မာတိကာသို့ ခုန်သွားရန်

ဆူရှီလာ ကာ့ရ်ကီ

ဝီကီပီးဒီးယား မှ
ဆုရှီလာ ကာ့ရ်ကီ
Sushila Karki
सुशीला कार्की
ဆုရှီလာ ကာ့ရ်ကီ (၂၀၂၁ ခုနှစ်)
နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်
ယာယီ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁၂ စက်တင်ဘာ ၂၀၂၅  ၂၇ မတ် ၂၀၂၆
သမ္မတရာမစန္ဒြ ပေါ်ဍေလ
ယခင်လူကေပီ ရှာမာအိုလီ
ဆက်ခံသူဘာလန်ဒရာ ရှာ
နီပေါနိုင်ငံ တရားသူကြီးချုပ်
တာဝန်သက်တမ်း
၁၁ ဇူလိုင် ၂၀၁၆  ၆ ဇွန် ၂၀၁၇ []
ခန့်အပ်သူဝိဒျာဒေဝီ ဘဏ္ဍာရီ
ယခင်လူကလျန်း ရှရေးစ်သ
ဆက်ခံသူဂိုးပါလ် ပရစတ် ပရဇူလီ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1952-06-07) ၇ ဇွန်၊ ၁၉၅၂ (အသက် ၇၃)[]
နီပေါနိုင်ငံ
နိုင်ငံရေးပါတီလွတ်လပ်သော နိုင်ငံရေးသမား
ကြင်ဖော်ဒူရာဂါ ပရသတ် ဆူဘေဒီ
မိခင်ကျောင်းTribhuvan University (BA, LLB)
Banaras Hindu University (MA)

ဆုရှီလာ ကာ့ရ်ကီ(အင်္ဂလိပ်: Sushila Karki) သို့မဟုတ် သုသီလာ ကာရကီ(နီပေါ: सुशीला कार्की[† ၁], ၇ ဇွန် ၁၉၅၂ ~ )သည် ၂၀၂၅ ခုနှစ် နီပေါနိုင်ငံ၏ နိုင်ငံရေးမငြိမ်သက်မှုများနှင့် ဆန္ဒပြပွဲများအပြီး ပေါ်ပေါက်လာသော အရေးပေါ်အခြေအနေအတွင်း နိုင်ငံအား ယာယီဦးဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ယာယီဝန်ကြီးချုပ် ဖြစ်သည်။ ၎င်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့အထိ ကြားဖြတ်အစိုးရကို ဦးဆောင်ခဲ့ပြီးနောက် ရွေးကောက်ပွဲအပြီး အနိုင်ရရှိခဲ့သူ ဘာလန် ဒရာရှာ ထံသို့ ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းပေးခဲ့သူဖြစ်သည်။[]

၎င်းသည် နီပေါနိုင်ငံ၏ အငြိမ်းစား ပထမဦးဆုံး အမျိုးသမီးတရားသူကြီးချုပ် ဖြစ်ပြီး၊ဆန္ဒပြလူငယ်များ၏ အကြံပြုမှုအရ ယာယီဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ရသည့် နီပေါအစိုးရ၏ ပထမဆုံးအမျိုးသမီးခေါင်းဆောင် လည်း ဖြစ်သည်။ [] [][]

အစောပိုင်းဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဆုရှီလာ ကာ့ရ်ကီ သည် နီပေါနိုင်ငံ တွင် မွေးဖွားခဲ့ပြီး၊မွေးချင်းမောင်နှမ ၇ ဦးအနက် အကြီးဆုံးဖြစ်သည်။ပညာထူးချွန်သူတစ်ဦး ဖြစ်ခဲ့သည့် ၎င်းသည် ဥပဒေပညာဘွဲ့ အား Tribhuvan University မှ ရရှိခဲ့သည်။

ဥပဒေသင်ကြားရေးနှင့် အလုပ်အကိုင်

[ပြင်ဆင်ရန်]

၁၉၈၅ ခုနှစ်တွင် Mahendra Multiple Campus, Dharan တွင် ပါမောက္ခအဖြစ် အလုပ်လုပ်ခဲ့သည်။၁၉၉၀ ခုနှစ်တွင် နီပေါနိုင်ငံရေးအခြေအနေထဲ ပါဝင်စွက်ဖက်ခဲ့မှုများကြောင့် Biratnagar အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရသည်။

သူသည် ထိုအတွေ့အကြုံကို အခြေခံပြီး Kara ဆိုသည့် ဝတ္ထုကိုရေးသားခဲ့သည်။နီပေါနိုင်ငံအတွင်း ထင်ရှားသည့် ဝတ္ထုတစ်ခု ဖြစ်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် နီပေါတရားလွှတ်တော် ၏ တရားသူကြီး ဖြစ်လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် နီပေါတရားရုံးချုပ် ၏ တရားသူကြီး အဖြစ် ခန့်ထားခံခဲ့သည်။

၂၀၁၆ ခုနှစ်တွင် နီပေါနိုင်ငံ သမ္မတ သည် ၎င်းအား နီပေါနိုင်ငံ၏ ပထမဆုံးအမျိုးသမီး တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။၂၀၁၇ ခုနှစ် ဇွန် ၆ ရက် တွင် တာဝန်မှ အနားယူခဲ့သည်။[] []

စာရေးဆရာမဘဝ

[ပြင်ဆင်ရန်]

သူမသည် Nyaya (2018) ဆိုသည့် ကိုယ်ရေးမှတ်တမ်းစာအုပ် နှင့် Kara (2019) ဆိုသည့် ဝတ္ထုစာအုပ်ကိုရေးသားခဲ့ပြီး၊စာအုပ်တွင် တရားမျှတမှု၊ နိုင်ငံရေးနှင့် နီပေါအမျိုးသမီးအတွေ့အကြုံများကို အဓိကဖော်ပြခဲ့သည်။

နီပေါနိုင်ငံ၏ အကြားကာလ ဝန်ကြီးချုပ်

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက် တွင် နီပေါအစိုးရသည် နိုင်ငံအတွင်း သတင်းတုများဖြန့်ဝေခြင်း၊ အမုန်းစကားများပြန့်ပွားခြင်းတို့ကိုတိုက်ဖျက်ရန် အကြောင်းပြချက်ခေါင်းစဉ်ဖြင့် နီပေါနိုင်ငံတွင် WhatsApp၊ Facebook၊ Instagram၊ X၊ LinkedIn နှင့် YouTube အပါအဝင် ဆိုရှယ်မီဒီယာ ၂၆ မျိုးကို ပိတ်ပင်ခဲ့သည်။

သက်ရောက်မှုအနေဖြင့် ၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၈ ရက် နေ့တွင် နီပေါနိုင်ငံခတ္တမန္ဒုမြို့၌ လူမှုကွန်ရက်များကိုပိတ်ပင်ခဲ့သည့် အစိုးရအား Gen Z များ ဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြကြသည်။ထိုဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်အထိ ဖြစ်ပေါ်ခဲ့သည်။ ဆန္ဒပြကြမှုသည် လူမှုကွန်ရက်များပိတ်ပင်ခံရမှုမှ နီပေါအစိုးရ၏ စီမံခန့်ခွဲမှုအလွဲအမှားများ နှင့် အကျင့်ပြတ်ချစားမှုများအပေါ် အပြစ်တင်သည့် လူထုအုံကြွမှုအသွင်သို့ ရောက်ရှိသွားခဲ့ပြီး၊ နီပေါလွှတ်တော် ကို စီးနင်းခြင်း၊အစိုးရအရာရှိများ၏ နေအိမ်များအပါအဝင် ရုံးဌာနများအား ဖျက်စီးခြင်းနှင့် နိုင်ငံတစ်ဝန်းမတည်ငြိမ်မှုများ ဆိုးရွားသွားခဲ့သည်။[]

၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၉ ရက် တွင် နီပေါ ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ နှင့်အတူ အခြားသော အစိုးရဝန်ကြီး အများအပြားသည် ရာထူးမှ တရားဝင် နုတ်ထွက်ခဲ့ကြပြီး၊နီပေါအစိုးရပြုတ်ကျသွားခဲ့သည်။[]

၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၁၀ ရက် နောက်ပိုင်းတွင် မတည်ငြိမ်သည့် နိုင်ငံအား ထိန်းသိမ်းရန်အတွက် ဆန္ဒပြခေါင်းဆောင်များ၊ လူငယ်အဖွဲ့များနှင့် ပြည်သူ့အသိုင်းအဝိုင်းသည် ဆုရှီလာ ကာ့ရ်ကီ အား နိုင်ငံ၏ကြားကာလ ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့ကြသည်။[၁၀]ယင်းအတိုင်မီက ၁၅ ဦးမြောက် ခတ္တမန္ဒုမြို့ မြို့တော်ဝန် ရက်ပ်သီချင်းများသီဆိုသည့် ဘာလန်ဒရာရှားသည် ကြားဖြတ်အစိုးရတရပ်အား ကိုယ်စားပြုရန် လူငယ်များအကြား ရေပန်းစားခဲ့သေးသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် နီပေါ သမ္မတ Ram Chandra Poudel မှ ဆုရှီလာ ကာ့ရ်ကီ အား နီပေါနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကြားကာလ ဝန်ကြီးချုပ် (ယာယီဝန်ကြီးချုပ်) အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။သူသည် ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ပြီးဆုံးပြီး တာဝန်လွှဲပြောင်းပြီးသည်အထိ ထမ်းဆောင်မည်ဖြစ်သည်။

မှတ်စု

[ပြင်ဆင်ရန်]
  1. အက္ခရာဖလှယ်ခြင်း: သုၐီလာ ကာရ်္ကီ

ကိုးကား

[ပြင်ဆင်ရန်]
  1. First woman Chief Justice of Nepal, Sushila Karki, takes oath (11 July 2016)။ 1 December 2017 တွင် ပြန်စစ်ပြီး။
  2. 1 2 Rt. Hon'ble Justice Mrs. Sushila Karki (Subedi) 2016-07-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Ex-rapper Shah sworn in as Nepal prime minister after sweeping election win Reuters (27 March 2026)။ 27 March 2026 တွင် ပြန်စစ်ပြီး။
  4. Nepal unrest: Sushila Karki to take oath as interim PM; parliament dissolved (September 12, 2025)။ September 12, 2025 တွင် ပြန်စစ်ပြီး။
  5. Nepal's Parliament To Be Dissolved, Sushila Karki To Take Oath As Interim PM: Sources (September 12, 2025)။ September 12, 2025 တွင် ပြန်စစ်ပြီး။
  6. Nepal to get first woman PM as Sushila Karki set for oath as interim leader after Gen-Z revolt 2025-09-12 တွင် ပြန်စစ်ပြီး။
  7. Nepal Gets First Woman Chief Justice, Sign Of Changing Attitudes (2016-04-13)။
  8. Former chief justice Karki named Nepal's first female PM after violent unrest Reuters (13 Sep 2025)။ 13 Sep 2025 တွင် ပြန်စစ်ပြီး။
  9. Nepal gets first female PM after deadly unrest BBC (12 Sep 2025)။ 13 Sep 2025 တွင် ပြန်စစ်ပြီး။
  10. နီပေါ ပါလီမန် ဖျက်သိမ်းပြီး တရားသူကြီးချုပ်ဟောင်းအား ကြားဖြတ်ခေါင်းဆောင်ခန့်ရန် ဆန္ဒပြသူများ တောင်းဆို Mizzima Burmese (၁၂ စက်တင်ဘာ ၂၀၂၅)။ ၁၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။