ဆရာဉာဏ် (တေးရေးဆရာ)

ဝီကီပီးဒီးယား မှ

ဆရာဉာဏ်သည် မြန်မာသက္ကရာဇ် ၁၂၂၆ခုနှစ်(ခရစ်နှစ် ၁၈၆၄/၁၈၆၅)တွင် စစ်ကိုင်းခရိုင်၊ သင်းတွဲရွာ၌ ဖွားမြင်သည်။ အချုပ်တန်းဆရာဖေ၏ တပည့်ဖြစ်ပြီး အသက် ၂၅နှစ်အရွယ် ၁၉၀၀ပြည့်နှစ်တွင် ပြည်ကုန်းဘောင် သီချင်းကိုရေးစပ်ခဲ့ပြီး ရုပ်သေးစင်တော်မင်းသမီးကြီး အမေပု ခေါ် ဆရာပုမှ သီဆိုခဲ့သည်။ အင်္ဂလိပ်အစိုးရက သီချင်းစာသားများအတွက် စစ်ဆေးမေးခြင်းခံခဲ့ရသည်။ ဗြိတိသျှအစိုးရက စာသားများကို စိစစ်ကန့်သတ်ပြင်ဆင်ပြီးမှ သီဆိုခွင့်ပြုခဲ့သည်။ ၎င်းနောက် ပါတော်မူ စည်တော်သံ သီချင်းကိုရေးဖွဲ့ခဲ့သည်။ [၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့လွတ်လပ်ရေးနှင့် တေးဂီတ(မေမြို့မိုးကြည်)၁၉၇၈ (စာပေဗိမာန်)