ဆိုက်ပါမီသလင်း

ဝီကီပီးဒီးယား မှ

" ဆိုက်ပါမီသလင်း - Cypermethrin "သည် စိုက်ပျိုးရေးတွင်အသုံးပြုနေသော ဆေးဂန္ဓမာအုပ်စုဝင် သီးနှံကာကွယ်ရေးသုံး ပိုးသတ်ဆေးတစ်မျိုးဖြစ်သည်။ လူတို့တီထွင်ဖန်တီးထုတ်လုပ်ထားသောပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး သီးနှံကာကွယ်ရေးသုံးအဖြစ်သာမက လူနေအိမ်များ၊ သိုလှောင်ရုံများ၊ ဟိုတယ်များ၊ မွေးမြူရေးခြံများ တွင်အသုံးပြုလျက်ရှိသည်။ ထိသေ၊ စားသေ ပိုးသတ်ဆေးအမျိုးအစားဖြစ်ပြီး ပိုးကောင်များ၊ သက်ရှိများ၏ အာရုံကြောစနစ်ကိုတိုက်ခိုက်ပျက်စီးစေသည်။ အပင်များ၊ မြေကြီးများထဲတွင်အလွယ်တစ်ကူဓာတ်ပြိုကွဲနိုင်သော်လည်း အမိုးအကာအောက်ရှိ နံရံများ၊ မြက်နှာပြင်များတွင် သီတင်းပါတ်ပေါင်းများစွာ တည်ရှိနေနိုင်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် ငမြ‌ောင်တောင်၊ ခူမွေးရှည်၊ ရွက်ဖောက်ကျိုင်း များကိုကာကွယ် နှိမ်နင်းရန်အသုံးပြုကြပြီး ခြင်၊ ပိုးဟတ်၊ ခြ၊ ပုရွက်ဆိတ်၊ ယင် တို့အတွက်လည်းအသုံးပြုကြသည်။ ကျွဲ၊ နွား၊ သိုး၊ ကြက်ငှက်အုပ်စုများတွင်ကျ ရောက်တတ်သော လှေး၊မွှား တို့အကိုနှိမ်နင်းရန်အတွက်လည်းအသုံးပြုကြသည်။

" ဆိုက်ပါမီသလင်း - Cypermethrin " သည်ရေနေသတ္တဝါများဖြစ်သော ငါး၊ပုဇွန်များအပြင်ပျားများအတွက်လည်းအဆိပ်သင့်မူပြင်းထန်ပါသည်။ ဆိုင်ပါမီသလင်းပါဝင်သော ဆေးဂန္ဓမာအုပ်စုတွင် နည်းပညာတိုးတက်ဖွံဖြိုးလာမူနှင့်အတူ အခြားသောအလားတူ ဆေးများမှာ - ( အယ်ဖာ-ဆိုက်ပါမီသလင်း၊ ဘီတာ-ဆိုက်ပါမီသလင်း၊ သီတာ-ဆိုက်ပါမီသလင်း၊ ဇီတာ-ဆိုက်ပါမီသလင်း၊ ဆိုင်ဟေလိုသရင်၊ လမ်ဒါ-ဆိုင်ဟေလိုသရင်၊ ဂမ်မာ-ဆိုက်ဟေလိုသရင်၊ ဆိုင်ဖူသရင်၊ ဘီတာ-ဆိုင်ဖူသရင်၊ ဆိုင်ကလိုပရိုသရင်၊ ဒယ်တာမီသရင်၊ အက်စ်ဖန်ဘယ်ဘာရိတ်၊ ဖန်ဘယ်လာရိတ်၊ပါမီသရင်၊ ပိုင်ရီသရင်၊ တက်ထရာမီသရင်၊ရက်စ်မီသရင်၊ဖီနိုသရင်၊.............) လည်းဆက်တိုက်ပေါ်ထွက်လာသည်။

လူတွင်အဆိပ်သင့်နိုင်မူ

" ဆိုက်ပါမီသလင်း - Cypermethrin " သည် လူနှင်ံ သွေးနွေးသတ္တဝါများတွင်အဆိပ်သင်ံမူမှာ အလယ်အလတ်အဆင့် ဖြင့်သိပ်မပြင်းထန်သော်လည်း အရေပြား၊ မျက်လုံးများမှအလွယ်တစ်ကူအဆိပ်သင့်စေနိုင်သည်။