ဆုမိရောရှိနန်းကွန်းနန်းရင်း
ပုံပန်းသွင်ပြင်
| ဆုမိရောရှိနတ်ကွန်းနန်းရင်း 住吉大社 | |
|---|---|
| အချက်အလက်များ | |
| တည်နေရာ | 9-89, Sumiyoshi 2-chome, Sumiyoshi-ku, Osaka, Osaka Prefecture 558-0045, Japan |
| ကိုဩဒိနိတ် | 34°36′46.07″N 135°29′34.59″E / 34.6127972°N 135.4929417°Eကိုဩဒိနိတ်: 34°36′46.07″N 135°29′34.59″E / 34.6127972°N 135.4929417°E |
| ဘာသာရေး နှီးနွယ်မှု | ရှင်တိုဘာသာ |
| နတ်ဘုရား | ဆုမိရောရှိနတ်သုံးပါး ဂျင်းဂူးဧကရီ |
| နိုင်ငံ | ဂျပန်နိုင်ငံ |
| ဝက်ဘ်ဆိုဒ် | sumiyoshitaisha.net |
| ဗိသုကာ | |
| ဗိသုကာ စတိုင် | ဆုမိရောရှိလက်ရာ |
| တည်ထောင်သူ | Tamomi no Sukune |
| စတင်သည့်နှစ် | 211 |
ဆုမိရောရှိနတ်ကွန်းနန်းရင်း (住吉大社) သည် ဂျပန်နိုင်ငံ၊ အိုဆာကာပြည်နယ်၊ အိုဆာကာမြို့၊ ဆုမိရောရှိရပ်ကွက် တွင် တည်ရှိသော ရှင်တိုနတ်ကွန်း တစ်ခုဖြစ်သည်။ ဂျပန် တစ်နိုင်ငံလုံးရှိ ဆုမိရောရှိနတ်ကွန်းများ၏ အချုပ် နန်းရင်းဖြစ်သည်။ နတ်ကွန်း၏ အမည်ကို အစွဲပြု၍ နတ်ကွန်း တည်ဆောက်ပုံဗိသုကာကိုလည်း ဆုမိရောရှိလက်ရာ ဟု ခေါ်ကြသည်။
အိုဆာကာသူ၊အိုဆာကာသားများက ဆုမိရောရှိစံ သိုမဟုတ် ဆုမိရော့စံ ဟုခေါ်ကြသော နတ်ကွန်းကြီးသည် နှစ်ဆန်းတစ်ရက်နေ့ လာရောက် ဂါရဝပြုသူများ ကြားတွင် နာမည်ကြီးလှသည်။ဆုမိရောရှိနတ်ကွန်းနန်းရင်းတွင် ဆုမိရောရှိနတ်သုံးပါး (Sokotsutsu no Ono-mikoto၊ Nakatsutsu no Ono-mikoto၊ နှင့် Uwatsutsu no Ono-mikoto) နှင့်အတူ ဂျင်းဂူးဧကရီ (Okinagatarashi-hime no Mikoto ) တို့ စံမြန်းကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဗိသုကာလက်ရာ
[ပြင်ဆင်ရန်]
- The Taiko bashi at Sumiyoshi-taisha
- Proper entrance to Sumiyoshi taisha
- Rear entrance to Sumiyoshi taisha
- Illustration of main shrine architecture
- One of Sumiyoshi Taisha's kaku-torii
