ဆယ်ဇင်းရွာ၊ ဖားကန့်မြို့နယ်

ဝီကီပီးဒီးယား မှ
ဆယ်ဇင်း
ရွာ
ဆယ်ဇင်းရွာ
ဆယ်ဇင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆယ်ဇင်း
ဆယ်ဇင်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 25°19′45″N 95°58′01″E / 25.3292694091797°N 95.9670333862305°E / 25.3292694091797; 95.9670333862305ကိုဩဒိနိတ်: 25°19′45″N 95°58′01″E / 25.3292694091797°N 95.9670333862305°E / 25.3292694091797; 95.9670333862305
နိုင်ငံ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်မိုးညှင်းခရိုင်
မြို့နယ်ဖားကန့်မြို့နယ်
ကျေးရွာအုပ်စုဟောင်ပါး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဆယ်ဇင်းရွာ(အင်္ဂလိပ်: Sezin)သည် ကချင်ပြည်နယ်မိုးညှင်းခရိုင်ဖားကန့်မြို့နယ်ဟောင်ပါးကျေးရွာအုပ်စု၌ တည်ရှိသည်။ ဆယ်ဇင်းကျေးရွာသည် ကချင်ပြည်နယ်ထဲ ပါဝင်သော်လည်း ကချင်တိုင်းရင်းသားမရှိသလောက်ရှားသည်။ ဆယ်ဇင်းကျေးရွာတွင် အမှန်တစ်ကယ်နေထိုင်သူများမှာ ရှမ်းနီတိုင်းရင်းသားများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတစ်လျှောက်မှ တိုင်းလျန်လူမျိုးများ၊ ဗမာတိုင်းရင်းသားများ၊ရှမ်းဗမာသွေးနှောကပြားများသာအဓိကနေထိုင်သည်၊၊ဆယ်ဇင်းရွာနေရာကုတ်မှာ ၁၆၆၈၀၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟောင်ပါးကျေးရွာအုပ်စုတွင် ကျား ၃၀၉၉၄ ဦး၊ မ ၂၁၄၂၁ ဦး၊ လူဦးရေစုစုပေါင်း ၅၂၄၁၅ ဦး နေထိုင်သည်။ [၁]

၂၀၂၂ ဖြစ်ရပ်[ပြင်ဆင်ရန်]

အိမ်ခြေ ၇၀၀ ခန့်ရှိသည့် ဆယ်ဇင်းရွာကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်ပူးပေါင်းတပ်ဖွဲ့များတစ်ဘက်နှင့် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကတစ်ဘက် နိုင်ငံရေးပဋိပက္ခများကြောင့် ကျေးရွာပျက်စီးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။