မာတိကာသို့ ခုန်သွားရန်

ဆင်းမလားမြို့

ဝီကီပီးဒီးယား မှ

ဆင်းမလားမြို့

[ပြင်ဆင်ရန်]

ဆင်းမလားမြို့ (Simla)သည် အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းစွန်းစွန်း ကမ္ဘာ့အမြင့်ဆုံးတောင်တန်း‌များ၊ ဟိမဝန္တာနှင့် ထိစပ်နေသော နေရာတွင် တည်ရှိသည်။ ထိုမြို့ကို မြန်မာများအတော်အတန်သိကြလိမ့်မည်။ ဆင်းမလားမြို့၊ စစ်ပြေးဘုရင်ခံ ဆာ ဒေါ်မန်စမစ်၊ ဆင်းမလား စီမံကိန်း(ဝါ) စက္ကူဖြူစာတမ်း စသည်တို့မှာ သင်ကြားခဲ့ရဖူးကြသည်။


ဂျပန်ဝင်လာသောအခါ ဗြိတိသျှအစိုးရသည် ရန်ကုန် ပြည် လမ်းမကြီးမှ တစ်ဆင့် ရခိုင်၊ ချင်း တောင်တန်းများကိုဖြတ်ကာ အိန္ဒိယပြည်အထိ ဆုတ်ခွာခဲ့ရသည်။ ဆင်းမလားမြို့တွင် အခြေစိုက်သည်။ ဗြိတိသျှဘားမား၏ အစိုးရအရာရှိများ အခြေစိုက်သောကြောင့် ဆင်းမလားမြို့ကို ဗြိတိသျှဘားမား၏ မြို့တော်အဖြစ် ၁၉၄၂ မှ ၁၉၄၅ အထိ သက်မှက်ခဲ့ကြသေးသည်။


စစ်ပြေး ဗြိတိသျှအစိုးရနှင့် အတူ မြန်မာလူမျိုးအရာရှိကြီးများလဲပါဝင်ခဲ့သည်။ ထင်ရှားသူများမှာ နန်းရင်ဝန် ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော်၊ အိုင်စီအက် ဦးတင်ထွဋ် တို့ဖြစ်ကြသည်။ ဦးတင်ထွဋ် သည် စစ်ပြီးခေတ် ဖဆပလအစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်‌တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၁၉၄၈ စက်တင်ဘာ ၁၇ ရက်နေ့တွင်လုပ်ကြံခံခဲ့ရသည်။

ဆာဒေါ်မန်စမစ်နှင့် သူ၏ အဝေးရောက် အစိုးရသည် ဆင်းမလားမြို့တွင် ရှိခဲ့စဉ်က မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်မိပါက မည်သို့မည်ပုံ အုပ်ချုပ်မည်ကို စီမံချက်များ ပရောဂျက်များ ရေးဆွဲခဲ့သည်။ ဆင်းမလားမြို့တွင် ရေးဆွဲခဲ့သော ကြောင့် ဆင်းမလားစီမံကိန်း ဟု အမည်တွင်ခြင်း ဖြစ်လေသည်။ ဗြိတိသျှ ပါလီမန်က စက္ကူဖြူစာတမ်း ( White Paper ) အနေဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သောကြောင့် ဆင်းမလား စီမံကိန်းကို စက္ကူဖြူစာတမ်းဟူ၍လည်း ခေါ်ဆိုကြလေသည်။

ဆင်မလားမြို့၏အလှကို ဆရာသိန်းဖေမြင့် က- " ‌ဆင်းမလားမြို့သည် အလှဆုံးသောမြို့တစ်မြို့ဖြစ်သည်။ ဆင်းမလားမှာ ဖုန်မရှိ၊ ရွံ့မရှိ အဖက်ဖက်တွင် လှိုင်းလုံးကြီးများထနေသကဲ့သို့‌သော တောင်လုံးကြီးများတည်ရှိနေသည်။ မိုးသာတိမ်လိပ်များသည် ဂွမ်းဆိုင်ကြီးများ လိမ့်၍လိမ့်၍လာသလို မျက်နှာတူရူမှ လိမ့်၍လာတက်သည်။ တိမ်လိပ်တိမ်ဆိုင်များဖြတ်ကျော်ပြီးသွားသောအခါ ပတ်ဝန်းကျင်တစ်ခုလုံးရွှဲရွှဲစိုကျန်ရစ်တော့သည်။ ရွဲရွဲစိုသည့်ပတ်ဝန်းကျင်အားနေခြည်ကပတ်ဖြန်းလိုက်သည်။ ပန်းပင် သစ်ပင်များတွင် စိန်ကလေးများတွဲလဲခိုပြီးတောက်ပနေကြသည်။ အိမ်ဝင်းနှင့် ဥယျာဉ်များတွင်လဲ ပန်းအမျိုးမျိုး၊ ရွက်လှအမျိုးမျိုး၊ ပွင့်ချပ် ပွင့်လွှာဟန်အမျိုးမျိုးဖြင့် တင့်တယ်လှပေသည်။ အဆင်း‌အရာင်စုံလင်လှပေသည်။ ကျွန်တော်တို့ကား အိန္ဒိယပြည်သားများမဟုတ်ကြသော်လည်း ဟိမဝန္တာ၏ အရိပ်အာဝါသအောက်တွင်ကြီးပြင်းကြသည်ဟုဆိုနိုင်၏"ဟု သူ၏ စစ်အတွင်းခရီးသည်စာအုပ်တွင်ရေးသားထားသည်။


ဆင်းမလားမြို့သည် မြန်မာပြည်၏ မေမြို့ကဲ့သို့ ‌ဗြိတိသျှအရာရှိကြီးများအိမ်တော်အများအပြားရှိပြီ နွေရာသီမြို့တော်လည်းဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
    • - စစ်အတွင်းခရီးသည်။