စိမ့်၊ ဆရာ (ဆိုင်းဆရာ)

ဝီကီပီးဒီးယား မှ
(ဆိုင်းဆရာ ဆရာစိမ့် မှ ပြန်ညွှန်းထားသည်)
မန္တလေးက ဆိုင်းပညာရှင်ကြီး ဆရာစိမ့် (မြန်မာသက္ကရာဇ် ၁၂၃၄ - ၁၂၈၇)။

ဆိုင်းဆရာ ဆရာစိမ့်သည် စိန်ဗေဒါနှင့်အတူ ကျော်ကြားခဲ့သောမန္တလေးမှ ဆိုင်းပညာရှင်ကြီး ဖြစ်သည်။

ဆိုင်းဆရာ ဆရာစိမ့် (မြန်မာသက္ကရာဇ် ၁၂၃၄ - ၁၂၈၇)[ပြင်ဆင်ရန်]

- ၁၂၃၄ တွင် အဖ ဘုရင့် စိန်ဆိုင်းတော်တီး နေမျိုးကျော်စွာခေါင်ဘွဲ့ရ (မြန်မာ့ စွယ်စုံကျမ်းတွင် 'နေမျိုးကျော်ခေါင်ဘွဲ့' ဟုသာ ရေးသား) ဆရာ ဖေကြီးနဲ့ အမိ ဒေါ်သစ်တို့က မဟာမုနိ အရှေ့ရွာသစ်၌ မွေးဖွားခဲ့သည်။

- ရွာစားကြီး ဆရာဖေသည် သီပေါမင်း လက်ထက်တွင် သိုင်း အလံ ၄ ချက်၊ 'ဘွဲ့ဖြူ' စိန်ဆိုင်းဝိုင်း တစုံနှင့် ဆိုင်းဝိုင်းအတွင်း တပ်ဆင်ရန် ဖန်အိုး (ဖန်ပန်းတိုင်) များ ချီးမြှင့်ခြင်း ခံရသည့်။ 'နေမျိုးကျော်စွာခေါင်ဘွဲ့' (မြန်မာ့ စွယ်စုံကျမ်းတွင် 'နေမျိုးကျော်ခေါင်ဘွဲ့' ဟုသာ ရေးသား) ဖြင့် ပလိပ်မြို့ အနီးရှိ ဆီဆုံ ၁ဝ ရွာကို စားစေသည့် အပြင် မန္တလေးမြို့ရှိ (ယခု အမျိုးသားကျောင်းဝင်း တည်ရာ) မြေကွက်ကြီးတွင် နေထိုင်ခွင့် ပေးတော်မူသည်။ ယင်းသို့ ဆိုင်းဆရာ ဆရာဖေနှင့် တပည့်လက်သားတို့ နေထိုင်ခဲ့သည်ကို အစွဲပြု၍၊ ရှေးအခါကပင် ထိုနေရာကို 'ဆိုင်းဝင်း' ဟု ခေါ်ဝေါ်ကြသည်။

- ယဉ်ကျေး သိမ်မွေ့သော နှလုံးထားဖြင့် စိတ်ရှည်၍ ဇွဲကောင်းစာ ပညာကို လိုက်စားခဲ့သည်။ စာပေကို မြတ်နိုး၏။

- စောင်းအတတ်ကို ဣန္ဒာဒေဝနှင့် ဒေဝဣန္ဒာ မောင်မောင်ကြီးတို့ထံ၌ လည်းကောင်း၊ မိကျောင်းတီး အတတ်ကို ဆေးဆရာကြီး မိကျောင်းဝိဇ္ဇာ မောင်မောင်ကြီးထံ၌ လည်းကောင်း လေ့လာခဲ့သည်။

- ဆိုင်းတော်တို့၏ ထုံးတမ်းစဉ်လာ အရ၊ ပတ်စာတင်နည်းမှ စ၍ အစအဆုံး အဖထံတွင် လက်ပူးလက်ကြပ် သင်ယူခဲ့ခြင်းဖြင့် ဆိုင်းပညာကို ရခဲ့သည်။

- ဆရာ စိန်ဗေဒါနှင့် ဖအေတူ ညီအစ်ကိုရင်း ဖြစ်။

- ဆိုင်းဆရာ ဆရာစိမ့်သည် ဇာတ်မင်းသားကြီး ဦးဖိုးစိန်၊ ငွေနှဲကြီး ဦးဇေယျာတို့နှင့် နာမည်ကြီး ဇာတ်အဖွဲ့ကြီးကို တည်ထောင် ကပြခဲ့ကြသည်။

- ဇာတ်မင်းသားကြီး ဦးဖိုးစိန်၏ အစ်မ ဒေါ်စိန်မြိုင်နှင့် လက်ဆက်ခဲ့၍ ဆိုင်းဆရာကြီး ဦးဘမောင်ကို မွေးဖွားခဲ့။

- ဆရာစိမ့်သည် မြန်မာမင်းလက်ထက် ရှေ့တော်ပြေး အိုးစည်ဝိုင်း မိန်းမ အဆိုကျော် ဒေါ်တိုးနှင့်လည်း အကြောင်း ပါခဲ့သေးရာ၊ သမီး မမကြီးကို မွေးဖွားခဲ့သေးသည်။

- မြန်မာသက္ကရာဇ် ၁၂၈၇ တွင် မန္တလေးမြို့၌ပင် ကွယ်လွန်ခဲ့ရာ ရှေးအစဉ်အလာ အဆောင်အယောင် အတိုင်း နှုတ်ခမ်း၊ ရင်ပတ်နှင့် လက်နှစ်ဖက်တို့တွင် ရွှေချသည်။

ကိုးကား[ပြင်ဆင်ရန်]


  1. မြန်မာ့စွယ်စုံကျမ်း အတွဲ - ၄ (စောင်း - တူ)၊ အပိုင်း - က၊ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၊ စတုတ္တနှိပ်ခြင်း၊ ၁၉၇၅ ခုနှစ်၊ [For Ever Space က eBook အဖြစ် ဖြန့်ချိတဲ့ အွန်လိုင်း PDF စာအုပ်]၊ စာမျက်နှာ ၈၇ - ၈၈။
  2. မန္တလေး အဘိဓာန်၊ နေထွတ်၊ The Dream Crystals Publishing House၊ ၁၉၉၉။