မာတိကာသို့ ခုန်သွားရန်

ဆုမိဒမြစ်

ဝီကီပီးဒီးယား မှ
ဆုမိဒမြစ်
တိုကျိုမြို့၊ အဒချိရပ်ကွက်ကို ဖြတ်သန်းစီးဆင်းနေသည့် ဆုမိဒမြစ်

ဆုမိဒမြစ် (隅田川, Sumida-gawa) သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်း ဖြစ်သည်။ ဤမြစ်သည် ခိတရပ်ကွက်ရှိ အိဝဘုချိ၌ အရခဝမြစ်မှ ခွဲထွက်စီးဆင်းလာပြီး တိုကျိုပင်လယ်အော်အတွင်း စီးဝင်သည်။ ဤမြစ်၏ မြစ်လက်တက်များမှာ ခန်းဒမြစ်နှင့် ရှခုဂျိအိမြစ်တို့ ဖြစ်သည်။

ဤမြစ်သည် တိုကျိုမြို့၏ ခိတရပ်ကွက်၊ အဒချိရပ်ကွက်၊ အရခဝရပ်ကွက်၊ ဆုမိဒရပ်ကွက်၊ တိုင်းတိုးရပ်ကွက်၊ ခိုးတိုးရပ်ကွက်နှင့် ချူးအိုးရပ်ကွက်များကို ဖြတ်သန်းစီးဆင်းသွားသည်။

ကိုးကား

[ပြင်ဆင်ရန်]