ဆင်ဖြူတော်မှီ ကြံစုပ်

ဝီကီပီးဒီးယား မှ

ဆင်ဖြူတော်မှီ ကြံစုပ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆင်ဖြူတော်အတွက် ဆက်သသော ကြံကို ဆင်ထိန်းက ကပ်မြှောင်၍ စုပ်သကဲ့သို့ အရှိန်အဝါရှိသူကို မှီ၍ အခွင့်အရေးယူသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သူက သူဌေးသား၊ သူတို့ဆီမှာ ကားတွေကိုပြည့်လို့... အဲဒီက ဘုရားဖူးသွားရင် ကျွန်မတို့လည်း ဆင်ဖြူတော်မှီ ကြံစုပ်ရတာပေါ့ရှင်။" [၁၃၃၅] မင်းအောင်။ ၂၀၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၈။