မာတိကာသို့ ခုန်သွားရန်

ဆီးရီးယားနိုင်ငံ၏ သမ္မတ

ဝီကီပီးဒီးယား မှ
ဆီးရီးယားအာရပ်သမ္မတနိုင်ငံ ၏

သမ္မတ


رئيس الجمهورية العربية السورية‎
နိုင်ငံတော်အမှတ်တံဆိပ်
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
အာမက် အယ်လ် ရှာရာ

၂၉ ဇန်နဝါရီ ၂၀၂၅ မှစ၍
ဆီးရီးယားအစိုးရအဖွဲ့
ပုံစံသမ္မတအုပ်ချုပ်သည့်နိုင်ငံ
အမျိုးအစားနိုင်ငံတော်အကြီးအကဲ
စံအိမ်သမ္မတအိမ်တော်
ဖွဲ့စည်းပုံ အခြေခံဥပဒေ၂၀၂၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ယခင်လူဘာရှာအယ်အာဆတ်
ဖွဲ့စည်းခြင်း၂၉ ဇွန် ၁၉၂၂
ပထမဆုံး ထမ်းဆောင်သူ
  • (ဆုဘ်ဟီ ဘေ ဘာရာကတ်)
    ပြင်သစ်ကိုလိုနီအုပ်ချုပ်မှုအောက်ရှိ
    အုပ်ချုပ်ရေးအရာရှိ
  • (ရှုကရီ အယ်လ်-ကွတ်ဝတ်လီ)
    လွတ်လပ်သော ဆီးရီးယား၏
    ပထမဦးဆုံး သမ္မတ

ဆီးရီးယားနိုင်ငံ၏ သမ္မတ သည် ဆီးရီးယားနိုင်ငံ၏ အကြီးအကဲနှင့် အစိုးရခေါင်းဆောင်ဖြစ်သည်။ သမ္မတသည် အစိုးရအဖွဲ့ကို တာဝန်ခံပြီ၊ ဆီးရီးယားစစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူသည်။ သမ္မတသည် နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံကို ကိုယ်စားပြုပြီး၊ နိုင်ငံခြားတိုင်းပြည်များနှင့် စာချုပ်များကို တရားဝင် ဆောင်ရွက်ပေးသည်။

နောက်ခံအကျဉ်းချုပ်

[ပြင်ဆင်ရန်]

ဆီးရီးယားနိုင်ငံသည် အာရှတိုက်ရှိ အလွန်ရှေးကျသော တိုင်းနိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ ရှေးဟောင်း ဆီးရီးယားနိုင်ငံသည် ဘီစီ ၁၄၇၁ ခုနှစ်တွင် အီဂျစ်နိုင်ငံ၏ လက်အောက်အပြင်၊ ဘေဘီလုံအင်ပါယာ၊ အဆီးရီးယားအင်ပါယာ၊ ပါရှားအင်ပါယာတို့၏ လက်အောက်ခံများအဖြစ် ကျရောက်ခဲ့ရသည်။[၁]

ဘီစီ ၆၄ ခုနှစ်အရောက်တွင် ရောမဘုရင် ပွန်ပီ၏ ရောမနိုင်ငံပိုင် ပြည်နယ်တစ်ခုအဖြစ် လည်းကောင်း၊ အေဒီ ၆၃၅ ခုနှစ်တွင် အာရပ်လူမျိုးများ၏ လက်အောက်ခံ၊၁၅၁၆ ခုနှစ်တွင် အော့တိုမန်တစ်ရက် လူမျိုးများ၏ လက်အောက်ခံ၊ ၁၇၈၉-၉၉ ခုနှစ်၌ ပြင်သစ်၊ဆက်၍ အီဂျစ်ဘုရင်ခံ၊၁၉၁၇ ခုနှစ်၌ တူရကီ စသည်ဖြင့် တိုင်းတစ်ပါးနိုင်ငံများ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။[၂]

၁၉၂ဝ ပြည့်နှစ်၌မူ ပြင်သစ်ဩဇာ လွှမ်းမိုးသောနယ် ဖြစ်လာခဲ့သည်။

၁၉၂၂ ခုနှစ်တွင် ပြင်သစ်အာဏာပိုင်များသည် ဆီးရီးယားနှင့် လက်ဘနွန် တို့အတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့်အောက်တွင် ဆီးရီးယားဖက်ဒရေးရှင်းကို ဖွဲ့စည်းခဲ့ပြီး ဆူဟီဘာရာကတ် သည် ဖက်ဒရေးရှင်း၏ သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည်။သမ္မတ ဟုသာ အမည်ခံခဲ့ရပြီး၊လုပ်ပိုင်ခွင့်အာဏာအားလုံးသည် ပြင်သစ်တို့တွင်သာရှိခဲ့သည်။ထိုဖက်ဒရေးရှင်းသည် တိုတောင်းခဲ့သည်။

၁၉၂၅ ခုနှစ်တွင် ဒမက်စကပ် နှင့် အလက်ဟူသော နယ်ကြီး နှစ်နယ်ပေါင်းစပ်၍ ဆီးရီးယားပြည်နယ်ဟု ခေါ်တွင်ခဲ့ကြပြီး၊ ၁၉၃ဝ ပြည့်နှစ်၌ ဆီးရီးယားသမ္မတနိုင်ငံကို တည်ထောင်ခဲ့ကြသည်။ လက်ဘနွန်သမ္မတနိုင်ငံကိုမူ ၁၉၂၆ ခုနှစ်တွင် တည်ထောင်သည်။သမ္မတနိုင်ငံဟုဆိုသော်လည်း ပြင်သစ်ဩဇာခံ နိုင်ငံ ဖြစ်သောကြောင့် ပြင်သစ်အစိုးရ၏ အာဏာစက်မှ မလွတ်ကင်းချေ။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄ဝ-၄၁ ခုနှစ်တွင် ပြင်သစ်ဗီရှီအစိုးရ၏ စစ်အုပ်ချုပ်ရေး လက်အောက်သို့ ကျရောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် ဗြိတိသျှနှင့် လွတ်လပ်သော ပြင်သစ်မဟာမိတ်တပ်များ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။

၁၉၄၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ဆီးရီးယားနိုင်ငံသည် လွတ်လပ်ရေးကို ကြေညာခဲ့သည်။ သို့သော် ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှသာ ပြင်သစ်အစိုးရက ဆီးရီးယားအစိုးရအား အာဏာလွဲပြောင်းပေးခဲ့သည်။ ၁၉၄၆ ခုနှစ် ဧပြီလတွင် နိုင်ငံခြားစစ်တပ်များအားလုံး ဆုတ်ခွာပေးပြီးနောက် ဆီးရီးယားနိုင်ငံသည် လုံးဝလွတ်လပ်သောဘဝသို့ ရောက်ခဲ့ရသည်။

နောက်နှစ်များတွင် ဆီးရီးယားသမ္မတရာထူးသည် အာဏာသိမ်းမှုအပါအဝင် ခေါင်းဆောင်ပိုင်းအပြောင်း အလဲများစွာဖြစ်ပေါ်ခဲ့သည်။

၁၉၅၈ ခုနှစ် လူထုဆန္ဒခံယူပွဲအပြီးတွင် ဆီးရီးယားသည် အာရပ်ပြည်ထောင်စုထဲ သို့ဝင်ရောက်ခဲ့သည်။၁၉၆၁၊၁၉၆၃၊၁၉၆၆ နှင့် ၁၉၇၀ တို့တွင် အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် ဟာဖစ်အာဆတ် အာဏာရလာခဲ့သည်။ အာဆတ်လက်ထက်တွင် ဆီးရီးယားသည် မျိုးရိုးလိုက်သော အာဏာရှင်စနစ် ဖြစ်လာခဲ့သည်။၂၀၀၀ပြည့်နှစ်တွင် သူကွယ်လွန်ပြီးနောက် သားဖြစ်သူ Bashar al-Assad သည် ရာထူး ဆက်ခံပြီး၊ ၂၀၂၄ ခုနှစ်တွင် ဖြုတ်ချခံရသည်အထိ အုပ်ချုပ်ခဲ့သည်။[၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Arrêtés Nos. 1, 2 & 3 - Bulletin hebdomadaire des actes administratifs du Haut-Commissariat (in fr)။ BnF Gallica (8 October 1922)။ 1 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2025 တွင် ပြန်စစ်ပြီး။
  2. ↑ Moubayed၊ Sami M. (2006)။ "Nami, Ahmad (1879-1960)"။ Steel & Silk: Men and Women Who Shaped Syria 1900-2000။ Cune Press။ p. 299။ ISBN 978-1-885942-40-1။
  3. ↑ "At protest, Tel Aviv mayor vows to shut down the country if the government ignores a High Court ruling" (in en-US)။