ဆင်အိပ်ရာ ဆိတ်နှိုး

ဝီကီပီးဒီးယား မှ

ဆင်အိပ်ရာ ဆိတ်နှိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

သူ့ဘာသာ အိပ်ပျော်နေသော ဆင်ကို ဆိတ်က သွားနှိုးသကဲ့သို့ သူ့ဘာသာငြိမ်နေသည့် ကိစ္စကို ပြဿနာပေါ်အောင် အစဖော်သည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ခင်၏ ရှေ့တွင် ဆင်အိပ်ရာ ဆိတ်နှိုးသလို ယခင်က အကျိုးအကြောင်းများ ရှိသည်ကို သတိရကာ စဉ်းစားတွေးတောလာစေမည့် စကားအစွန်းအစ အရိပ်နိမိတ်ကိုမျှ မပြောကြားစေရန် ပိတ်ပင်ထားလျက်..." [၁၂၉၃] ဒဂုန်၊ ၁၂၊ ၁၃၅။ ၂၃။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၅။