၅၈ ခု၊ ဧပြီလ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ မန်းဝင်းမောင်က ဖွင့်သည်။ ကနဦးတွင် မြွေဆိပ်ဖြေဆေးနှင့် ခွေးရူးပြန်ကာကွယ်ဆေးအပါအဝင် ဆေးဝါး ၄၁ မျိုး စထုတ်သည်။
၁၉၅၉ ခု၊ ဇန်နဝါရီလ ၃၁ ရက် အိမ်စောင့်အစိုးရကာလတွင် ဘဏ္ဍာရေးအခက်အခဲကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းက စာချုပ်ကို ရပ်စဲလိုက်သည်။
၁၉၆၀ ပြည့်၊ အောက်တိုဘာလတွင် မြန်မာ့စီးပွားတိုးတက်ရေးကော်ပိုရေးရှင်း (ဘီအီးဒီစီ) အောက်သို့ ထည့်သည်။
၁၉၇၂ ခု၊ မတ်လတွင် စက်မှု ဝန်ကြီးဌာနရှိ မြန်မာ့ဆေးဝါးကော်ပိုရေးရှင်းအောက် ရောက်သည်။
၁၉၈၉ ခုတွင် အမည်ပြောင်းသွားသော မြန်မာ့ဆေးဝါးလုပ်ငန်းအောက်၌၎င်း၊ ၂၀၁၈ ခု၊ ဩဂုတ်လ ၁ ရက်တွင် မြန်မာ့အစားအသောက်နှင့်ဆေးဝါးလုပ်ငန်း၊ ၂၀၂၂ ခု၊ ဧပြီလ ၄ ရက်တွင် အစားအသောက်နှင့်ဆေးဝါးလုပ်ငန်းအောက်တို့၌၎င်း ပါဝင်ရသည်။
၂၀၁၉ ခုတွင် ဆေးဝါးအမျိုးပေါင်း ၂၀၀ ကျော် ထုတ်လျက် ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဆေးဝါးစက်ရုံ (အင်းစိန်) (၁၆ အောက်တိုဘာ ၂၀၁၉)။ ၁၆ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |