ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်)
| အမျိုးအစား | အများဆိုင် |
|---|---|
| တည်ထောင် | ၁၉၉၃ |
| ပါမောက္ခချုပ် | ပါမောက္ခ ဒေါက်တာဒေါ်ခင်စောဦး |
| တည်နေရာ | အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ |
| နှီးနွယ်အဖွဲ့အစည်းများ | ကျန်းမာရေး ဝန်ကြီးဌာန |
| ဝဘ်ဆိုဒ် | umty.gov.mm |
![]() | |
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်) (အင်္ဂလိပ်: University of Medical Technology, Yangon သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အဆင့်မြင့်ကုသရေးနှင့် ရောဂါရှာဖွေရေးနည်းပညာများကို သင်ကြားပေးသော တက္ကသိုလ် (၃)ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)သည် ၄ နှစ်ကြာသင်ယူရသော ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (B.Med.Tech)နှင့် ဆေးဘက်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ (M.Med.Tech) နှင့် PhD သင်တန်းများကိုပါ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် တရားဝင်ဆေးဘက်ပညာသင်ကြားမှုများကို ၁၉၆၄ ခုနှစ်တွင် ဆေးဘက်ပညာသည် ဒီပလိုမာဖြင့် စတင်ခဲ့သည်။ ၎င်းဒီပလိုမာမှာ အင်္ဂလန်နိုင်ငံရှိ College of Radiographers ၏ လမ်းညွှန်ချက်များအရ သင်ကြားပေးခြင်းဖြစ်သည်။ ၎င်းဒီပလိုမာကို ကိုလန်ဘိုစီမံကိန်းအရ နိုင်ငံတကာမှ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များဖြင့် ၁၉၈၆ ခုနှစ်အထိ သင်ကြားပေးခဲ့သည်။[၂]
၁၉၉၃ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ Institute of Paramedical Science, Yangon အဖြစ် စတင်တည်ထောင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)မှာ မြန်မာနိုင်ငံရှိ ပထမဆုံးဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဖြစ်သည်။ ၂၀၀၂ခုနှစ်တွင် မန္တလေးမြို့၌ ဒုတိယ ဆေးဘက်ဆိုင်ရာတက္ကသိုလ်ဖြစ်သော ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)ကို တည်ထောင်ခဲ့သည်။
ယခင်က ဆေးဘက်ပညာသည်တက္ကသိုလ်(ရန်ကုန်) ဟုခေါ်သော်လည်း နောက်ပိုင်းတွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)ဟု ပြောင်းလဲလိုက်သည်။
ပါမောက္ခချုပ်များ
[ပြင်ဆင်ရန်]| အမည် | တာဝန်သက်တမ်း | |
|---|---|---|
| ပါမောက္ခဒေါက်တာ ခင်စောဦး | ၂၀၂၅ | ယနေ့ထိ |
သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
[ပြင်ဆင်ရန်]ဤတက္ကသိုလ်တွင် အထူးပြုဘာသာရပ်များဖြစ်သော
- ဓာတ်ခွဲနည်းပညာဘာသာရပ်(Medical laboratory Technology)၊
- ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာဘာသာရပ်(Medical Imaging Technology)၊
- အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာ (Physiotherapy)၊
- ခြေတုလက်တုနှင့် အားပြုကိရိယာဘာသာရပ် (Prosthetics and orthotics)၊
- ကျန်းမာရေးသတင်းအချက်အလက်နှင့် နည်းပညာဘာသာရပ် (Health Informations and Technology) နှင့်
- ဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာနည်းပညာဘာသာရပ် (Radiation Therapy) စသည်တို့ကို သင်ကြားပို့ချလျက်ရှိသည်။
Prosthetics and orthotics ပညာရပ်အား ယခုလက်ရှိ ဆက်လက်သင်ကြားခြင်းမရှိပါ။
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Health Statistics။ Ministry of Health, Myanmar။ 2008-11-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-30 တွင် ပြန်စစ်ပြီး။
- ↑ G Glover (1996-02-29)။ Development of Radiographic Technology Teaching Program, Yangon, Myanmar။ 2008-12-14 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ကိုဩဒိနိတ်: 16°54′56.7″N 96°06′01.4″E / 16.915750°N 96.100389°E
