ဆိုင်ကလုန်းကိုမင်

ဝီကီပီးဒီးယား မှ
ဆိုင်ကလုန်းကိုမင်
ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး)
အပူပိုင်း မုန်တိုင်း (JTWC စကေး)
Komen approaching the Bangladeshi coast on July 30
ဖြစ်ပေါ်ခြင်းJuly 26, 2015
ကွယ်ပျောက်ခြင်းAugust 2, 2015
အမြင့်ဆုံးလေတိုက်နှုန်း3-minute sustained: တစ်နာရီ ၇၅ ကီလိုမီတာနှုန်း (တစ်နာရီ ၄၅ မိုင်နှုန်း)
1-minute sustained: ၈၅ ကီလိုမီတာနှုန်း (တစ်နာရီ ၅၀ မိုင်နှုန်း)
အနိမ့်ဆုံး လေဖိအား၉၈၆ mbar (hPa)၊ ၂၉.၁၂ inHg
အသေအပျောက်187–280 (including unrelated flooding)
ပျက်စီးမှု$2 ဘီလီယံ (2015 USD)
သက်ရောက်သည့် ဧရိယာMyanmar, Bangladesh, India
2015 North Indian Ocean cyclone season ၏ အစိတ်အပိုင်း

ဆိုင်ကလုန်းကိုမင် သည် သမားရိုးကျမဟုတ်သည့် အပူပိုင်းမုန်တိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်ဘက်ပိုင်းကမ်းရိုးတန်းတွင် စတင်ခဲ့သည်။ နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိနေသည့် နိုင်ငံများကို တိုက်ခတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် မုန်တိုင်းရာသီတွင် တိုက်ခတ်ခဲ့သည့် ဒုတိယမြောက်အမည်ပေးခံရသည့် မုန်တိုင်းဖြစ်သည်။ မုန်တိုင်းကိုမင်ကြောင့် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် မိုးများသည်းထန်စွာ ရက်ရှည်ရွာသွန်းခဲ့သည်။ Ganges delta ပေါ်တွင် ဇူလိုင်လ ၂၆ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ၎င်းသည် စက်ဝိုင်းပုံစံ ရွေ့လျားမှုဖြင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပတ်လည်တွင် ရွေ့လျားနေခဲ့သည်။ ကိုမင်သည် လေတိုက်နှုန်း 75 km/h (တစ်နာရီလျှင် ၄၅ မိုင်နှုန်း) ဖြင့် ပိုမိုအင်းအားပြင်းထန်လာခဲ့သည်။ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်၏ အရှေ့တောင်ဘက်ပိုင်း ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ ကုန်းမြေပေါ်သို့ ရောက်သည့်အခါတွင် မုန်တိုင်းသည် အနောက်ဘက်သို့ လားရာပြောင်းသွားပြီး နောက်ဆုံးအနေဖြင့် အိန္ဒိယနိုင်ငံအရှေ့ဘက်ပိုင်းကို ဩဂုတ်လ ၂ ရက်နေ့၌ ဖြတ်သန်းတိုက်ခတ်ခဲ့သည်။

မုန်တိုင်းဖြတ်သွားရာတစ်လျှောက်တွင် ကိုမင်သည် မိုးရွာသွန်းမှုများ ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက် တွင် ရွာသွန်းခဲ့ကာ ပလက်ဝမြို့တွင် မိုးရေချိန်စုစုပေါင်းသည် ၈၄၀ မီလီမီတာ (၃၃ လက်မ) ရှိခဲ့သည်။ မိုးရွာသွန်းမှုသည် ရေနစ်မြုပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းသည် နိုင်ငံ၌ ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရေနစ်မြုပ်မှု ဖြစ်ခဲ့သည်။ လူပေါင်း ၁.၇ သန်းခန့်သည် နေရာပြောင်းရွှေ့ခဲ့ရသည်။ ရေများသည်လည်း အိမ်များ၏ ခေါင်မိုးများသို့တိုင် ရောက်ရှိခဲ့သည်။ နိုင်ငံရှိ အိမ်ပေါင်း ၅၁၀၀၀၀ လုံးခန့်သည် ပျက်စီးခဲ့ရသည်။ လယ်ကွင်းများသည်လည်း ၆၆၇၂၂၁ ဧက (၂၇၀၀၀၀ ဟက်တာ) ပျက်စီးခဲ့ရသည့်အတွက် ဒေသခံနေထိုင်သူများ၏ ဝင်ငွေများလည်း ပျောက်ဆုံးခဲ့ရသည်။ ရေကြီးမှုကြောင့် လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့ရပြီး ထိုအထဲမှ ၃၉ ဦးတို့သည် မုန်တိုင်းကိုမင်နှင့် တိုက်ရိုက်ဆက်စပ်ကာ သေဆုံးခဲ့ရသူများ ဖြစ်သည်။ အစိုးရသည် နိုင်ငံတကာအဖွံအစည်းများသို့ အကူအညီများ ရရှိနိုင်ရန် မေတ္တာရပ်ခံခဲ့သည်။ ဤမုန်တိုင်းသည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးသွားပါက နိုင်ငံတွင် အဆိုးရွားဆုံး မုန်တိုင်းတစ်ခု ဖြစ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင်လည်း မုန်တိုင်းကြောင့် ရေနစ်မြုပ်မှုသည် အိမ်ပေါင်း ၈၈၉၀၀ လုံးကို ပျက်စီးခဲ့သည်။ သီးနှံစိုက်လယ်ကွင်းများသည်လည်း တစ်ပတ်ကြာ ရေနစ်မြုပ်ခဲ့သည်။ ကိုမင်ကြောင့် လူပေါင်း ၄၅ ဦး သေဆုံးခဲ့ရသည်။ ထိုအထဲမှ လူအချို့သည် မုန်တိုင်းတိုက်ခတ်သဖြင့် နာမကျန်းဖြစ်ကာ သေဆုံးခဲ့ရသူများ ဖြစ်သည်။ နောက်ပိုင်းတွင် ရေနစ်မြုပ်မှုများသည် အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းတွင်ပါ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၃ ဦး သေဆုံး၍ အိမ်ပေါင်း ၄၇၆၀၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

မိုးလေဝသဆိုင်ရာသမိုင်း[ပြင်ဆင်ရန်]

ပြင်ဆင်မှုများ[ပြင်ဆင်ရန်]

ဩဂုတ်လ ၂ ရက်နေ့တွင် ဆိုင်ကလုန်းကိုမင် ကုန်းတွင်းသို့ ဝင်ရောက်လာပုံ

ဆိုင်ကလုန်းကိုမင် ဖြစ်လာသည့်အခါတွင် အိန္ဒိယနိုင်ငံမိုးလေဝသဌာနက အသိပေးချက်များ ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံအရှေ့တောင်ဘက်ပိုင်းတွင် အစိုးရအာဏာပိုင်များက ငါးဖမ်းသမားများအား အသိပေးချက်များနှင့် မိုးရွာသွန်းမှု အန္တရာယ်များကို သတိထားကြရန် ထုတ်ပြန်ခဲ့သည်။ မိုးသည် နေရာကျယ်ဝန်းစွာ ရွာသွန်းခဲ့သဖြင့် လူပေါင်း ၁.၂ သန်းသည် အိမ်များကို ရွှေ့ပြောင်းခဲ့ရပြီး လူထောင်စုပေါင်း ၂၁၄၃၀၆ ခုအတွက် ခိုလှုံရာနေရာ ၁၅၃၇ ခု ဆောက်လုပ်ပေးခဲ့သည်။ အနောက်ဘင်္ဂလား၏ ဝန်ကြီးဖြစ်သူ Mamata Banerjee သည် သူ၏ လန်ဒန်သို့ ထွက်ခွာမည့် ခရီးစဉ်ကို မုန်တိုင်းနှင့် ပတ်သက်၍ ပယ်ဖျက်ခဲ့သည်။[၁][၂][၃]

ဘင်္ဂလားဒေ့ရှ်အစိုးရသည် လူပေါင်း ၃၃၁၁၂၀ ဦးကို မုန်တိုင်းဒဏ်ခံအဆောက်အဦ ၇၆၆ ခုဆီသို့ ပြောင်းရွှေ့ခဲ့ရသည်။ အများစုပြောင်းရွှေ့ခဲ့ပေးရသည်မှာ ကော့ဘဇာခရိုင်၏ အနိမ့်ပိုင်းဒေသများမှ ဖြစ်သည်။[၄]

သက်ရောက်မှု[ပြင်ဆင်ရန်]

ရက်ပေါင်းများစွာကြာအောင် မုန်တိုင်းကိုမင်သည် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အနီးအနားရှိ ကမ်းရိုးတန်းဒေသများဖြစ်ကြသည့် မြန်မာနို်ငငံ အနောက်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအရှေ့ပို်ငး တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ အရှေ့တောင်ဘက်ခြမ်းသည် မိုးသန်းထန်စွာ ရွာသွန်းခဲ့ပြီး ပလက်ဝမြို့တွင် တောင်ထိပ်၌ မိုးရွာသွန်းမှုသည် ၈၄၀ မီလီမီတာ (၃၃ လက်မ) ရှိခဲ့သည်။ မြန်မာနိုင်ငံသည် ထိုကာလ ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် နေရာအချို့၌ စံချိန်တင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။[၅][၆]

ဘင်္ဂလားဒေ့ရှ်[ပြင်ဆင်ရန်]

ဘင်္ဂလားဒေ့ကုန်းမြေသို့ ဝင်ရောက်သည့်အခါတွင် မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် လှိုင်းလုံးများသည် ၁ မီတာမှ ၂ မီတာ (၃.၃ ပေ မှ ၆.၆ ပေ) အထိ ရှိခဲ့ကာ ၎င်းသည် စစ်တကောင်းမြို့ကို သက်ရောက်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများလည်း ဖြစ်ခဲ့သည်။[၆] Teknaf Upazila ရှိ ဌာနတစ်ခုက မှတ်တမ်းတင်ထားသည်မှာ လေတိုက်နှုန်းသည် ဇူလိုင်လ ၃၀ရက်နေ့တွင် 100 km/h (60 mph) ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ဘက်ပိုင်း စစ်တကောင်းတွင် မိုးသည် သုံးရက်ကျော်ရွာသွန်းခဲ့ကာ မိုးရေချိန်သည် ၈၀၀ မီလီမီတာကျော် (၃၁ လက်မ) ရှိခဲ့သည်။ ကော့ဘဇားတွင် ဆယ်ရက်ကျော်ရွာသွန်းခဲ့ကာ လူနှစ်ဦးသေဆုံးခဲ့သည်။[၇] ကော့ဘဇားရှိ မြေပြိုမှုဖြစ်စဉ်များတွင် လူေပါင်း ၅ ဦးသေဆုံးခဲ့ရသည်။ အခြားနှစ်ဦးသည်လည်း ရေလွှမ်းမှုကြောင့် မြို့တွင်ပင် သေဆုံးခဲ့ရသည်။ မုန်တိုင်းသည် ဘင်္ဂလားဒေ့တစ်နိုင်ငံလုံး၌ လူနေအိမ် ၈၈၉၀၀ လုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ၎င်းအထဲတွင် ငါးဖမ်းသမားများ၏ တဲများ ရာဂဏန်းခန့် ပါဝင်သည်။ နေအိမ်များပေါ်သို့ ပြိုကျသည့် သစ်ပင်များကြောင့် အနည်းဆုံးလူ ၃ ဦးသေဆုံးခဲ့သည်။ ရေလွှမ်းမှုကြောင့် အနည်းဆုံးတစ်ပတ်ကြာကာလအတွင်းတွင် သီးနှံစိုက်ပျိုးမြေ ၁၄၅၀၀၀ ဟက်တာ (၃၆၀၀၀၀ ဧက) ရေအောက်သို့ နစ်မြုပ်ခဲ့သည်။ ကိုမင်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် သေဆုံးခဲ့ရသူသည် ၄၅ ဦးရှိပြီး ကော့ဘဇားမှ ၂၁ ဦး၊ ဘန်ဒါဘန်ခရိုင်မှ ၇ ဦး ဖြစ်ကာ အချို့သည် မုန်တိုင်းတိုက်ခတ်သည့်အခါ ဖျားနာ၍ သေဆုံးခဲ့ရသူများ ဖြစ်သည်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် လူပေါင်း ၂၂၀၀၀၀ ဦးတို့သည် အကူအညီများလိုအပ်လျက်ရှိသည်။ အထူးသဖြင့် အစားအသောက်များ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ စစ်တောင်းမြို့တွင် ပျက်စီးခဲ့မှုသည် ৳၁.၄၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၁ ဘီလီယံ) ကျော်ခဲ့သည်။[၈][၉][၁၀]

အိန္ဒိယ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှုသည် မုန်တိုင်းသည် ကုန်းတွင်းသို့ ဝင်ရောက်ကာ အနောက်ဘက်သို့ ရွေ့လျားသည့်အခါတွင် အနောက်ဘင်္ဂလား၊ Harinkhola တွင် ၅၂၀ မီလီမီတာ (လက်မ ၂၀ ) ရှိခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကိုမင်၏ မိုးရွာသွန်းမှုသည် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။[၁၁] မိုးကြီးမှုကြောင့် မြစ်များနှင့် ဆည်များသည် ရေလျှံမှုများ ကြုံခဲ့ရသည်။ မဏိပူရပြည်နယ်တွင် မြေပြိုမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကာ လူပေါင်း ၂၀ ဦး ဆုံးပါးခဲ့သည်။[၁၂] မုန်တိုင်းသည် အနောက်ဘင်္ဂလားသို့ ဝင်ရောကသည့်အခါတွင် အိမ်မွေးတိရစ္ဆာန် ၁၀၀၈၈ ကောင်ကို သေဆုံးစေခဲ့ကာ အခြေချနေထိုင်သူ သန်းပေါင်းများစွာအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။ ကိုမင်သည် လူနေအိမ် ၃၆၈၂၃၈ လုံးကို ဖျက်ဆီးပစ်ခဲ့ကာ အခြားအဆောက်အဦ ၁၀၇၈၀၈ ခုကိုလည်း ပျက်စီးစေခဲ့သည်။ ရေလွှမ်းမှုသည် ဩရိဿပြည်နယ်အနီးရှိ National Highway 60 ၏ အစိတ်အပိုင်းတစ်ခုကို လွှမ်းခြုံသွားခဲ့သည်။ အိန္ဒိယအစိုးရသည် ကယ်ဆယ်ရေးလှေ အစီး ၁၂၁ စင်းကို အသုံးပြုကာ နေထိုင်သူများကို ကယ်ဆယ်ခဲ့ကြသည်။ အနောက်ဘင်္ဂလားတွင် စုစုပေါင်းပျက်စီးမှုသည် ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၆၇ မီလီယံ) ရှိခဲ့သည်။[၁၃][၁၄]

မြန်မာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၂၀၁၅ မြန်မာနိုင်ငံ ရေကြီးမှု

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတစ်လျှောက်တွင် မုန်တိုင်းကိုမင်သည် ရေလွှမ်းမှုများ ဖြစ်ပေါ်ပြီးနောက်တွင် နောက်ထပ်မိုးသည်းထန်ရွာရာသွန်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။[၁၅] မြန်မာနိုင်ငံအနောက်မြောက်ပိုင်းစွန်ဆုံးဖြစ်သည့် မောင်တောမြို့တွင် လေတိုက်နှုန်းသည် 124 km/h (77 mph) ရှိခဲ့ပြီး ထိုလေတိုက်နှုန်းသည် မုန်တိုင်းဖြစ်သန်းချိန်တွင် ဖြစ်သည်။ စစ်တွေမြို့အနီးတွင် လေတိုက်နှုန်းသည် 107 km/h (67 mph) ရှိခဲ့သည်။ ပြင်းထန်သည့်မိုးရွာသွန်းမှုကြောင့် မိုးရေချိန်သည် တစ်နာရီ ၅.၉ လက်မ (၁၅၀ မီလီမီတာ) ရှိခဲ့ပြီး ရေလွှမ်းမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်စေခဲ့သည်။ ချင်းပြီးနယ်အရှေ့မြောက်ဘက် တွန်းဇံမြို့တွင် မုန်တိုင်းကိုမင်သည် မြေပြိုမှုသုံးခုကို ဖြစ်ပွားစေခဲ့သည်။ ထိုမြေပြိုမှုထဲမှ တစ်ခုသည် တောင်စောင်းတစ်ခုသည် ၃၉၅ တန် အလေးချိန်ရှိသည့် မြေများကို အရှိန် 180 km/h (110 mph) နှုန်းဖြင့် ရွေ့လျားမှု ဖြစ်ပေါ်စေခဲ့သည်။ ထိုမြေပြိုမှုသည် အလျား ၅.၉ ကီလိုမီတာ (၃.၆ မိုင်) ရှိပြီး ၎င်းသည် ဆယ်စုနှစ်တစ်ခုအတွင်း၌ ငလျင်လှုပ်ခတ်ခြင်းကြောင့်မဟုတ်ဘဲ ကမ္ဘာပေါ်တွင် အကြီးဆုံး မြေပြိုမှုများထဲမှ တစ်ခုလည်း ဖြစ်ခဲ့သည်။ ထိုမြေပြိုမှုသည် ပုံမှန်ထက် လျင်မြန်စွာရွေ့လျားကာ ပြိုကျသွားခဲ့သည်။ [၁၆]မုန်တိုင်းကိုမင် ဖြတ်သန်းတိုက်ခတ်မှုများပြီးနောက်တွင် ဖြစ်ပေါ်ခဲ့သည့် ရေလွှမ်းမှုဒဏ်သည် မြန်မာနိုင်ငံအတွက် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးပါက အဆိုးရွားဆုံး ဖြစ်ခဲ့သည်။[၁၇] အစိုးရ၏ ပြောကြားချက်များအရ ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံးရေလွှမ်းမှု ဖြစ်ခဲ့သည်။[၁၈] လူပေါင်း ၁.၇ သန်းအတွက် ယာယီရွှေ့ပြောင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။[၁၉]

ရေများသည် အဆောက်အဦများ၏ ထိပ်ဖျားသို့ ရောက်ရှိခဲ့သည်။[၂၀] အခြေချနေထိုင်သူများသည် နေရာရွှေ့ပြောင်းခဲ့ရသည်။ ထိုဒေသသို့လည်း လှေ၊ ဟယ်လီကော်ပတာများဖြင့်သာ သွားလာရန် ကန့်သတ်ခဲ့သည်။[၂၀][၂၁] မုန်တိုင်းကိုမင်ကြောင့် အခြားသော လမ်းများနှင့် အိမ်များ ပျက်စီးခဲ့ရသည်။[၂၂] ရေကြီးမှုကြောင့် အထူးသဖြင့် ချိုင့်ဝှမ်းဒေသများတွင် လယ်ကွင်းများသည် ရွံ့နွံများ ဖုံးအုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လအဆုံးပိုင်းတွင် စိုက်ပျိုးလယ်မြေ ၁၄၀၀၀၀၀ ဧက (၅၇၀၀၀၀ ဟက်တာ) ကျော် သည် ရေနစ်မြုပ်ခဲ့ရသည်။ [၂၃]ထိုအထဲမှ ၆၆၇၂၂၁ ဧက (၂၇၀၀၀၀ ဟက်တာ) သည် သီးနှံပင်များစိုက်ပျိုးထားသည့် လယ်မြေများဖြစ်ကာ ထိုအထဲမှ အများစုသည် စပါးစိုက်မြေများ ဖြစ်ကြသည်။[၂၄][၂၅] ကြက်ပေါင်း ၂၃၆၀၀၀ ကောင်ခန့်သည် သေဆုံးခဲ့ရပြီး အခြားသော အိမ်မွေးတိရစ္ဆာန်များလည်း အနည်းငယ်သေဆုံးခဲ့ရသည်။ စစ်တွေမြို့တွင် ရေကြီးမှုနှင့် လေတိုက်မှုသည် ကယ်ဆယ်ရေးနေရာနှင့် ကမ့် ၆ ခုတို့သည် ပျက်စီးခဲ့ရသည်။ ထိုနေရာတွင် မုန်တိုင်းတိုက်နေစဉ်အတွင်း လူပေါင်း ၁၀၀၀၀၀ နေထိုင်လျက်ရှိသည်။ [၂၆][၂၇]ကလေးမြို့တွင် အစားအသောက်များ ပြတ်တောက်ခဲ့ရကာ လေကြောင်းမှတစ်ဆင့်သာ ရောက်ရှိခဲ့သည်။[၂၆][၂၈]

ကိုမင်ကြောင့် ရေလွှမ်းမှုသည် ရခိုင်ပြည်နယ်တွင် အဆိုးဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် ရေညစ်ညမ်းမှုများကို ဖြစ်စေခဲ့သည်။[၂၉] မြို့များအားလုံးသည် ကြီးမားစွာ ပျက်စီးခဲ့ရသည်။[၃၀] ဩဂုတ်လ ၄ ရက်နေ့တွင် ရေများစတင်ကာဆုတ်ယုတ်သွားသည့်အတွက် နေထိုင်သူများကို အိမ်သို့ပြန်ရန် ခွင့်ပြုခဲ့သည်။ [၃၁][၃၂] စက်တင်ဘာလ ၅ ရက်နေ့တွင် နေအိမ်ကို စွန့်ခွာခဲ့သည့်သူ အများစုသည် နေအိမ်သို့ ပြန်ခဲ့ကြသည်။[၁၉] ကချင်ပြည်နယ် Lailenpi တွင် လေပြင်းတိုက်ခတ်သည့်အတွက် စာသင်ကျောင်းတစ်ခုနှင့် ကျန်းမာရေးလုပ်သားများအတွက် ထားရှိသည့် လေ့ကျင့်ရေးစင်တာတစ်ခု ပျက်စီးခဲ့သည်။[၃၃][၆] မုန်တိုင်းကြောင့် ရေလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် ၄၉၀၀၀ နှင့် အခြားအဆောက်အဦ ၂၁၀၀၀ တို့သည် နစ်မြုပ်ခဲ့ရသည်။ [၃၄]ထို့အပြင် သေဆုံးသူဦးရေသည် ၁၃၂ ဦး ရှိခဲ့သည်။[၃၅] ထိုအထဲမှ အနည်းဆုံး ၅၅ ဦးသည် ရခိုင်ပြည်နယ်မှ ဖြစ်သည်။[၃၆] မုန်တိုင်းကိုမင်၏ တိုက်ရိုက်တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူသည် မြန်မာနိုင်ငံတွင် အနည်းဆုံး ၃၉ ဦး ရှိသည်။ [၃၇]မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စုစုပေါင်းတန်ကြေးသည် ကျပ် ၁.၉၄၂ ထရီလီယံ (အမေရိကန် ၁.၅၁ ဘီလီယံ) ရှိသည်။[၃၈]

ဖြစ်ပွားပြီးနောက်[ပြင်ဆင်ရန်]

ဇူလိုင်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အား ဘေးအန္တရာယ်ရှိသည့်ဒေသများအဖြစ် ကြေညာခဲ့သည်။[၂၆] ဩဂုတ်လ ၄ ရက်နေ့တွင် အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းအား အကူအညီအတွက် အသနားခံစာတင်ခဲ့သည်။ [၃၉] ထိုအတွက် ဩစတြေးလျအစိုးရက ဒေါ်လာ ၃ သန်း နှင့် အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက အမေရိကန်ဒေါ်လာ ၆၀၀၀၀၀ ကို ပေးပို့လှူဒါန်းခဲ့သည်။[၄၀][၄၁] အိမ်နီးချင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါ်လာ ၈၀၀၀၀၀ ဖိုး တန်ကြေးရှိသည့် ဆေးများ၊ ရေနှင့် အခြားအထောက်အကူပစ္စည်းများကို လှူဒါန်းခဲ့သည်။ အခြားသော နိုင်ငံများမှ လှူဒါန်းမှုများအနေဖြင့် အင်္ဂလန်နိုင်ငံက ဒေါ်လာ ၇၇၅၀၀၀၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၄၂၂၀၂၊ စင်္ကာပူကြက်ခြေနီအသင်း က ဒေါ်လာ ၁၀၀၀၀၀နှင့် တရုတ်နိုင်ငံက ဒေါ်လာ ၃၀၀၀၀၀ အစရှိသဖြင့် ကူညီခဲ့ကြသည်။[၄၂]

မြန်မာနိုင်ငံအစိုးရသည် ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်အတွက် ကိုမင်မုန်တိုင်းဖြစ်ပွားလာသည့်အခါတွင် တာဝန်ရှိသူများက သက်ရောက်ခဲ့သည့် နေရာများကို အစားအစာများ လျင်မြန်စွာပေးပို့နိုင်ရန် စီစဉ်ခဲ့သည်။[၂၀] ရခိုင်ပြည်နယ်ရှီ ရိုဟင်ဂျာလူမျိုးများကို ကူညီရန် သွားလာရခက်ခဲသည့် ကျေးရွာများသို့ လေယာဉ်ပေါ်မှ ပစ်ချကာ ထောက်ပံ့မှုများ ပြုခဲ့သည်။ အစိုးရသည် လယ်သမားများအား ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၁.၂ သန်း သတ်မှတ်ခဲ့ကာ စိုက်ပျိုးပျက်စီးသွားသည့် လယ်မြေများအတွက်လည်း မျိုးစေ့များ ပြန်လည်စိုက်ပျိုးရန် ပေးအပ်ခဲ့သည်။[၄၃] ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ပျက်စီးခဲ့သည့် လယ်မြေများ၏ ထက်ဝက်ခန့်ကို ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။ နေရာအများစုတွင် မြေယာများသည် အခြားသောသီးနှံများကို စိုက်ပျိုးရန် ကျန်ရှိနေသေးသည်။ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများသည် ကျပ် ၂.၀၆ ဘီလီယံကို လိုအပ်သည်များဝယ်ယူကာ လှူဒါန်းခဲ့သည်။ [၄၄] စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ အောင်ကိုဝင်းသည် အမေရိကန်ဒေါ်လာ ၃.၆ သန်း လှူဒါန်းခဲ့သည်။[၄၅] မြန်မာနိုင်ငံကြက်ခြေနီအသင်းသည်လည်း ရေလွှမ်းမှုကြောင့် ဖြစ်ပေါ်လာသည်များကို တုံ့ပြန်ကူညီရန်အတွက် အဆင်သင့်ဖြစ်နေခဲ့ကာ အခြားသော အကူအညီများနှင့် နေရာပြောင်းရွှေ့ရန် အကူအညီများကို ထောက်ပံ့ပေးခဲ့သည်။ International Federation of Red Cross and Red Crescent Societies သည် ဆန်များနှင့် စောင်များကို ထောက်ပံ့ကူညီပေးခဲ့ကြသည်။ [၂၈]လုပ်အားပေးသူများက ဖျာများ၊ ခြင်ထောင်များ၊ ဆေးဝါးအထောက်အပံ့များနှင့် ရွက်ဖျင်တဲများ စသည်တို့ကို လှူဒါန်းခဲ့သည်။ [၄၆]ကုလသမဂ္ဂ၏ အမျိုးမျိုးသော အဖွဲ့အစည်းများတို့သည်လည်း မုန်တိုင်းကိုမင်ကြောင့် အခြားခံစားခဲ့ရသည့် ဘေးရောင်စခန်းများရှိ သူများကို ကူညီမှုများ လုပ်ဆောင်ပေးခဲ့သည်။[၂၁] မုန်တိုင်းတိုက်သည့် တစ်လကြာကာလအတွင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ က လူ ၄၅၀၀၀၀ ဦးကျော်အတွက် အစားအစာများကို လှူဒါန်းခဲ့သည်။[၄၇] ရေလွှမ်းမှုများ ဖြစ်ပေါ်ပြီးနောက် ရက်သတ္တပတ်အကြာတွင် အစားအစာနှင့် ဆီဈေးများသည် မြင့်တက်ခဲ့သည်။[၄၈] ၂၀၁၅ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မြန်မာနိုင်ငံ၏ ဆန်ဆေးသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ နောက်ရာသီပေါ် စပါးများ ရိတ်သိမ်းသည့်အချိန် ရောက်သည့်အခါမှ ဆန်ဈေးသည် တဖြည်းဖြည်းချင်း ကျဆင်းခဲ့သည်။ အလုပ်အကိုင်မရှိသည့် လယ်လုပ်သားများကို ကူညီရန် ဘီနှင့် မီလင်ဒါဖောင်ဒေးရှင်း ( Bill & Melinda Gates Foundation) က ပျက်စီးသွားသည့် မုန်တိုင်းဒဏ်ခံ တာတာမံများကို ပြန်လည်တည်ဆောက်ရန်နှင့် သန့်ရှင်းသည့်ရေကို ရရှိရန်အတွက် ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ [၄၉]ကမ္ဘာ့ဘဏ်၊ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂတို့၏ စိစစ်ချက်အရ မုန်တိုင်းတိုက်ခိုက်မှုပြီးနောက် အိမ်များပျက်စီးခြင်း၊ အစားအသောက် မလောက်ငှခြင်းများနှင့် လများစွာအကူအညီလိုအပ်နေခြင်း စသည့်အကြောင်းများကြောင့် စိတ်ဖိစီးကာ အမျိုးသမီးများနှင့် ကလေးငယ်များသည် အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် သူများ ဖြစ်ခဲ့ကြသည်ဟု ဆိုကြသည်။[၅၀]

ကိုးကား[ပြင်ဆင်ရန်]

  1. Anindita Sanyal။ "Cyclone Komen Makes Landfall in Bangladesh. Bengal, Odisha Brace For Impact"၊ NDTV၊ July 31, 2015။ March 23, 2016 တွင် ပြန်စစ်ပြီး 
  2. "Heavy rains trigger floods in Gujarat, Rajasthan, West Bengal, Odisha; 81 dead"၊ August 2, 2015။ March 25, 2016 တွင် ပြန်စစ်ပြီး 
  3. "Myanmar admits 'weak' flood response as disaster spreads"၊ ReliefWeb၊ August 4, 2015။ March 14, 2016 တွင် ပြန်စစ်ပြီး 
  4. DMIC Situation Report on Cyclonic Storm (Komen) situation, Friday, July 31, 2015Government of Bangladesh (အစီရင်ခံစာ)။ ReliefWeb။ July 31, 2015။ April 5, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး February 29, 2016 တွင် ပြန်စစ်ပြီး
  5. FAO/WFP Crop and Food Security Assessment Mission to Myanmar (PDF)Food and Agriculture Organization (အစီရင်ခံစာ)။ ReliefWeb။ March 16, 2016။ April 5, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) March 22, 2016 တွင် ပြန်စစ်ပြီး
  6. ၆.၀ ၆.၁ ၆.၂ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named komen
  7. "Thousands evacuated as cyclone set to hit Bangladesh"၊ ReliefWeb၊ July 30, 2015။ February 29, 2016 တွင် ပြန်စစ်ပြီး 
  8. Bangladesh and Myanmar/Burma - Floods (ECHO, Government of Bangladesh, Government of Myanmar) (ECHO Daily Flash of 7 August 2015) (အစီရင်ခံစာ)။ ReliefWeb။ European Commission Humanitarian Aid Office။ August 7, 2015။ April 5, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  9. Asia and the Pacific: Weekly Regional Humanitarian Snapshot (18-24 August 2015)United Nations Office for the Coordination of Humanitarian Affairs (အစီရင်ခံစာ)။ ReliefWeb။ August 29, 2015။ April 5, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 21, 2016 တွင် ပြန်စစ်ပြီး
  10. Nur Uddin Alamgir။ "Rainfall causes severe damage to embankments in Ctg"၊ Daily Sun၊ August 22, 2015။ February 29, 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2021။ 
  11. "At least 180 dead, a million displaced in India floods"၊ ReliefWeb၊ August 4, 2015။ February 29, 2016 တွင် ပြန်စစ်ပြီး 
  12. Nick Wiltgen (August 5, 2015)။ Floods, Landslides in Myanmar, India and Other Asian Countries Leave At Least 493 Dead။ Weather.com။ April 19, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 5, 2016 တွင် ပြန်စစ်ပြီး။
  13. Tim Marcin (August 2, 2015)။ Floods In India Leave At Least 81 Dead Following Cyclone Komen: Report။ International Business Times။ April 4, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 23, 2016 တွင် ပြန်စစ်ပြီး။
  14. Joint Needs Assessment Report: West Bengal Floods 2015 (PDF)။ Sphere India (August 30, 2015)။ May 8, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 23, 2016 တွင် ပြန်စစ်ပြီး။
  15. Cyclone Komen weakens, heavy rainfall continues across MyanmarNew Light of Myanmar (အစီရင်ခံစာ)။ ReliefWeb။ July 31, 2015။ December 18, 2015 တွင် မူရင်းမှ မော်ကွန်းတင်ပြီး February 29, 2016 တွင် ပြန်စစ်ပြီး
  16. Adam Voiland (November 8, 2015)။ Satellite Spots Massive Tonzang Landslide။ NASA Earth Observatory။ May 31, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 22, 2016 တွင် ပြန်စစ်ပြီး။
  17. Myanmar floods: Families lose everythingCARE (အစီရင်ခံစာ)။ ReliefWeb။ August 17, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  18. Caritas provides aid to victims of worst floods in MyanmarCaritas (အစီရင်ခံစာ)။ ReliefWeb။ September 28, 2015။ January 7, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  19. ၁၉.၀ ၁၉.၁ Revised Flood Response Plan For Myanmar (August to December 2015) (အစီရင်ခံစာ)။ ReliefWeb။ United Nations Office for the Coordination of Humanitarian Affairs။ November 4, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 22, 2016 တွင် ပြန်စစ်ပြီး
  20. ၂၀.၀ ၂၀.၁ ၂၀.၂ "Hundreds dead, millions displaced as monsoon rains heap misery on Asia"၊ ReliefWeb၊ August 3, 2015။ February 29, 2016 တွင် ပြန်စစ်ပြီး 
  21. ၂၁.၀ ၂၁.၁ UNHCR assists flood victims in Myanmar's Rakhine and Kachin statesUnited Nations High Commission for Refugees (အစီရင်ခံစာ)။ ReliefWeb။ August 4, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 14, 2016 တွင် ပြန်စစ်ပြီး
  22. Humanitarian Implementation Plan (HIP) South East Asia and the Pacific (ECHO/-XA/BUD/2015/91000) Last update: 06/08/2015 Version: 2European Commission Humanitarian Aid Office (အစီရင်ခံစာ)။ ReliefWeb။ August 7, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  23. Emergency appeal operations update Myanmar: Floods (PDF) (အစီရင်ခံစာ)။ ReliefWeb။ International Red Cross and Red Crescent Movement။ August 29, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) March 21, 2016 တွင် ပြန်စစ်ပြီး
  24. Myanmar floods deal major blow to country's agricultureFood and Agriculture Organization (အစီရင်ခံစာ)။ ReliefWeb။ September 3, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 21, 2016 တွင် ပြန်စစ်ပြီး
  25. Asia Pacific Food Price and Policy Monitor, August 2015 - Issue 24Food and Agriculture Organization (အစီရင်ခံစာ)။ ReliefWeb။ August 31, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 21, 2016 တွင် ပြန်စစ်ပြီး
  26. ၂၆.၀ ၂၆.၁ ၂၆.၂ OCHA Flash Update No 1: Myanmar Floods Emergency, 01 August 2015United Nations Office for the Coordination of Humanitarian Affairs (အစီရင်ခံစာ)။ ReliefWeb။ August 1, 2015။ March 15, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး February 29, 2016 တွင် ပြန်စစ်ပြီး
  27. UNHCR assists flood victims in Myanmar's Rakhine and Kachin statesUnited Nations High Commissioner for Refugees (အစီရင်ခံစာ)။ ReliefWeb။ August 4, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး February 29, 2016 တွင် ပြန်စစ်ပြီး
  28. ၂၈.၀ ၂၈.၁ Myanmar floods: ICRC joins relief efforts in RakhineInternational Committee of the Red Cross (အစီရင်ခံစာ)။ ReliefWeb။ August 5, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 14, 2016 တွင် ပြန်စစ်ပြီး
  29. Kelly MacNamara။ "Myanmar villagers fight floods with just sand bags and hope"၊ ReliefWeb၊ August 6, 2015။ March 14, 2016 တွင် ပြန်စစ်ပြီး 
  30. IHH sends emergency aid to flood stricken Arakan (အစီရင်ခံစာ)။ ReliefWeb။ Internationale Humanitäre Hilfsorganisation e.V.။ August 10, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 21, 2016 တွင် ပြန်စစ်ပြီး
  31. Flood-hit Burma appeals for international aidDemocratic Voice of Burma (အစီရင်ခံစာ)။ ReliefWeb။ August 4, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး February 29, 2016 တွင် ပြန်စစ်ပြီး
  32. Red Cross responds to Myanmar flood emergency (အစီရင်ခံစာ)။ ReliefWeb။ Australian Red Cross။ August 4, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 14, 2016 တွင် ပြန်စစ်ပြီး
  33. Flooding Crisis in Burma (Myanmar): An urgent appeal from Dr SasaHART (အစီရင်ခံစာ)။ ReliefWeb။ August 6, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  34. Myanmar/Burma - Floods - ECHO Daily Map 11/9/2015 (အစီရင်ခံစာ)။ ReliefWeb။ European Commission Humanitarian Aid Office။ September 11, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 21, 2016 တွင် ပြန်စစ်ပြီး
  35. Update on Myanmar Flood Response - 15 November 2015 (အစီရင်ခံစာ)။ ReliefWeb။ International Committee of the Red Cross။ November 15, 2015။ March 24, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 22, 2016 တွင် ပြန်စစ်ပြီး
  36. At Least 55 Dead From Floods in Western Myanmar (အစီရင်ခံစာ)။ ReliefWeb။ Radio Free Asia။ August 6, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  37. Disasters in Asia and the Pacific: 2015 Year in Review (PDF) (အစီရင်ခံစာ)။ ReliefWeb။ United Nations Economic and Social Commission for Asia and the Pacific။ March 10, 2016။ April 8, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) March 22, 2016 တွင် ပြန်စစ်ပြီး
  38. Myanmar: Post-disaster needs assessment of floods and landslides July - September 2015 (PDF) (အစီရင်ခံစာ)။ World Bank။ Government of the Union of Myanmar။ November 2015March 15, 2016 တွင် ပြန်စစ်ပြီး
  39. Flood-hit Burma appeals for international aidDemocratic Voice of Burma (အစီရင်ခံစာ)။ ReliefWeb။ August 4, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 14, 2016 တွင် ပြန်စစ်ပြီး
  40. Additional humanitarian assistance to MyanmarGovernment of Australia (အစီရင်ခံစာ)။ ReliefWeb။ August 7, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  41. USAID announces humanitarian assistance for flood-affected people in BurmaUnited States Agency for International Development (အစီရင်ခံစာ)။ ReliefWeb။ August 6, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  42. Love thy neighbor: Bangladesh donates US$800,000 for flood effortMizzima News (အစီရင်ခံစာ)။ ReliefWeb။ August 7, 2015။ June 3, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  43. "Farm debt rises as Myanmar floodwaters recede"၊ ReliefWeb၊ August 19, 2015။ March 21, 2016 တွင် ပြန်စစ်ပြီး 
  44. President pledges livelihood assistance for Rakhine flood victimsNew Light of Myanmar (အစီရင်ခံစာ)။ ReliefWeb။ August 6, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  45. Aung Ko Win's KBZ Charity Tops $3.6m in Flood AidIrrawaddy (အစီရင်ခံစာ)။ ReliefWeb။ August 9, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  46. Myanmar: Recovery work begins to support flood-affected communitiesInternational Committee of the Red Cross (အစီရင်ခံစာ)။ ReliefWeb။ September 7, 2015။ October 8, 2020 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 14, 2016 တွင် ပြန်စစ်ပြီး
  47. What's Happening in Myanmar One Month OnwardWorld Food Programme (အစီရင်ခံစာ)။ ReliefWeb။ September 15, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 21, 2016 တွင် ပြန်စစ်ပြီး
  48. Prices of commodities shoot up in MaungdawKaladan Press Network (အစီရင်ခံစာ)။ ReliefWeb။ August 12, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 15, 2016 တွင် ပြန်စစ်ပြီး
  49. LIFT, and the Bill and Melinda Gates Foundation alleviate livelihood loss in Rakhine StateInternational Rescue Committee (အစီရင်ခံစာ)။ ReliefWeb။ October 13, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 21, 2016 တွင် ပြန်စစ်ပြီး
  50. Post-disaster assessment in Myanmar highlights disproportionate impact on womenUN Women (အစီရင်ခံစာ)။ ReliefWeb။ December 17, 2015။ April 25, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး March 22, 2016 တွင် ပြန်စစ်ပြီး