ချယ်၊ ဆရာ
ဆရာချယ် | |
[[Image:|200px]] | |
{{{သက်တမ်း}}} | |
မွေးသက္ကရာဇ် | ၁၉၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် |
အမည်ရင်း | မောင်ချယ် |
မိဘအမည် | ဦးပု + ဒေါ်ဂွမ်းပုံ |
မွေးဖွားရာဒေသ | ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာ |
နိုင်ငံသား | {{{နိုင်ငံသား}}} |
လူမျိုး | {{{လူမျိုး}}} |
ကိုးကွယ်သည့်ဘာသာ | အစ္စလာမ် ဘာသာ |
ပညာအရည်အချင်း | |
အလုပ်အကိုင် | စာရေးဆရာ |
ကြင်ဖော် | {{{ကြင်ဖော်}}} |
သားသမီး | {{{သားသမီး}}} |
ထင်ပေါ်ကျော်ကြားမှု | |
ထင်ရှားသည့်လက်ရာများ | {{{ထင်ရှားသည့်လက်ရာများ}}} |
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}} |
ကွယ်လွန်ရက် | {{{ကွယ်လွန်ရက်}}} |
ကွယ်လွန်ရာဒေသ | {{{ကွယ်လွန်ရာဒေသ}}} |
လက်မှတ် | [[Image:{{{လက်မှတ်}}}|100px]] |
ကွန်ယက် |
ဆရာချယ်ကို အဘဦးပု၊ အမိဒေါ်ဂွမ်းပုံတို့က ၁၉၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာ၌ ဖွားမြင်သည်။ ဆရာချယ်သည် ၁၉၃၂ ခုနှစ်တွင် ရေဦးမြို့မူလတန်း ဆရာ ဖြစ်သင်တန်းကျောင်းမှ ဆရာဖြစ်စာမေးပွဲအောင်မြင်ပြီး ရွှေဘိုမြို့နယ် ကန်သာကုန်းကျေးရွာ ဆရာဦးညွန့်၏ကျောင်းတွင် လက်ထောက်ဆရာအဖြစ် တာဝန် ထမ်းဆောင်သည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား စုစည်းကာ တို့ဗမာအစည်းအရုံးနှင့် လက်တွဲလျက် အင်္ဂလိပ် နယ်ချဲ့ ဆန့်ကျင်ရေးကို ဆောင်ရွက်သည်။ ဖက်ဆစ်တိုက်ဖျက် ရေးကာလတွင် အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံးခွဲ၏ အစုအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ရင်း ဗိုလ်မှူးဗထူးဦးစီးသော ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ A.F.O ရွှေဘိုခရိုင်တွင် လူထုစည်းရုံးရေးမှူးနှင့် ထောက်လှမ်းရေးမှူးအဖြစ်ပါဝင်ဆောင်ရွက် သည်။ ဖ.ဆ.ပ.လ အဖွဲ့ချုပ်၏ရွှေဘိုခရိုင်ဖ.ဆ.ပ.လ အဖွဲ့တည်ထောင်ရာတွင်ပါဝင်သည်။ ရွှေဘိုခရိုင် ကျောင်းဆရာ များအဖွဲ့ချုပ်၊ ရွှေဘိုမြို့မကျောင်းဆရာများအသင်း၊ ရွှေဘိုခရိုင် တောင်သူလယ်သမား အစည်းအရုံးတို့ကို တည်ထောင်ဆောင် ရွက်သည်။ အလုပ်သမားအစည်းအရုံး များအဖွဲ့ချုပ် (ဗမာနိုင်ငံ) တွင် အတွင်းရေးမှူး တာဝန်အထိဆောင်ရွက်ခဲ့သည်။ ထို့ပြင်ဗမာ နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်ကွန်ဂရက် (ဗ.မ.က) စတင် တည်ထောင်ရာတွင် ပါဝင်ပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ခုနှစ်အထိ ဗ.မ.က ဌာနချုပ် ပြည်လုံးကျွတ်ညီလာခံများတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် နှစ်စဉ်တာဝန်ပေးအပ်ခြင်း ခံရသည်။ ဆရာချယ်သည် ဖ.ဆ.ပ.လ အစိုးရလက်ထက်၁၉၅၆ ခုနှစ်တွင် ရမည်းသင်းတောင်ပိုင်း လွှတ်တော်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံရသည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် ဗဟိုကုန်သွယ်ရေး၌ အဖွဲ့ဝင်အဖြစ် ၁ဝ နှစ်ခန့်ဆောင်ရွက်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ ရန်ကုန်တိုင်း ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပရေး ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက်သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက် ပွဲတွင်ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။ စတုတ္ထအကြိမ်ပြည်သူ့ လွှတ်တော်က ဆရာချယ်အားပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ဝင် အဖြစ်တာဝန် ပေးအပ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှူတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် အဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့ရာ ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။
ဆရာချယ်သည် စာရေးဆရာတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာ စစ်မဖြစ်မီက ‘‘ရွှေဉာဏ်ချယ် ” ကလောင် အမည်ဖြင့်ဝတ္ထုတိုများ ရေးသားသည်၊ ၁၉၃၉ ခုနှစ်တွင် ဗမာ မွတ်စလင်တို့၏ ရှေးဟောင်း အတ္ထုပ္ပတ္တိ စာအုပ်၊ စစ်ပြီးခေတ်တွင် တရုတ်ပြည်မှတိုင်းပြည်၏ အရှင်သခင်များ စာအုပ်၊ ၁၉၅၆ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သမားသမဂ္ဂ ဥပဒေဘာသာပြန်စာအုပ်၊ ၁၉၅၇ ခုနှစ်တွင် ကမ္ဘာ့အလုပ်သမားသမဂ္ဂ သမိုင်းစာအုပ်၊ ၁၉၉ဝ ပြည့်နှစ်တွင် တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးသို့ စာအုပ်တို့ကို ပုံနှိပ်ထုတ်ဝေသည်။
ဆရာချယ်သည် နိုင်ငံတော်ကပေးအပ်သည့်တာဝန်များ ကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်ကချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ကို ရရှိသည်။ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ရရှိသော ဆရာချယ်သည် ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ကွယ်လွန်သည်။ ဆရာချယ်အား ရန်ကုန်မြို့ ကန်တော်ကလေးရှိ မွတ်စလင် သင်္ချိုင်းတွင် မြှုပ်နှံထားသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း စီဒီရွမ်