ဆောင်းရတုပွဲ

ဝီကီပီးဒီးယား မှ

ဆောင်းရတုပွဲ ကဗျာကို အချုပ်တန်းဆရာဖေ ရေးဖွဲ့ခဲ့သည်။ လေးချိုး ကဗျာအမျိုးအစား ဖြစ်သည်။ မန္တလေးဆောင်းရာသီ၏ ချမ်းပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ဆောင်းရတုပွဲ[ပြင်ဆင်ရန်]

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
ချမ်းပေါင်လေ တဖေတင်းသော်လည်း
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ
ထည်အလွှာ အကုန်ထွေးသော်လည်း
ကြည်အသာ မလုံသေးပါဘု
မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
သွေးလန့်လို့ခုန်။

ယမ်းယောင်ကာ တလျက်ညည်းမိတော့
သန်းခေါင်မှာ မြကြက်သီးတွေက
တဖီးဖီး ပျံ့လို့ငယ်အုံ
ဗျာဆုံတဲ့ ရာသီပဲ။

ငွေနှင်းငယ်မှုန်
လေညင်းရယ် တသုန်သုန်နှင့်
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
သည်ခေတ်မှာ သည်လိုဟာဖြင့်
သည်ကိုယ်မှာ သေသေလုပါပေါ့
ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
ဆောင်းရတုပွဲ။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်