မာတိကာသို့ ခုန်သွားရန်

ဆိုရေးရှိက ဆိုအပ်လှ

ဝီကီပီးဒီးယား မှ

ဆိုရေးရှိက ဆိုအပ်လှ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ဆိုရေးရှိက ဆိုအပ်လှ ဆိုသည်မှာ ပြောသင့်ပြောထိုက်သော အကြောင်းအရာရှိပါက မည်သူ့ကိုမျှ မငဲ့ကွက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်သည်ဟု ဆိုလိုသည်။ ယဉ်ကျေးမှု၊ ရိုင်းပျမှု၊ နာလိုမှု၊ မနာလိုမှု စသည်တို့ကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ဘဲ အမှန်တရားကို ထုတ်ဖော်ပြောဆိုသင့်သည်ဟု အဓိပ္ပာယ်ရသည်။ ဤဆိုရိုးစကားသည် ရဲရဲဝံ့ဝံ့ ပြောဆိုခြင်း၊ မှန်ကန်မှုကို ထုတ်ဖော်ပြောဆိုခြင်း၏ အရေးပါမှုကို ဖော်ပြသည်။ မပြောသင့်သော စကားကို မပြောဆိုသင့်သကဲ့သို့ ပြောသင့်သော စကားကိုလည်း မပြောဘဲ မနေသင့်ကြောင်းကို သွယ်ဝိုက်၍ သွန်သင်ထားသည်။ ဆိုစများလျား၊ ထားပချေမိ ဟူ၍လည်း တွဲဖက်သုံးနှုန်းလေ့ရှိသည်။

အခြားအသုံးအနှုန်း

[ပြင်ဆင်ရန်]

ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့ ဟူ၍လည်း အသုံးပြုသည်။ ဤအသုံးအနှုန်းတွင် မိမိ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်အတွက် ပြောဆိုသင့်သည်ကို ပြောဆိုရမည်ဟု အလေးအနက်ထား ဖော်ပြထားသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ဘုရားလူ့ဘ၊ မုနိန္ဒလျက်၊ မိန်းမယောကျာ်း၊ လူ့စကားဖြင့်၊ မကြား စကောင်း၊ မဆိုတောင်းကို၊ အကြောင်းဆောင်သွေး၊ ဆိုတုံသေးရှင့်၊ ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့၊ []
  • ဆိုရေးရှိက၊ ဆိုအပ်လှ၊ ဆိုစများလျား၊ မထားကောင်းဘူးဆိုထင့်၊ []
  • ဆိုရေးရှိက ဆိုအပ်လှ ဟူသော စကားအတိုင်း အကြောင်းကြုံလျှင် မငဲ့မညှာ မိန့်ဆိုတော်မူပေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၈၅၆] ဘူပေါင်း ၆။ ကိုးကား အမှား - Invalid parameter "'bubaung6" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၁၄၆] ရာမ၊ ပ။ ၉။ ကိုးကား အမှား - Invalid parameter "'yamapa9" in <ref> tag. The supported parameters are: dir, follow, group, name.
  4. [၁၃၀၀] တိုးတက်ရေး၊ ၅၃။ ၉၇။ ကိုးကား အမှား - Invalid parameter "'toetetyay53-97" in <ref> tag. The supported parameters are: dir, follow, group, name.