မာတိကာသို့ ခုန်သွားရန်

ဆိုင်ပေါင်းနပ်

ဝီကီပီးဒီးယား မှ
ဆိုင်ပေါင်းနပ်
Tax Sai Pao Nap
ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂ ဧပြီ ၂၀၂၀ – ၁၀ ဩဂုတ် ၂၀၂၁
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၈ ဇန်နဝါရီ ၂၀၁၆
ယခင်လူပထမအကြိမ် အမျိုးသားလွှတ်တော်
ဆက်ခံသူဦးစိုင်းစံအောင် (USDP)
(၂၀၁၅ ရွေးကောက်ပွဲ)
မဲဆန္ဒနယ်ရှမ်းပြည်နယ် (မဲဆန္ဒနယ်အမှတ် ၁၂)
အနိုင်ရမဲ အရေအတွက်မဲ ၂၃,၅၄၂
(၉၃.၂၅ရာခိုင်နှုန်း)
ဝ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး
တာဝန်သက်တမ်း
၂ ဇွန် ၂၀၁၀ – ၂ ဧပြီ ၂၀၂၀
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1951-12-20)ဒီဇင်ဘာ ၂၀၊ ၁၉၅၁
မိုင်းမောမြို့၊ ရှမ်းပြည်နယ်
ကွယ်လွန်မတ် ၂၄၊ ၂၀၂၆(2026-03-24) (အသက် ၇၄)
လားရှိုးမြို့၊ ရှမ်းပြည်နယ်
နိုင်ငံရေးပါတီဝ အမျိုးသားပါတီ(၂၀၂၀-၂၀၂၁)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ဝ ဒီမိုကရက်တစ်ပါတီ (၂၀၁၀-၂၀၂၀)
ကြင်ဖော်ဒေါ်အစ်ဆိုက်
မိဘဦးညီနပ် (ခေါ်) ဦးတလမ်နပ် (ဖခင်)
ဒေါ်ယေနန်း (မိခင်)
ပညာရေးB.A., H.G.P, DIL, DIR, DBL
အလုပ်အကိုင်ရှေ့နေ၊ နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာခရစ်ယာန်ဘာသာ

ဦးဆိုင်ပေါင်းနပ် (၂၀ ဒီဇင်ဘာ ၁၉၅၁ – ၂၄ မတ် ၂၀၂၆) သည် မြန်မာနိုင်ငံသား ဝ နိုင်ငံရေးသမားနှင့် ရှေ့နေတစ်ဦး ဖြစ်သည်။ ၎င်းသည် ဝ အမျိုးသားပါတီ ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။ လွှတ်တော်သက်တမ်းအတွင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် နှင့် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။[၁]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဦးဆိုင်ပေါင်းနပ်ကို ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းမောမြို့၌ အဖ ဦးညီနပ် (ခေါ်) ဦးတလမ်နပ် နှင့် အမိ ဒေါ်ယေနန်းတို့မှ မွေးဖွားခဲ့သည်။ ၎င်းသည် မွေးချင်းမောင်နှမများအနက် အကြီးဆုံး ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မူလတန်းပညာကို စတင်သင်ကြားခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (B.A.) ရရှိခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာရပ်များ ဆက်လက်ဆည်းပူးခဲ့ကာ H.G.P (အထက်တန်းရှေ့နေ)၊ DIL (နိုင်ငံတကာဥပဒေဒီပလိုမာ)၊ DIR (နိုင်ငံတကာဆက်ဆံရေးဒီပလိုမာ) နှင့် DBL (စီးပွားရေးဥပဒေဒီပလိုမာ) ဘွဲ့များကို ရရှိခဲ့သည်။[၂]

နိုင်ငံရေးနှင့် လွှတ်တော်လုပ်ငန်းများ

[ပြင်ဆင်ရန်]

၎င်းသည် ၁၉၇၂ ခုနှစ်မှစ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ပါဝင်ခဲ့ပြီး ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံတွင် တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။[၃]

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက်[၄] အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီဝင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သည်။ ၎င်းသည် ပန်ဆန်း၊ မိုင်းလားနှင့် ကျိုင်းတုံမြို့များတွင် ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ တွင် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကိုယ်စားလှယ် ဦးစိုင်းစံအောင် ကို ရှုံးနိမ့်ခဲ့သည်။[၅]

၂၀၂၀ ပြည့်နှစ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ တွင် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကိုယ်စားလှယ် ဦးအိုက်နပ် ကို ရှုံးနိမ့်ခဲ့သည်။[၆]

ဝေဖန်ခံရမှုနှင့် နုတ်ထွက်ခြင်း

[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ မတိုင်မီ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂ ရက်နေ့ တွင် ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ နှင့် ဝလစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ ဝ အမျိုးသားပါတီ ကို စုစည်းတည်ထောင်ခဲ့ကြသည်။ ၎င်းသည် ပါတီ၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံခဲ့ရသည်။[၇]

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီအား ထောက်ခံသည့် နိုင်ငံရေးပါတီ ၂၈ ခု၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါတီဗဟိုကော်မတီ၏ သဘောထားမပါဘဲ လက်မှတ်ရေးထိုးခဲ့မှုကြောင့် ဝလူငယ်များနှင့် လူထု၏ ကန့်ကွက်မှုကို ခံခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဝ အမျိုးသားပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။[၈]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၎င်းသည် ဇနီးဖြစ်သူ ဒေါ်အစ်ဆိုက်နှင့်အတူ သားသမီး ၈ ဦး၊ မြေး ၁၃ ဦး ထွန်းကားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် လားရှိုးမြို့ရှိ နေအိမ်၌ အသက် ၇၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့တွင် လားရှိုးမြို့ ကြာကန်နှစ်ခြင်းခရစ်ယာန်သင်္ချိုင်း၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၆ ဧပြီ ၂၀၂၀)။ 25 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. ↑ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၅ ခုနှစ်)။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  3. ↑ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပုဒ်မအချို့ကိုသာ ပြင်ဆင်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြား။ Eleven Media Group (၂၉ မေ ၂၀၁၅)။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  4. ↑ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၇ နိုဝင်ဘာ ၂၀၁၀)။ 5 January 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  5. ↑ ရွေးကောက်ပွဲအငြင်းပွားမှုတွေ ဖြေရှင်းပြီးမှ လွှတ်တော်သစ်ခေါ်ဖို့ ရှမ်းနဲ့ကရင်ပါတီတချို့ တောင်းဆို။ RFA (၂၅ ဇန်နဝါရီ ၂၀၂၁)။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  6. ↑ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ရှမ်းပြည်နယ်) - ၂။ Eleven Media Group (၃၀ အောက်တိုဘာ ၂၀၂၀)။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  7. ↑ ဝေဖန်မှုကြောင့် နုတ်ထွက်သွားတဲ့ '၀' ပါတီ ဥက္ကဋ္ဌနေရာမှာ ယာယီဥက္ကဋ္ဌ ခန့်အပ်။ RFA (၂၅ ဩဂုတ် ၂၀၂၁)။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  8. ↑ “ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်။ သျှမ်းသံတော်ဆင့် (၁၄ ဩဂုတ် ၂၀၂၁)။ ၂၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။