မာတိကာသို့ ခုန်သွားရန်

ဆုံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
ဆုံရွာကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု
မြန်မာပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) ၏ တစ်စိတ်တစ်ပိုင်း
ဆုံရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆုံရွာ
ဆုံရွာ
မြင်းခြံမြို့နယ်အတွင်း ဆုံရွာ တည်နေရာ
နေရာဆုံရွာမြင်းခြံမြို့နယ်မန္တလေးတိုင်းဒေသကြီး
ကိုဩဒိနိတ်21°44′12″N 95°28′07″E / 21.7366695404053°N 95.4686965942383°E / 21.7366695404053; 95.4686965942383ကိုဩဒိနိတ်: 21°44′12″N 95°28′07″E / 21.7366695404053°N 95.4686965942383°E / 21.7366695404053; 95.4686965942383
ရက်စွဲ၉ မေ ၂၀၂၄
နံနက်ပိုင်း
သေဆုံးသူဦးရေ၃၂ ဦး (အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး)
ဒဏ်ရာရဦးရေ
၁၄ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး)
ပြစ်မှုကျူးလွန်သူများPDF
  • PDF အဖွဲ့များက ကျေးရွာအတွင်းရှိ ပြည်သူ့စစ်စခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
  • တိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံပြည်သူ ၃၂ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။
  • ကျေးရွာရှိ နေအိမ် ၅၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများကို မန္တလေးမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရသည်။

ဆုံရွာကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု သည် ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးမြင်းခြံမြို့နယ်ဆုံရွာကျေးရွာ၌ ဖြစ်ပွားခဲ့သော ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ အဆိုပါဖြစ်စဉ်မှာ PDF အဖွဲ့များက ကျေးရွာအတွင်းရှိ ပြည်သူ့စစ်စခန်းအား သိမ်းပိုက်ရန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုနှင့် မီးရှို့ဖျက်ဆီးခံရမှုတို့ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၃၂ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကာ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဤဖြစ်ရပ်သည် ၂၀၂၄ ခုနှစ်အတွင်း မြင်းခြံမြို့နယ်၌ အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[][][][]

နောက်ခံနှင့်ဖြစ်စဉ်ဖြစ်ပွားခြင်း

[ပြင်ဆင်ရန်]

ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုသည် မြင်းခြံ-ဆီးမီးခုံကားလမ်းဘေး၊ ဆီးမီးခုံဆိပ်ကမ်းအရှေ့ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့် ဆုံရွာကျေးရွာအတွင်းမှ ပျူစောထီးစခန်းများကို ထိုးစစ်ဆင်ရာမှ အဆိုပါ ဖြစ်စဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ယင်းမတိုင်မီ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင်လည်း တော်လှန်ရေးအင်အားစုသည် ဆုံရွာကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ဖူးသည့် နောက်ခံရာဇဝင် ရှိခဲ့သည်။[] []

တိုက်ပွဲဖြစ်ပွားမှုနှင့် စခန်းသိမ်းပိုက်နိုင်မှု

၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ မြင်းခြံမြို့နယ်၊ ဆုံရွာရှိ ပျူစောထီးစခန်းကို မြင်းခြံခရိုင်တပ်ရင်း (၉) - MBT တပ်ဖွဲ့ ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ နံနက် ၈ နာရီခန့်တွင် ပျူစောထီးစခန်းအားလုံးကို အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၅ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက အတည်ပြုပြောကြားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်းရှိ သင်္ဘောပေါ်မှလည်းကောင်း၊ လမ်းဖြတ်များမှလည်းကောင်း ၆၀-မမ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ကူညီခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။[]အဆိုပါ ဆုံရွာစခန်းသိမ်းတိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း (၉) - MBT တပ်ဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း (၆)၊ တပ်ခွဲ (၁) - နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊Bright Star Group (LPDF)၊Myingyan District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team-2)၊ CDSOM၊မန္တလေးခရိုင်တပ်ရင်း (၅) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များ အစရှိသည့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။[]

အရပ်သားသေဆုံးမှုအပေါ် တုံ့ပြန်ချက်များ

ဆုံရွာဒေသခံများအား PDF များက သတ်ဖြတ်သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ငြင်းဆိုခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ တိုက်ပွဲအတွင်း ပိတ်မိနေသည့် သက်ကြီးရွယ်အိုများကို ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ချခိုင်းမှုကို ငြင်းဆန်ပြီး ထွက်ပြေးသည့် စခန်းတွင်းရှိ ပျူစောထီးများကိုသာ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။ ထို့ပြင် ရွာအတွင်းရှိ အရပ်သားများ သေဆုံးနေသည့် ဓာတ်ပုံများမှာ စစ်ကောင်စီလော်ဘီများ တင်မှသာ သိရှိရခြင်းဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ပုံရိပ်ကို ကျဆင်းစေရန် စစ်ကောင်စီဘက်က လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။[]

ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ

[ပြင်ဆင်ရန်]

တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း လက်နက်ကြီးကျည်များ ကျေးရွာအတွင်းရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံပြည်သူ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦးမှာ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။ ထို့ပြင် ၁၄ ဦး (အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၉ ဦး) တို့မှာလည်း ဗုံးစထိမှန်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သည်။ ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် ၅၀ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။[၁၀] [၁၁]

အပြန်အလှန် စွပ်စွဲချက်များနှင့် တုံ့ပြန်မှုများ

ဆုံရွာဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန် စွပ်စွဲချက်များ ရှိနေသည်။တပ်မတော် ဘက်က သေဆုံးသူများသည် အပြစ်မဲ့ အရပ်သားများဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များဘက်ကမူ ဆုံရွာသည် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး (ပြည်သူ့စစ်) အခြေစိုက်စခန်းဖြစ်ကြောင်း တုံ့ပြန်ရှင်းလင်းခဲ့သည်။PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနွေဦး (မြောင် CDSOM) က ဆုံရွာသည် ၂၀၂၃ ခုနှစ်ကတည်းက စစ်တပ်၏ စံပြရွာအဖြစ် သတ်မှတ်ခြင်းခံရကာ လက်နက်၊ ရိက္ခာနှင့် အခိုင်အမာ ဘန်ကာ၊ ကတုတ်ကျင်းများ တည်ဆောက်ထားသည့် ရွာဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် အဆိုပါရွာကို ဒေသခံများ ကြောက်ရွံ့နေရသည့်ရွာဖြစ်ကြောင်း နှင့် တိုက်ပွဲဖြစ်ပွားချိန်တွင်လည်း ၎င်းတို့ဘက်မှ စက်သေနတ်များအပါအဝင် လက်နက်မျိုးစုံဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲ ရှင်းလင်းခဲ့သည်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PVTV သတင်းဌာနတွင်လည်း အဆိုပါဖြစ်စဉ်အား ပျူစောထီးအခြေစိုက်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ [၁၂][၁၃]

၂၀၂၅ ခုနှစ် တိုက်ခိုက်မှု

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများက ထပ်မံတိုက်ခိုက်ခဲ့သည်။ Peacock Drone Team – Myaung အဖွဲ့က Fixed Wing Drone ၉ စီးကို အသုံးပြု၍ စစ်ကောင်စီတပ်သားများ နားနေသည့်နေရာများနှင့် Jammer စက် (လှိုင်းနှောင့်ယှက်စက်) တပ်ဆင်ထားသည့် နေရာများကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ၂၀၂၅ ခုနှစ် တိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။[၁၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. ရုပ်သံ၊ Danger | Kyaw Gyi in သတင်း | သတင်းတို |။ မြင်းခြံ၊ ဆုံရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ဒေသခံပြည်သူ ၃၄ ဦးသေဆုံး (ရုပ်/သံ) (in en)။ 5 September 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-03 တွင် ပြန်စစ်ပြီး။
  2. မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေ ဒေသခံပြည်သူ ၃၂ ဦး သေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  3. ရုပ်သံ၊ Danger | Kyaw Gyi in သတင်း | သတင်းတို |။ မြင်းခြံ၊ ဆုံရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ဒေသခံပြည်သူ ၃၄ ဦးသေဆုံး (ရုပ်/သံ) (in en)။ 5 September 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-03 တွင် ပြန်စစ်ပြီး။
  4. ဆုံရွာက ဒေသခံ ၃၀ ကျော် သေဆုံးမှု (in my) (2024-05-09)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  5. LuduNwayOo (2024-05-12)။ ဆုံရွာပျူစခန်းသိမ်းတိုက်ပွဲပြန် ရဲဘော်များအား ကြိုဆိုခဲ့သည့် ဒေသခံများကို စစ်အုပ်စုခြိမ်းခြောက်နေ (in my-MM)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  6. Burmese၊ R. F. A. (2024-05-09)။ မြင်းခြံမြို့နယ် ဆုံရွာတိုက်ပွဲ လူသုံးဆယ်ကျော်သေဆုံးမှု အပြန်အလှန်စွပ်စွဲ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  7. Agency၊ Yangon Khit Thit News (2024-05-09)။ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး (in en-US)။ 17 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-03 တွင် ပြန်စစ်ပြီး။
  8. ဆုံရွာတိုက်ပွဲတွင် ရွာသား ၃၅ ဦးထက်မနည်း သေဆုံးမှု အပြန်အလှန်စွပ်စွဲ (in en)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  9. LuduNwayOo (2024-05-10)။ ဆုံရွာပျူစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကိုင်ပျူများကိုသာ တိုက်ခိုက်ခဲ့ပြီး က​လေးငယ်နှင့် အမျိုးသမီးများကိုပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမရှိဟုတော်လှန်ရေးအင်အားစုများပြော (in my-MM)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  10. NP News 2026-05-03 တွင် ပြန်စစ်ပြီး။
  11. မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေဒေသခံပြည်သူ ၃၂ ဦး သေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ | Ministry Of Information (in en)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  12. မိုးဦး၊ အောင်နိုင် (2024-05-10)။ မြင်းခြံမြို့ ဆုံရွာတိုက်ပွဲတွင် ကလေးများ အပါအဝင် ၃၂ ဦး သေဆုံး (in en-US)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  13. Burmese၊ R. F. A. (2024-05-09)။ မြင်းခြံမြို့နယ် ဆုံရွာတိုက်ပွဲ လူသုံးဆယ်ကျော်သေဆုံးမှု အပြန်အလှန်စွပ်စွဲ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။
  14. Agency၊ Yangon Khit Thit News (2025-05-25)။ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး (in en-US)။ 10 February 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-03 တွင် ပြန်စစ်ပြီး။