ဆင်းဒဟက် စစ်တက္ကသိုလ်
Royal Military Academy Sandhurst | |
တက္ကသိုလ်ကျောင်းဆောင်သစ်ပုံ | |
| ဆောင်ပုဒ် | "Serve to lead" |
|---|---|
| ကျောင်းအုပ်ကြီး | ဗိုလ်ချုပ် နစ်ကောင်းလီ |
| နည်းပြအရာရှိချုပ် | ဗိုလ်မှူးချုပ် နစ်ဝိတ်-ဘွိုင်ကော့တ် |
| အမျိုးအစား | စစ်တက္ကသိုလ် |
| တည်ထောင် | ၁၉၄၇ (ဝူးဝစ်ရှ် စစ်တက္ကသိုလ် (၁၇၄၁ ခုနှစ်တည်ထောင်) နှင့် ဆင်းဒဟက် စစ်ကောလိပ် (၁၈၀၁ ခုနှစ်တည်ထောင်) တို့ကို ပေါင်းစည်း၍) |
မိခင်အဖွဲ့အစည်း | ကြည်းတပ် အခြေခံလေ့ကျင့်ရေး စစ်ဌာနချုပ် |
| နှီးနွယ်အဖွဲ့အစည်း | |
| တည်နေရာ | , 51°20′25″N 00°46′07″W / 51.34028°N 0.76861°Wကိုဩဒိနိတ်: 51°20′25″N 00°46′07″W / 51.34028°N 0.76861°W |
| စစ်ချီသီချင်း |
|
| အထိမ်းအမှတ် အရောင် | အနီ၊ အဝါ နှင့် အပြာ |
| ဝဘ်ဆိုဒ် | army.mod.uk/who-we-are/our-schools-and-colleges/rma-sandhurst/ |
![]() | |
ဆင်းဒဟက် တော်ဝင်စစ်တက္ကသိုလ် (သို့) ဆင်းဒဟက် ဘုရင့်စစ်တက္ကသိုလ် (ခေါ်) ဆင်းဒဟက် စစ်တက္ကသိုလ် (အင်္ဂလိပ်: Royal Military Academy Sandhurst (RMAS)) သည် ယူနိုက်တက် ကင်းဒမ်းရှိ စစ်ဘက်ဆိုင်ရာ အကယ်ဒမီကျောင်းများ (စစ်တက္ကသိုလ်များ) ထဲမှ တစ်ခုဖြစ်ပြီး ဗြိတိသျှ ကြည်းတပ်၌ တာဝန်ထမ်းဆောင်မည့် ပြန်တမ်းဝင်အရာရှိများကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျှက်ရှိသည်။ ၎င်းသည် ဘာ့ခ်ရှိုင်းယား နယ်၊ ဆင်းဒဟက် အရပ်တွင်တည်ရှိပြီး ၎င်း၏ မင်္ဂလာဂိတ်တံခါးပေါက်သည် လန်ဒန် အနောက်တောင်ဘက်ရှိ ကမ်ဘာလေ၊ ဆာရေး အရပ်တွင်တည်ရှိသည်။ ဗြိတိသျှ ကြည်းတပ်၏ ပြန်တမ်းဝင်အရာရှိအားလုံး (ယခင် ပြန်တမ်းဝင်–မဟုတ်သော အရာရှိအဖြစ်မှ ဗိုလ်သင်တန်းတက်ရောက်အောင်မြင်၍ ပြန်တမ်းဝင်အရာရှိဖြစ်လာသူများ အပါအဝင်) သည် ဤကျောင်းမှဆင်းသည့် ကျောင်းဆင်းအရာရှိများသာဖြစ်၏။ ဤကျောင်းတွင် သမရိုးကျ ဗိုလ်လောင်းသင်တန်းများသာမက ဘွဲ့ရဗိုလ်လောင်းသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးသည်။ ဆင်းဒဟက် စစ်တက္ကသိုလ်အပါအဝင် ဦးစီးအရာရှိလေ့ကျင့်ရေးဌာနချုပ် နှင့် စစ်ဘက်ခေါင်းဆောင်မှုလေ့ကျင့်ရေးဌာနချုပ်တို့ကို ပေါင်းစည်း၍ ဆင်းဒဟက် စစ်တက္ကသိုလ်များအဖွဲ့ ဟူသော အမည်ဖြင့် ပြည်ထဲရေးစစ်ဌာနချုပ်အောက်တွင် ထည့်သွင်းဖွဲ့စည်းထားသည်။[၁][၂][၃]
ဆင်းဒဟက် စစ်တက္ကသိုလ်သည် ဗြိတိသျှ ကြည်းတပ်အတွက် ဗြိတိန်ရေကြောင်းစစ်တက္ကသိုလ် နှင့် ကရမ်ဝဲလ် လေကြောင်းစစ်တက္ကသိုလ်တို့နှင့် အဆင့်အတန်းခြင်း တူညီသော စစ်တက္ကသိုလ်အဖြစ် မှတ်ယူနိုင်သည်။


ကိုးကား
[ပြင်ဆင်ရန်]- ↑ "Covid-19: Sandhurst military cadets rapped over 'mass outbreak'" (in en-GB)၊ BBC News၊ 2021-02-03။
- ↑ British Army (2020-08-14)။ Brigadier Carr-Smith | Commander Sandhurst Group | British Army။ 2025-02-11 တွင် ပြန်စစ်ပြီး – via YouTube။
- ↑ Future Soldier။
